What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 02 October 2020 21:23

သင်္ဃန်းကျွန်းက စွန်းလွန်းဂူကျောင်းမှာ သံဃာတွေ ကိုဗစ်ကူးစက်မှုဖြစ်ပွား

သင်္ဃန်းကျွန်းက စွန်းလွန်းဂူကျောင်းမှာ သံဃာတွေ ကိုဗစ်ကူးစက်မှုဖြစ်ပွား MPA

ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းက သံဃာ ၁၉ပါးနဲ့ ကိုရင်တစ်ပါး အောက်တိုဘာလ ၁ ရက်နေ့က

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒီလို ကူးစက်တာဟာ ရန်ကုန်မှာ ဒုတိယမြောက် သံဃာတွေ အုပ်စုလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာလည်း ဖြစ်ပါတယ်။

ရန်ကုန်မှာ ကူးစက်မှု များတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ်က ဘုန်းတော်ကြီးကျောင်းက သံဃာတွေ ကူးစက်ခံရတာ ဖြစ်ပါတယ်။

ကိုဗစ်ဒုတိယလှိုင်း ကူးစက်မှုတွေမြင့်လာတဲ့ အချိန်အတွင်းမှာ အင်းစိန်ရွာမကျောင်း သံဃာ ၃၅၈ ပါးအထိ အုပ်စုလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သင်္ကန်းကျွန်း မြို့နယ် စွန်းလွန်းဂူ ဘုန်းကြီးကျောင်းမှာ လည်းကူးစက်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁ရက် ည၈နာရီ ထုတ်ပြန်ချက်မှာလည်း သင်္ဃန်းကျွန်းက ဗိုင်းရပ်စစ် ကူးစက်ခံရသူ ၁၁ ဦး ထပ်တွေ့ပြီး အဲဒီအထဲမှာ စွန်းလွန်းဂူကျောင်းက သံဃာတစ်ပါး ပါဝင်တယ်လို့ သင်္ဃန်းကျွန်း မြို့နယ် ကိုဗစ် ကော်မတီကနေ သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ၁၆ အပိုင်း၂ ရပ်ကွက်မှာရှိတဲ့ စွန်းလွန်းဂူ ဘုန်းကြီးကျောင်းက သံဃာ ၁၉ပါးနဲ့ ကိုရင်တစ်ပါး ကိုဗစ်ကူးစက်ခံရတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းလွှတ်တော် အမတ် ဦးနေဘုန်းလတ်က ဘီဘီစီကို အတည်ပြုပါ တယ်။

စွန်းလွန်းဂူကျောင်းမှာ သံဃာအပါအဝင် သီလရှင်၊ ယောဂီ၊ ကပ္ပိယ အစရှိသူစုစုပေါင်း ၂၀၀ ကျော်အထိ ရှိတာဖြစ်ပါတယ်။ ကျန်ရှိသူအားလုံးရဲ့ နမူနာ တို့ဖတ်တွေကို ဒီကနေ့အပြီးယူကာ စစ်ဆေးဖို့ကိုလည်း ပြင်ဆင်ထားတယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

"အဲဒီကျောင်းက ကိုရင်လေးတစ်ပါးက အနံ့ပျောက်တယ်ဆိုပြီးစံပြဆေးရုံကို လာစစ်တယ်၊ လာစစ်ရင်းနဲ့ သူနဲ့ထိတွေ့မှုရှိတဲ့ သံဃာ ၁၉ ပါးကို စစ်တော့ အဲ့ဒါ positive ထွက်တာပဲ ၊ ဘယ်က ကူးတယ်ဆိုတာ မသိတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့"လို့ ဦးနေဘုန်းလတ်က ရှင်းပြပါတယ်။

စွန်းလွန်းဂူကျောင်းက တရားစခန်းတွေကို ပြုလုပ်လေ့ရှိတဲ့ ကျောင်းဖြစ်ပေမဲ့ ကိုဗစ်ကာလအတွင်းမှာတော့ ပိတ်ထားတာဖြစ်ပြီး အမြဲနေယောဂီ၊ သီလရှင် အစရှိတဲ့သူတွေသာ ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အပြင်ထွက် ဆွမ်းခံတာမျိုးလည်း မရှိဘူးလို့လည်း သိရပါတယ်။

အလားတူ အင်းစိန် ရွာမကျောင်းမှာလည်း ပိုးကူးစက်မှုတွေ ရှိနေတာကြောင့် ကျောင်းတွင်းမှာပဲ သံဃာတွေ ကို ကျန်းမာရေးနဲ့ တပ်ရဲ့ ဆေးကုသရေးအဖွဲ့တွေက ကျန်းမာရေး စောင့်ရှောက်မှုပေးနေကာ၊ အတည်ပြု လူနာ သံဃာတွေကိုတော့ မှော်ဘီတပ် ဆေးသင်တန်းကျောင်းနဲ့ အင်းစိန် ဓမ္မဗိမာန်တို့မှာ သီးခြားထား ကုသမှုပေးနေပါတယ်။

အင်းစိန် ရွာမကျောင်းမှာတော့ ဒီနေ့အထိ သံဃာ ၃၅၈ ပါးအထိ ကိုဗစ်ကူးစက်ခံထားရပါတယ်။

အင်းစိန် ရွာမကျောင်းက သံဃာတွေကတော့ လက်တလောမှာ ပြန်လည် ကိုဗစ်ကင်းစင်သူ မရှိသေးပေမဲ့ ကျန်းမာရေးကတော့ ကောင်းမွန်ကြတယ်လို့လည်း အရှင်ဂန္ဓာသာရာလင်္ကာရက မိန့်ပါတယ်။

Read times
Rate this item
(0 votes)