What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 14 October 2022 10:44

အက်စထရာဇီနီကာ ကုမ္ပဏီ၏ နှာခေါင်းတွင်းဖျန်း ကိုဗစ်ကာကွယ်ဆေး ထိရောက်မှုမရှိ

အက်စထရာဇီနီကာ ကုမ္ပဏီက ဖော်စပ်ထုတ်လုပ်ထားသော နှာခေါင်းတွင်းဖျန်း ကိုဗစ်ကာကွယ်ဆေးကို လက်တွေ့စမ်းသပ် ရာတွင် ထိရောက်မှု မရှိသည်ကို တွေ့ရကြောင်း သိရသည်။

 

အဆိုပါနှာခေါင်းတွင်းဖျန်း ကာကွယ်ဆေးသည် နှာခေါင်းအတွင်းရှိ တစ်သျှူးများမှာသာမက ခန္ဓာကိုယ် တစ်ခုလုံးမှာပါ ကောင်းမွန်သည့် ကိုယ်ခံအား တုံ့ပြန်မှုကို မပေးစွမ်းနိုင်ကြောင်း အောက်စဖို့တက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောသည်။

 

ထိုကာကွယ်ဆေးကို ပဏာမစမ်းသပ်မှု အဖြစ် လူအယောက် ၃၀ တွင် လည်းကောင်း၊ ထပ်ဆောင်းကာကွယ်ဆေး စမ်းသပ်မှုအဖြစ် လူ ၁၂ ယောက်တွင် လည်းကောင်း စမ်းသပ် ခဲ့ခြင်းဖြစ်သည်။

 

ကာကွယ်ဆေးများကို နှာခေါင်းနှင့် အဆုတ်များသို့ ပေးပို့ခြင်းသည် ယုံကြည် စိတ်ချရသည့် နည်းလမ်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ သို့သော် ယခုသုတေသနအရ နှာခေါင်းတွင်းဖျန်း ကာကွယ်ဆေးကို စိတ်ချ ရသော နည်းလမ်းတစ်ခုအဖြစ် ရွေးချယ်ရန် အခက်အခဲများ ရှိကြောင်း သုတေသနပညာရှင် ဆန်ဒီဒေါက်ဂလက် ကပြောသည်။

 

ယခု စမ်းသပ်မှု မအောင်မြင်ရသည့် အကြောင်းရင်းများတွင် ကာကွယ်ဆေးများသည် အစာရေမျို လမ်းကြောင်းမှတစ်ဆင့် အစာအိမ်အတွင်း ရောက်ရှိသွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဆန်ဒီဒေါက်ဂလက်က ပြောထားသည်ဟု သိရသည်။

 

myawady

Read times
Rate this item
(1 Vote)