What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 01 October 2020 09:54

ရန်ကုန်မြို့ဆေးရုံ ၉ ရုံ၌ COVID-19 ရောဂါပိုးရှိ မရှိ Antigen Test Kit များ စတင်အသုံးပြုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားသူအရေအတွက် များပြား လာသည့်အတွက် ရောဂါပိုး ရှိ၊ မရှိလျင်မြန်စွာသိရှိနိုင်မည့် Antigen Test Kit များအသုံးပြုပြီး စက်တင်ဘာ ၂၉ ရက်မှစတင်ကာ ရန်ကုန်မြို့ဆေးရုံကြီး ၉ ခု ၌စတင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

"COVID-19 လူနာတွေရှာဖွေရေးအတွက် အထောက်အကူပြုစေရန် ထိရောက်မြန်ဆန်စေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် ဆေးရုံ ၉ ခုမှာစတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ပြောသည်။

 

အဆိုပါဆေးရုံကြီး ၉ ခုမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ မြောက်ဥက္ကလာဆေးရုံ၊ သင်္ဃန်းကျွန်းဆေးရုံ၊ အင်းစိန်ဆေးရုံ၊ ရန်ကုန်အနောက်ပိုင်းဆေးရုံ၊ ရန်ကုန်အရှေ့ပိုင်း ဆေးရုံ၊ လှိုင်သာယာဆေးရုံနှင့် သန်လျင်ဆေးရုံတို့ဖြစ်ကြောင်း သိရသည်။ ယင်းဆေးရုံကြီးများရှိ ကျန်းမာရေး ဝန်ထမ်းများ၊ သံသယလူနာများ၊ အရေးပေါ်ခွဲစိတ်မည့်လူနာများအား ယင်း Antigen Test Kit များ အသုံးပြု စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါပိုးရှိ မရှိကို မိနစ်၂၀အတွင်း သိရှိနိုင်မည် ဖြစ်ကြောင်း သိရ သည်။

 

COVID-19 ရောဂါပိုး ရှိ၊ မရှိ လွယ်ကူလျင်မြန်စွာစစ်ဆေးနိုင်မည့် အဆိုပါစမ်းသပ်ကိရိယာများကို တောင်ကိုရီးယား နိုင်ငံမှမှာယူတင်သွင်းခဲ့ကြောင်း၊ အရေအတွက်အားဖြင့် နှစ်သိန်းခန့်ရှိကြောင်း သိရှိရသည်။ ယင်းကဲ့သို့ စစ်ဆေးနိုင်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ပိုးတွေ့လူနာများ ယခင်ကထက် များပြားလာဖွယ်ရှိကြောင်း၊ သို့သော်လည်း မြန်ဆန်စွာရှာဖွေကုသနိုင်မှုကြောင့် ရောဂါထိန်းချုပ်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မြို့တော်သတင်း

Read times Last modified on Thursday, 01 October 2020 09:57
Rate this item
(0 votes)