What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 25 September 2020 13:03

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ကုသနိုင်ရေးနှင့် စောင့်ကြည့်သူများထားရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှု

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုများပြားလာသဖြင့် ကာကွယ်၊

 

ထိန်းချုပ်ကုသရေးလုပ်ငန်းများကို တပ်မတော်မှအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်း၊ သင်တန်းကျောင်းနှင့် အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်တို့၌လည်း COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ကုသနိုင်ရေးနှင့် စောင့်ကြည့်လူနာများထားရှိရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်း၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာအမျိုးသား၊

 

အမျိုးသမီး ၇၀ ဦး ထားရှိကုသနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်သော ဆေးရုံသုံးစက်ကိရိယာများ၊ ဆေးဝါးများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြုပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊

 

မှော်ဘီမြို့ရှိ တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း၌ COVID-19 ရောဂါစောင့်ကြည့်လူနာ အမျိုးသား၊ အမျိုးသမီး ၃၇၂ ဦးနှင့် အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်၌ COVID-19 ရောဂါစောင့်ကြည့်လူနာ ၁၈၂ ဦး ထားရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Read times
Rate this item
(0 votes)