What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 03 April 2020 10:41

တရုတ်နိုင်ငံ ရှန်ကျန်းတွင် ကြောင်နှင့် ခွေများ စားသုံးခြင်းကို တားမြစ်

90251442_832926683874316_4730726126572273664_n.png

 

တရုတ်နိုင်ငံ ရှန်ကျန်းမြို့တော်မှာ ကြောင် နဲ့ ခွေးများ စားသုံးခြင်းကို ပထမဦးဆုံးတားမြစ်လိုက်တာ ဖြစ်ပါတယ်။ COVID-19 ရောဂါပိုးဟာ တောရိုင်းတိရိစ္ဆာန်တွေ နဲ့ ဆက်နွယ်နေတဲ့အတွက် တရုတ်အာဏာပိုင်များက တောရိုင်းတိရိစ္ဆာန်တွေကို စားသုံးခြင်း နှင့် ကုန်သွယ်ခြင်းကို တွန်းအားပေး တားမြစ်ခဲ့တာဖြစ်ပါတယ်။

 

တရုတ်နိုင်ငံတွင် ဧပြီးလမှစပြီး ကြောင်နဲခွေးများ စားသုံးခြင်းအတွက် တားမြစ်သည့် ဥပဒေသစ်တစ်ရပ် စတင်တော့မှာ ဖြစ်ပါတယ်။ Humane Society International (HSI) ရဲ့ ပြောဆိုချက်အရ တစ်နှစ်ကို ခွေးသန်းပေါင်း ၃၀ ကျော်လောက် အာရှတစ်ခွင်မှာ စားသုံးခြင်းအတွက် သတ်ဖြတ်မှုများ ခံနေရတယ်လို့ သိရပါတယ်။

 

သို့ပေမယ့် တရုတ်နိုင်ငံတွင် ခွေးသားစားသုံးခြင်းက အထူးအဆန်းတစ်ရပ်မဟုတ်တော့ပေမယ့် ၊ တရုတ်လူမျိုးအများစုကတော့ ဒီလိုမျိုး တစ်ခါမှ မလုပ်ဘူး ၊ မလိုမျိုးတွေ မလိုချင်ဘူးလို့ ငြင်းဆန်းခဲ့ကြပါတယ်။ 

 

ဒါပေမယ့် တရုတ်လူမျိုးအများစုကတော့ ကြောင် နှင့် ခွေးတွေကို လူတွေနဲ့နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံမှုတွေရှိနေကြတုံးပါဘဲ။ တရုတ်နိုင်ငံက ဖွံ့ဖြိုးပြီးနိုင်ငံ ၊ ဟောင်ကောင် နှင့် ထိုင်ဝမ်းတို့မှာလည်း ခွေးနဲပကြောင်တွေကို စားသုံးခြင်းတားမြစ်တာက ဓလေ့တစ်ခုဖြစ်တယ်လို့ ရှန်ကျန်းမြို့တော်ရဲ့ အစိုးရရဲ့ ပြောဆိုချက်အရသိရပါတယ်။

 

ဒီလိုတားမြစ်တာက လူယဉ်ကျေးမှုတွေနဲ့ သက်ဆိုင်မှုရှိနေတယ်လယ်လို့ ရှန်ကျန်းမြို့တော်ရဲ့ အစိုးရတုန့်ပြန်ပြောဆိုခဲ့ပါတယ်။ အပြည်ပြည်ဆိုင် လူသားဆန်သော တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်း(HSI) ကတော့ အခုလို လုပ်ဆောင်ချက်အပေါ် အားပေးထောက်ခံမှုများ ရှိခဲ့ပါတယ်။

 

HSI မှ တရုတ်မူဝါဒကျွမ်းကျင်သူ ဒေါက်တာပီတာလီက တရုတ်နိုင်ငံမှာ နှစ်စဉ် ခန့်မှန်းခြေ ခွေးကောင်ရေ ၁၀ သန်းနဲ့ ကြောင် ၄ သန်းကို သေစေနိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကုန်သွယ်မှုတွေကို ပြောင်းလဲဖို့အတွက် ယခုအချိန်ဟာ အချိန်ကောင်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

သို့ပေမယ့် COVID-19 လူများအတွက် ဝက်ဝံရဲ့ သည်းခြေရည်ကို အသုံးပြုဖို့အတွက် အတည်ပြုထားတာတွေလဲ ရှိနေပါသေးတယ်။

 

အာရှတိရိစ္ဆာန်ဖောင်ဒေးရှင်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ တောရိုင်းတိရိစ္ဆာန်ကြောင့် ဖြစ်ပေါ်လာတဲ့ရောဂါကြောင့် အဆိုပါရောဂါကို တိုက်ဖျက်ဖို့အတွက် တိရိစ္ဆာန်တွေအပေါ် မှီခိုအားထားခြင်း မပြုလုပ်ဖို့အတွက် Brian Daly ကို ပြောကြားခဲ့ပါတယ်။

90165828_212716063139335_1462378197545910272_n.png

Written By Aung Win (Health Products Directory)

Ref; BBC UK

Read times
Rate this item
(1 Vote)