What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 09 October 2020 09:35

ကိုဗစ်-၁၉ ရောဂါပိုးရှိနိုင်သူများကို မြို့နယ်ဆေးရုံ ၂၂ ရုံတွင် RDT-Ag စက်ဖြင့် မြန်ဆန်စွာ ရောဂါပိုးစစ်ဆေး ဖော်ထုတ်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါပိုး ရှိနိုင်သူများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများနှင့်မြို့နယ်ဆေးရုံ ၂၂ ခု တွင် စက်တင်ဘာ ၂၈ ရက်နေ့မှစ၍ RDT-Ag စက်ဖြင့် မြန်ဆန်စွာ ရောဂါပိုးကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

ရွက်ပစ်ဒိုင်ဂနိုးဆစ်တက်စ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိနိုင်ချေ များသူတို့ကို ဆေးရုံများတွင် စစ်ဆေးပေးလျက်ရှိရာ အချိန်တိုအတွင်း ရောဂါပေါ်လွင်မှု ထိရောက်သောကြောင့် ဆေးရုံများတွင် ဦးစွာအသုံးပြုလျက်ရှိသည်။ “ရန်ကုန်တိုင်းဒေသကြီး က ဆေးရုံ ၂၂ ရုံမှာ တက်ရောက်နေတဲ့ ရောဂါပိုးရှိနိုင်မှုဖြစ်နိုင်ချေ များတဲ့သူတွေကို RDT-Ag စက်နဲ့ စစ်ပေးနေတယ်။

 

ဆေးရုံကြီးတွေမှာ စက်တင်ဘာ ၂၈ ရက်နေ့က စတင်ပြီးတော့ မြို့နယ်ဆေးရုံတွေမှာ ၃၀ ရက်နေ့မှာ စတင်စစ်ဆေးပါတယ်။ အဓိက အပြင်ထွက်ရင် နှာခေါင်းစီး တပ်ပါ၊ အထူးသဖြင့် အိမ်ထဲမှာပဲ နေကြပါ” ဟု ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသဲစုမွန်က ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေအများဆုံး နေထိုင်လျက်ရှိသော လှိုင်သာယာမြို့နယ်၌ မြို့နယ်ပြည်သူ့ဆေး ရုံကြီးတွင် RDT-Ag စက် ၄၂၅ ခုဖြင့် စက်တင်ဘာ ၂၈ ရက်နေ့မှစ၍ ၃၀၂ ဦးအား ရောဂါပိုးကို စစ်ဆေးခဲ့ရာ လှိုင်သာယာမြို့နယ် ဆရာဝန် ဒေါက်တာခင်ရူပါစိုးက “ဆေးရုံကို လာရောက်တဲ့ ၃၀၂ ဦးကို စစ်ဆေးတဲ့ အခါမှာ ရောဂါပိုးရှိတဲ့သူ ၅၈ ယောက်တွေ့တယ်။

 

လှိုင်သာယာက Quarantine Center ၂၉ ခုမှာရှိတဲ့ ၁၄၇၁ ဦးမှာ ဆေးစစ်ဖို့ ကျန်တာ ၂၀၀ ကျော်ရှိမယ်။ ကျန်တဲ့သူတွေက အဖြေစောင့်နေကြပါတယ်။ RDT-Ag စက်နဲ့ မွန်းတည့် ၁၂ နာရီမှာ စစ်တယ်ဆိုရင် မွန်းလွဲ ၃ နာရီ မှာ အဖြသိရတာကြောင့် မြန်မြန်သိရတဲ့ အတွက်မြန်မြန်ခွဲထုတ်ပြီး မြန်မြန် ကုသနိုင်ပါတယ်။

 

အခုလှိုင်သာယာမှာ လူတွေအပြင်ကို ထွက်နေကြတာကြောင့် ကျွန်မတို့တွေ စိတ်ပူပါတယ်။ ရောဂါပိုပြီး များလာတယ်။ မနေ့ညကဆိုရင် ၉၇ ဦးထိ ရှိလာတယ်။ Stay at home ကာလမှာ အပြင်ထွက်နေကြတယ်။ အိမ်ထဲမှာပဲနေကြပါ။ ကျန်းမာရေးဝန်ထမ်း‌တွေလည်း ပင်ပန်းနေကြပါပြီ။ မလဲရုံတမယ်ပဲ ရှိပါတော့တယ်။

 

ဒါကြောင့် အပြင်ထွက်နေကြတဲ့သူတွေကို မေတ္တာရပ်ခံလိုတာက နိုင်ငံတော်က Stay at‌ home လို့ လမ်းညွှန်မှု အပေါ်လေးလေးစားစား လိုက်နာပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။ လှိုင်သာယာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးလူနာကို အမှတ် ၂၀ ရပ်ကွက်တွင် အများဆုံး စစ်ဆေးတွေ့ရှိလျက်ရှိ ပြီးထန်းတပင်မြို့နယ်

 

နယ်နမိတ်နှင့် ဆက်စက်လျက်ရှိကာ မြို့နယ်နှစ်ခုကြားရပ်ကွက်၊ ကျေးရွာများ၌ အဆောင်နေထိုင်မှု များသောကြောင့် ကူးစက်မှုမြန်ဆန်သည့်အတွက် မြို့နယ်ဆေးရုံကြီးတွင် RDT-Ag စက်ဖြင့် အချိန်တိုအတွင်း ရောဂါစစ်ဆေး ဖော်ထုတ်လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံ ၂၂ ရုံ၌ ကိုဗစ်-၁၉ ရောဂါပိုးရှိနိုင်သူများကို RDT-Ag စက်ဖြင့် အချိန်တိုအတွင်း ရောဂါပိုးကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Myanmar Digital News

Read times
Rate this item
(0 votes)