What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 September 2020 20:52

ဆေးရုံကလက်မခံလို့ လှိုင်မြို့နယ်က အနံပျောက်သူတွေ နေစရာပါထပ်ပျောက်

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ထဲက ပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့သူတွေ၊ အနံပျောက်သူတွေကို ကွာရန်တင်းမထားနိုင်သလို

ဆေးရုံကလက်မခံနိုင်တဲ့အတွက်ဆေးရုံကိုလည်း မပို့ဆောင်နိုင်ပဲ နေစရာပျောက်နေတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး သံသယလူနာတွေကို နေစရာကွာရန်တင်းစီစဉ်ထားပေးပေမယ့် ကျန်းမာရေးဌာနဘက်ကလက်မခံလို့ သံသယလူနာတွေကိုဘယ်လိုစီစဉ်မလဲဆိုပြီးတော့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်ကျော်ဦးက သူ့လူမှုကွန်ရက်မှာခုလိုရေးထားပါတယ်။

 

သံသယလူနာတွေကို ဘယ်လို စီစဉ်မလဲ???

လက်ရှိမှာ Positive တွေ့သူတွေနဲ့ အတူနေ၊ အတူနေမိသားစု၊အတူတူ အလုပ်လုပ်သူတွေကို primary contact အဖြစ် သတ်မှတ်ပြီး Quarantine ထားရှိပါတယ်။

 

တစ်ဆင့်ခံ ထိတွေ့သူတွေကိုတော့ Secondary Contact အဖြစ် သတ်မှတ်ပြီး Home Stay နေခိုင်းပါတယ်။ ဖျားတယ် ချောင်းဆိုးတယ် အနံ့ပျောက်တယ် Covid လက္ခဏာရှိတဲ့သူတွေကို သံသယလူနာ အဖြစ် သတ်မှတ်ပြီး ဆေးရုံပို့ပါတယ်။ အနံ့ပျောက် အရသာပျောက်သူတွေကို PUI ( ဆေးရုံတွင် ထားရှိရမည့်သူ) အဖြစ် သတ်မှတ်ပါတယ်။

 

အခု မြို့နယ်မှာ အနံ့ပျောက်သူ ( Anosmia) တွေ အများအပြား တွေ့ရတယ် သူတို့ကို ဆေးရုံတွေနဲ့ ချိတ်ဆက်ပြီး ကျွန်တော်ကိုယ်တိုင် နေ့စဉ် ပို့ပေးနေပါတယ်။သို့သော် ဆေးရုံတွေ ပြည့်နေတယ် အကုန်မယူနိုင်ဘူး အကန့်အသတ် ရှိတယ် အဲဒီတော့ သူတို့ကို Home Stay နေခိုင်းပါတယ်။

 

အနံ့ပျောက်သူ(Anosmia) များ Home Stay နေခိုင်းတဲ့အခါ တချို့အိမ်တွေမှာ ကလေးငယ်တွေ ရှိတယ် တချို့အိမ်တွေမှာ သက်ကြီးရွယ်အိုတွေ ရှိတယ် တချို့က စုပြီး အိမ်ဌားနေကြတာ လူ(၁၅) ယောက် ဝန်ကျင် ရှိတယ်။ သူတို့ကိုယ်တိုင် အိမ်မှာ မနေချင်ဘူး တခြားသူတွေ ကူးမှာ စိုးတယ် အတူနေသူတွေကလည်း စိတ်မလုံခြုံဘူး ကူးခံရမှာ စိုးတယ်။

 

ကျွန်တော်တို့ လှိုင်မြို့နယ်မှာ Hlaing Fever Clinic ကို လာပြသူများထဲမှ ဆေးရုံပို့ရမည့်သူ (၅၂) ဦး ရှိပါတယ်။ အုပ်ချုပ်ရေးမှုးများ၊ ပြည်သူများ၊ ကာယကံရှင် ကိုင်တိုင် ဖျားတယ် ချောင်းဆိုးတယ် အနံ့ပျောက်တယ် ဆိုပြီး သတင်းပို့သူ (၃၀) ဦးခန့် ရှိနေပါတယ်။ အဲဒီလူတွေကို စုစည်း ထားရှိ စောင့်ကြည့် ကုသပေးဖို့ ကျွန်တော်တို့ နေရာပြင်ဆင်ထားတယ် ကုတင်၊ အခင်း၊ခေါင်းအုံး၊ ရေချိုးခန်း၊ အိမ်သာ၊ လျှပ်စစ်မီး အားလုံး အပြည့်အစုံ၊ ကျွေးမွေးရန်အတွက်လည်း စီစဉ်ထားပြီးပါပြီ။

 

သူတိုကို့ ကူးစက်ပျံ့ပွားမှု မရှိအောင် စုစည်းထားမယ် စောင့်ကြည့်ပေးမယ် ပြစု ပေးမယ်။ ရောဂါ ပြင်းထန်ပြီး ဆေးရုံတက်မည့်သူကို ဆေးရုံကို လွဲပေးမယ်။ ဆရာဝန်၊သုနာပြု၊ Volunteer တွေလည်း ရှိပါပြီ။ အသင့်ဖြစ်ပါပြီ။သို့သော် ကျန်းမာရေးက ခွင့်မပြုပါတဲ့။ဆေးရုံကို သွားပါတဲ့။

 

ဆေးရုံတွေကလည်း လက်မခံနိုင်ပါတဲ့။တိုင်းအစိုးရကတော့ အခြေအနေ နားလည်ပုံ ရပါတယ် ဆောင်ရွက်ပါလို့ ပြောပါတယ်။ဒီတော့ကာ ဒီသံသယလူနာတွေ အတွက် ဘယ်လို စီစဉ် ဆောင် ရွ က်ရမလဲ ဆိုတာ ကျန်းမာရေးဌာနက အမြန်ဆုံး ဆုံးဖြတ်စေချင်ပါတယ် ဆုံးဖြတ်ချက်ကို သိချင်ပါတယ် ဒီညနေ အထိ စောင့်နေပါမယ်။

 

အထက်မှာ လွှတ်တော်ကိုယ်စားလှယ်ရေးထားသလို ရန်ကုန်တိုင်းဒေသကြီးမှာ ကွာရန်တင်းစင်တာတွေမလုံလောက်တဲ့ပြဿနာတွေနဲ့ကြုံတွေ့နေရသလို ဆေးရုံတွေမှာ လူနာတွေ သံသယလူနာတွေနဲ့ ပြည့်နှက်တဲ့ အခြေအနေတစ်ရပ်ကိုကြုံတွေ့နေရတာပါ။


ကွာရန်တင်းစင်တာတွေမလုံလောက်တဲ့ ပြဿနာကိုဖြေရှင်းဖို့ ရန်ကုန်တိုင်းအတွင်းဆောက်လုပ်ပြီးစီးပြီးဖြစ်တဲ့ အောင်မြင့်မိုရ်အိမ်ရာ ရွှေလင်ပန်းအိမ်ရာတွေမှာထားဖို့ အစိုးရက စီစဉ်ထားပေမယ့် အခုလိုလူနာတွေကို ဆေးရုံကလက်မခံနိုင်တဲ့ အခြေအနေမှာ ဒီသံသယလူနာတွေကို ဘယ်လိုစီစဉ်ထားရှိမလဲဆိုတာတော့တိကျတဲ့ ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေမရှိသေးဘူးလို့သိရပါတယ်။

 

Credit: original uploader

Read times Last modified on Thursday, 24 September 2020 20:58
Rate this item
(0 votes)