What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 September 2020 11:55

ကြည့်မြင်တိုင်ငါးဈေးနှင့် သိရိမင်္ဂလာ ကုန်စိမ်းဈေးဖြင့်ဆက်စပ်သူများတွင် ပိုးတွေ့ရှိသူအရေအတွက် များလာဟုဆို

ကြည့်မြင်တိုင်ငါးဈေးနှင့် သိရိမင်္ဂလာ ကုန်စိမ်းဈေးဖြင့်ဆက်စပ်သူများတွင် ပိုးတွေ့ရှိသူအရေအတွက် များလာဟုဆို ဓာတ်ပုံ-ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာန

ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ် ၁၉ ပိုးတွေ့လူနာ သနပ်ပင်မြို့နယ်တွင် ၁၁ ဦး၊ ပြည်မြို့နယ်တွင် တစ်ဦး စုစုပေါင်း ၁၂ ဦး၌ရောဂါ တွေ့ရှိမူသည် ကြည့်မြင်တိုင် ငါးဈေးနှင့် သိရိမင်္ဂလာ ကုန်စိမ်းဈေးဖြင့် ဆက်စပ်သူများဖြစ်နေကြောင်း ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ စက်တင်ဘာလ ၂၄ ရက်က သိရသည်။

 

"ရန်ကုန်ပြန်တွေမှာ ပိုးတွေ့နေတာဖြစ်တဲ့အတွက် ပြန်လာသူတွေ အနေနဲ့ သက်ဆိုင်ရာ မြို့နယ်၊ရပ် ကျေးအုပ်ချုပ်ရေးမှူးတွေကို အသိပေးပြီး

 

အသွားအလာကန့်သတ်ထားရှိတဲ့အတိုင်း စည်းကမ်းရှိစွာ လိုက်နာကြဖို့လိုပါတယ်"ဟု ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

ပိုးတွေ့သူ အရေအတွက် များလာသောကြောင့် ဒေသခံများအနေဖြင့် မလိုအပ်ဘဲ ဆေးရုံကို မလာ ရန်၊မလိုအပ်ဘဲ အပြင်မထွက်ရန်၊

 

လူစုလူဝေးရှောင်ရှားရန် လိုအပ်ကြောင်းနှင့် ထိန်းချုပ်ကာ ကွယ်ကု သမှု ပေးနေသော ကျန်းမာရေးဝန်ထမ်းများ၊ စီမံခန့်ခွဲမှုပေးနေသူများ၊ ကူညီနေသော ပရဟိတ လုပ်အားရှင်များအနေဖြင့်အထူးသတိထား ဆောင်ရွက်ရန်လိုအပ်ကြောင်းသိရသည်။

 

Pyi Myanmar

Read times
Rate this item
(0 votes)