What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 26 September 2020 21:12

သတ်မှတ်စည်းကမ်းချက်များလိုက်နာကြရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အသိပေးနှိုးဆော်

စက်တင်ဘာလ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ် အတွင်း စုစုပေါင်း ၃၅၀ ဦးကို အရေးယူခဲ့သည်။

COVID-19 ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်မလိုက်နာမှုများ ဆက်လက် အရေးယူဆောင်ရွက်ရလျက်ရှိသဖြင့် သတ်မှတ်စည်းကမ်းချက်များလိုက်နာကြရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အသိပေးနှိုးဆော်ထားပါသည်။
COVID-19 ရောဂါထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်စည်းကမ်းချက်များအား လိုက်နာခြင်း မရှိသည့် ကေတီဗွီ/ဘား/တရားမဝင်အနှိပ်ခန်းဖွင့်လှစ်နေမှုများ၊ ညမထွက်ရအချိန် ကျော်လွန် အကြောင်းမဲ့ သွားလာနေမှုများ၊ နှာခေါင်းစည်းမတပ်ဆင်ဘဲ စည်းကမ်းမဲ့သွားလာနေမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် အလေးထားစိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။
ယခုတစ်ပတ် စက်တင်ဘာလ ၁၉ ရက်မှ ၂၅ ရက်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ပြည့်တန်ဆာအိမ် ၂ အိမ်၊ တရားမဝင် ကေတီဗွီဆိုင် ၁ ဆိုင် တို့မှ ပိုင်ရှင်၊မန်နေဂျာ၊ လုပ်ကိုင်သူ တရားခံ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၂၆ ဦးအား လည်းကောင်း၊ ညမထွက်ရ အချိန်ကျော်လွန်အကြောင်းမဲ့သွားလာသူများကို စိစစ်အရေးယူ ဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အရေးယူခဲ့ရသည့် အမှုပေါင်း ၇၃ မှုနှင့် ကျူးလွန်သူ အမျိုးသား ၁၄၁ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၄၉ ဦးကို လည်းကောင်း၊ နှာခေါင်းစည်းမတပ်ဆင်ဘဲသွားလာသူများကို ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ-၁၅ ဖြင့် အရေးယူခဲ့သည့် အမှုပေါင်း ၃၀၄ မှုနှင့် ကျူးလွန်သူ အမျိုးသား ၂၇၂ ဦး၊ အမျိုးသမီး ၇၈ ဦး၊ စုစုပေါင်း ၃၅၀ ဦးကိုလည်းကောင်း အရေးယူဆောင်ရွက် ခဲ့ရပါသည်။
နှာခေါင်းစည်းမတပ်ဆင်ဘဲသွားလာမှုကြောင့် အရေးယူရသည့်အမှုများ လျော့ကျသွားခြင်း မရှိဘဲ ယခင်အပတ်ကထက် တိုးလာသဖြင့် ပြည်သူလူထုအနေဖြင့် အသိ/သတိရှိရှိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန်နှင့် COVID-19 ရောဂါကာကွယ်ရေးသတ်မှတ်စည်းကမ်းချက်များကို အလေးထား လိုက်နာဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
www.moha.gov.mm

 

Read times
Rate this item
(0 votes)