What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 11 April 2020 11:11

မွန်ပြည်နယ်တွင် စောင့်ကြည့်လူနာ သေဆုံးသူ ၁၀ ဦးထိ ရှိလာ

မွန်ပြည်နယ်တွင် စောင့်ကြည့်လူနာ သေဆုံးသူ ၁၀ ဦးထိ ရှိလာ DVB

COVID.png

 

မွန်ပြည်နယ်မှာ မတ် ၂၀ ရက်နေ့ကနေ ဧပြီ ၁၀ ရက်အထိ စောင့်ကြည့်လူနာ သေဆုံးသူ ၁၀ ဦးအထိ ရှိလာပြီလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝတ်မှုံက အတည်ပြုပါတယ်။

 

သေဆုံးခဲ့တဲ့ စောင့်ကြည့်လူနာတွေထဲမှာ PUI လို့ သတ်မှတ်ထားတဲ့ စောင့်ကြည့်လူနာ ၇ ဦးနဲ့ Hospital Quarantine စောင့်ကြည့်လူနာ ၃ ဦး၊ စုစုပေါင်း ၁၀ ဦးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ အများစုဟာ နှလုံးရောဂါနဲ့ အဆုတ်တီဘီရောဂါ အခံရှိနေသူတွေ အများဆုံး ပါဝင်နေတယ်လို့ ဒေါက်တာ ဝတ်မှုံက ပြောပါတယ်။


သေဆုံးသူ ၈ ဦးကတော့ Covid 19 ရောဂါပိုး မတွေ့ထားသူတွေ ဖြစ်ပြီး ကျန် ၂ ဦးရဲ့ အဖြေကိုတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ပို့ဆောင် စစ်ဆေးထားပါတယ်။ လက်ရှိမှာတော့ မွန်ပြည်နယ် ကိုရိုနာဗိုင်းရပ် COVID-19 ရောဂါ စောင့်ကြည့်လူနာ PUI ၂၃ ဦးနဲ့ Hospital Quarantine စောင့်ကြည့်လူနာ ၇၇ ဦး ရှိနေပြီး ၆၁ ဦးကတော့ ကျန်းမာရေး ကောင်းသွားလို့ ဆေးရုံက ဆင်းခွင့်ပြုထားပါတယ်။

 

ကျန်စောင့်ကြည့်လူနာ ၂၈ ဦးကိုတော့ ဆေးရုံမှာ ဆက်လက်စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ နိုင်ငံတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၂၈ ဦး၊ သေဆုံးသူ ၃ ဦးနဲ့ ပြန်လည်သက်သာလာသူ ၂ ဦး ရှိနေပါတယ်။

HPD.png

DVB Burmese

Read times
Rate this item
(1 Vote)