What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 27 March 2020 12:44

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ (Covid – 19) ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်

90251442_832926683874316_4730726126572273664_n.png

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီနှင့် အဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ Decolgen ဆေးကုမ္ပဏီ၊ တောင်ဒဂုံမြို့နယ်ရှိ လူမှု့ကူညီရေးအဖွဲ့တို့နှင့် ပူးပေါင်းကာ (Covid – 19) ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် ပညာပေးလက်ကမ်းစာဆောင်များ၊ နှာခေါင်းစည်း Mark များ နှင့် Hand gel များ ဝေဌခြင်း စသည့် လုပ်ငန်းစဉ်များဆောင်ရွက်ခဲ့သည်။

Image may contain: 3 people, people sitting

အဆိုပါ (Covid – 19) ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို မတ်လ ၂၆ ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ မီးပွိုင့်များတွင် Taxi သမားများ၊ YBS ကားသမားများ၊ ကားသမားများနှင့် ခရီးသွားပြည်သူများအား ရောဂါကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများဝေငှခြင်း နှင့် အသိပညာပေးလက်ကမ်းစာဆောင်များ ဝေဌခြင်းများဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Image may contain: one or more people, bus, sky and outdoor

၎င်းအခမ်းအနားသို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌ ဦးမြသွင်၊ အတွင်းရေးမှူး ဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် အသင်းဝင်များ၊ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများ မှ တာဝန်ရှိသူများ စုစုပေါင်း (၄၀) ဦးခန့် အားဖြည့်ပါဝင်ပေးခဲ့ကြပါသည်။

Image may contain: one or more people, flower and outdoor

(Covid – 19) ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီးရှိ လူနေထူထပ်သော မြို့နယ်များဖြစ်သည့် အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Image may contain: one or more people

ပြန်ကြားရေး/ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း

Read times
Rate this item
(0 votes)