What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 September 2020 16:05

စင်ကာပူက တို့ဖတ်နမူနာယူစက်ရုပ်

စင်ကာပူက တို့ဖတ်နမူနာယူစက်ရုပ် MRTV
မြန်လည်းမြန် နာကျင်စေမှုလည်းနည်းမဲ့ ကိုဗစ်စမ်းသပ်မှုတစ်ခုပါ။
 
တို့ဖတ်နမူနာယူပေးမဲ့ ဒီစက်ရုပ်ကိုတော့ စင်ကာပူဆေးဝါးနဲ့ အင်ဂျင်နီယာအဖွဲ့က တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။ SwabBot လို့ အမည်ပေးထားပြီး အစမ်းသပ်ခံမည့်သူဟာ စက်ရုပ်ပေါ်ကို မေးစေ့လေး တင်ပေးလိုက်ရုံပါပဲ။
 
 တို့ဖတ်နမူနာကိုတော့ ၁၀ စင်တီမီတာ အကွာအဝေးထိ ထည့်သွင်းပြီးယူမှာပါ။ နမူနာကောက်မှာမို့ တို့ဖတ်ကစက္ကန့်အနည်းငယ်လောက်တော့ နှာခေါင်းအတွင်းမှာ လည်နေမှာ ဖြစ်ပါတယ်။ 
 
အောင်မြင်စွာ တို့ဖတ်ယူပြီးရင် အစိမ်းရောင်မီးလင်းလာပါမယ်။ စက်ရုပ်နဲ့တို့ဖတ်နမူနာယူမှုအတွက် စက္ကန့် ၂၀ သာ ကြာမြင့်မှာလည်း ဖြစ်ပြီးလူကိုယ်တိုင်ယူတာထက် မြန်ပါတယ်။ 
 
စက်နဲ့လုပ်တဲ့အတွက် ကျန်းမာရေး ဝန်ထမ်းတွေဆီကို ကူးစက်မှုနည်းစေကြောင်း၊ စက်ရုပ်ဖြစ်တဲ့အတွက် ၂၄ နာရီ အလုပ်လုပ်နိုင်ကြောင်း၊ လူအတော်များများကို တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ စစ်ဆေးဖို့ဆိုရင် ဒီSwabBot က အတော်အထောက်အကူ ရနိုင်ပါတယ်။  
Source – MRTV
Read times
Rate this item
(0 votes)