What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 11 October 2020 08:54

ပိုးတွေ့များနေသည့် ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ထောင်စုတိုင်း Swab ယူ စစ်ဆေးပေးရန် မဖြစ်နိုင်ဟုဆို

COVID19 ရောဂါပိုးအတွေ့များသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ထောင်စုတိုင်းကို တစ်လှည့်စီ Swab စစ်ဆေးပေးသွားရန်

အစီအစဉ်မရှိသေးကြောင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ကူးစက်မှုနှုန်းနေ့စဉ်နှင့်အမျှ မြင့်တက်နေသည့် ရန်ကုန်တွင် COVID ရောဂါပိုး ရှိ၊ မရှိ အိမ်ထောင်စု တစ်စုတိုင်း အလှည့်ကျ Swab ယူစစ်ဆေးပေးရန် ပြည်သူ့အချို့က တောင်းဆို မေးမြန်းလာသည့်အတွက် လတ်တလောအခြေအနေအရ အိမ်ထောင်စုတိုင်းကို လိုက်လံစစ်ဆေးပေးရန် မဖြစ်နိုင်သေးကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ်ဒေါက်တာ ထွန်းမြင့်က ပြောသည်။

"ရန်ကုန်တိုင်း အိမ်ထောင်စုအားလုံးကို အလှည့်ကျ Swab ယူစစ်ဆေးဖို့ အစီအစဉ်မရှိသေးပါဘူး။ အကန့် အသတ်တွေကလည်းရှိနေတယ်။ သံသယ လူနာတွေ ကလည်းများတယ်။ Contant တွေကလည်းများတယ်။ နိုင်ငံရပ်ခြား ပြန်လာသူတွေကလည်းများတယ်။ ဒီလိုလူတွေကို ဦးစားပေး စစ်ဆေးပေးနေရပါတယ်။ ကျနော်တို့ရဲ့ ကျန်းမာရေး ၀န်ထမ်းတွေ၊ စေတနာ၀န်ထမ်းတွေကို ဦးစားပေး စစ်ဆေးနေရတာကြောင့် အိမ်ထောင်စု အားလုံး စစ်ဆေးပေးဖို့ မဖြစ်နိုင်ပါဘူး" ဟု ယင်းက ပြောသည်။

ထို့အပြင် COVID ပိုး ရှိ၊ မရှိ Swab စစ်ဆေးမှုမှာလည်း တစ်ခါစစ်ဆေးပေးပြီးရုံဖြင့် ပိုးမရှိကြောင်း စစ်ဆေးစဉ်တွင် အဖြေထွက်သော်လည်း နောင်တစ်ချိန်မှာ ကူးစက်ခံရနိုင်သည့် အခြေအနေရှိသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကိုသာ ပြည်သူတို့အနေဖြင့် လိုက်နာ ဆောင်ရွက်စေချင်ကြောင်း ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်ဒေါက်တာ ထွန်းမြင့်က ပြောသည်။

လက်ရှိ ရန်ကုန်တိုင်းတွင် COVID ပိုးအတွေ့အများဆုံးဖြစ်နေသည့် သင်္ဃန်းကျွန်း၊ တာမွေ၊ တောင်ဥက္ကလာ၊ သာကေတအစရှိသည့် မြို့နယ်များမှ ရပ်ကွက်နေပြည်သူများထံ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ COVID အသိပညာပေးခြင်းများကို တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်း COVID ကော်မတီတို့က စီစဉ်ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

myotaw.news/

Read times Last modified on Sunday, 11 October 2020 08:55
Rate this item
(0 votes)