What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 05 October 2020 09:21

Covid-19 ပိုးထိခဲ့သော နိုင်ငံခေါင်းဆောင်များ

အမေရိကန်သမ္မတ Donald Trump သည် သူနှင့်သူ၏ဇနီး Melania Trump တို့သည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ကိုဗစ်ပိုး ရှိမရှိ ဆေးစစ်ခဲ့ရာမှာ ပိုးရှိကြောင်း အတည်ပြုသည့် ရလဒ် ထွက်ပေါ်ခဲ့သည်။ 

 

လက်ရှိ  သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး တွင် ပါ ၀ င်နေသောသမ္မတ ထရန့်သည် နိုဝင်ဘာ ၃ ရက်တွင်ကျင်းပမည့်ရွေးကောက်ပွဲမတိုင်မီ တစ်လအလိုတွင် ယခုလို ပိုးထိခဲ့တာ ဖြစ်ပြီး  quarantine ကို ခံယူရမည်ဖြစ်သည်။ 

 

ကိုဗစ်ပိုးထိသည့် နောက်ထပ်နိုင်ငံခေါင်းဆောင်တစ်ဦးမှာ ဗြိတိသျှ ၀ န်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ဖြစ်သည်။ မတ်လ ၂၇ ရက်နေ့တွင် သူ့မှာ Covid-19 ရောဂါပိုး ရှိနေပြီ ဖြစ်ကြောင်းကို လူသိရှင်ကြားထုတ်ပြန်ခဲ့ သည့် ပထမဆုံးနိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။

 

ဂျွန်ဆင်သည်တစ်ပတ်ကြာဆေးရုံတက်ခဲ့ရပြီး ဧပြီလ၂၇တွင် သူ၏ ရာထူးကိုပြန်လည်မထမ်းဆောင်မီ သုံးရက်တိုင်တိုင် အထူးကြပ်မတ်ကုသမှုကို ခံယူခဲ့ရသည်။

 

ဘရာဇီးလ်သမ္မတ Jair Bolsonaro သည်လည်း ကိုဗစ်ပိုးထိသည့် နိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သူသည် ဇွန် ၇ ရက်တွင်ရောဂါကူးစက်ခဲ့ကြောင်းကြေငြာခဲ့သည်။ နောက်နှစ်ရက်အကြာတွင် ဘိုလီးဗီးယားနိုင်ငံ၏ ကြားဖြတ်ယာယီသမ္မတဖြစ်သူ Jeanine Áñezကသူမသည် ဆေးစစ်ခဲ့ရာ၌ အတည်ပြုလူနာ ရလဒ် ထွက်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 

နောက်ထပ် ကိုဗစ်ပိုးထိသည့် လက်တင်အမေရိကခေါင်းဆောင်များမှာ ဟွန်းဒူရပ်နိုင်ငံ သမ္မတ Juan Orlando Hernández သည် ဇူလိုင်လတွင် Covid-19 အတည်ပြုလူနာ ဖြစ်ခဲ့ပြီး  ဂွာတီမာလာနိုင်ငံ သမ္မတ  Alejandro Giammattei သည် စက်တင်ဘာလတွင် Covid-19 ဆေးစစ်ချက် positive အဖြေထွက်ခဲ့သည်။

 

Covid-19 ပိုးထိခဲ့သော နိုင်ငံခေါင်းဆောင်များကို အောက်ဖော်ပြပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။ တင်ပြထားသည်တို့မှာ ကိုဗစ်ကူးစက်ခံကြောင်း လူသိရှင်ကြား ထုတ်ပြန်ခဲ့ကြသော ရက်စွဲများအရ တင်ပြထားခြင်း ဖြစ်ပါသည်။ 

 

By Aung Win (Health Products Guide)

Read times
Rate this item
(0 votes)