What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 01 October 2020 11:01

နေပြည်တော်တွင် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရမည့် အချိန် သတ်မှတ်ပြဌာန်း

နေပြည်တော်တွင် ဈေးဆိုင်ခန်းများ လိုက်နာရန် ကြေညာချက် ထုတ်ပြန်ထားသည်ကို အပြည့်အစုံ ဖော်ပြအပ်ပါသည်။

 


ကြေညာချက်

၁။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း Coronavirus Disease 2019(coVID-19) ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ဈေးများတွင် ဖွင့်လှစ်လျက်ရှိသော RCဆိုင်ခန်းများ၊ ပွဲရုံဆိုင်ခန်းများ၊ ဝပ်ရှော့ဆိုင်ခန်းများ၊ ဇီဝကဆိုင်ခန်းများ၊ စားသောက်ဆိုင်ခန်းများ၊ (LF-44)ကုန်စိမ်း/ကုန်ခြောက်၊ သား/ငါးဆိုင်ခန်းများ၊ နံနက်ပိုင်း ပျံကျဈေး/ ညဈေးများနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


(က) ဈေးများရှိ RCဆိုင်ခန်းများ၊ ပွဲရုံဆိုင်ခန်းများ၊ ဝပ်ရှော့ဆိုင်ခန်းများ၊ ဇီဝကဆိုင်ခန်းများ၊ စားသောက်ဆိုင်ခန်းများ၊ (LF-44)ကုန်စိမ်း/ကုန်ခြောက်၊ သား/ငါးဆိုင်ခန်းများ၊ (ဆေးဆိုင်ခန်းများမပါ)အား နံနက်(၀၆:၀၀)နာရီမှ ညနေ (၁၈:၀၀)နာရီအထိသာ ဖွင့်လှစ်ရန်၊

 

(ခ) နံနက်ပိုင်း ပျံကျဈေးများအားလုံး နံနက်(၀၆:၀၀)နာရီမှ နေ့လည်(၁၂:၀၀)နာရီ အထိသာ ဖွင့်လှစ်ရန်၊

 

(ဂ ) ဈေးများရှိ ညဈေးအားလုံး ယာယီပိတ်သိမ်းရန်၊

 

(ဃ) ဈေးများရှိ ဆေးရုံ၊ဆေးဆိုင်ခန်းများအား ပုံမှန်အတိုင်း ဖွင့်လှစ်ရန်၊

 

(င) အာဟာရသုခဈေးတွင် ပျံကျဈေးနှင့်ပတ်သက်၍ နံနက်ပိုင်းနှင့် ညနေပိုင်းဈေး ရှိရာ နံနက်ပိုင်းဈေးအား နံနက်(၀၄:၀၀)နာရီမှ နေ့လည်(၁၂:၀၀)နာရီအထိသာ ဖွင့်လှစ်ရန်နှင့် ညနေပိုင်းဈေးအား ယာယီပိတ်သိမ်းရန်၊

 

၂။ ဤကြေညာချက်အား ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့မှစ၍ အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ကျန်းမာရေးအသိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပေးကြေညာအပ်ပါသည်။

ဈေးများဌာန

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

Read times
Rate this item
(0 votes)