What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 23 September 2020 12:08

အောင်မြင့်မိုရ်အိမ်ရာတွင် ကိုဗစ်အတည်ပြုလူနာများအား ယနေ့ စတင်လက်ခံမည်

ဒဂုံမြို့သစ်(တောင်ပိုင်း)ရွာသာကြီးအနီးတည်ဆောက်ထားသောအောင်မြင့်မိုရ်အိမ်ရာ စီမံကိန်းတွင် ယနေ့ စက်တင်ဘာလ ၂၃ ရက်မှစတင်၍ ကိုဗစ်လူနာများအား စတင်ထားရှိတော့မည်ဖြစ်ကြောင်း ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြည်မြန်မာကို ပြောသည်။

 

အဆိုပါအိမ်ရာတွင် Covid-19 အတည်ပြုလူနာဦးရေ ၂၀၀၀ ခန့်ထားရှိနိုင်မည်ဖြစ်ရာကျန်းမာသန်စွမ်းသော လူနာအုပ်စု၊ အသက်အရွယ်ကြီးရင့်သူများအုပ်စု၊အခြေခံရောဂါရှိသောအုပ်စုဟူ၍ အစု ၃စု ခွဲခြားထားရှိမည် ဖြစ်ကြောင်းလည်းယင်းက ပြောသည်။

 

"ဒီနေ့ ၂၃ရက်နေ့က စတင်ထားရှိမှာပါ။ ၂၅ရက်နေ့လောက်မှာတော့ အပြီးထားရှိနိုင်ဖို့ စီစဉ်ဆောင်ရွက် ထားပါတယ်''ဟု ဦးညီညီကဆိုသည်။

 

ယင်းအိမ်ရာတွင် တိုက် ၁၈လုံးရှိပြီး စက်တင်ဘာလ ၂၃ ရက်တွင် ၂၅၆ဦး ၊ စက်တက်ဘာလ ၂၄ ရက် တွင် ၆၂၀ ဦး၊ စက်တင်ဘာလ ၂၅ ရက်တွင်၄၃၂ဦးထားရှိနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

 

Pyi Myanmar

Read times Last modified on Wednesday, 23 September 2020 12:11
Rate this item
(0 votes)