What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 18 October 2020 09:49

အွန်လိုင်းမှ တရားမဝင်ရောင်းချနေသော Lianhua Qingwen Jiaonang သုံးစွဲခြင်းမပြုရန် FDA မှပြောကြား

အွန်လိုင်းမှ တရားမဝင်ရောင်းချနေသော တရုတ်နိုင်ငံထုတ် Lianhua Qingwen Jiaonang တိုင်းရင်းဆေးကို

ဝယ်ယူသုံးစွဲခြင်းမပြုရန် FDA မှပြောကြားခဲ့သည်။

COVID-19 ရောဂါ ကာကွယ်ဆေးဟုဆိုကာ အွန်လိုင်းမှ တရားမဝင်ရောင်းချနေသော တရုတ်နိုင်ငံထုတ် Lianhua Qingwen Jiaonang တိုင်းရင်းဆေးသည် ပြည်တွင်း၌ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသောကြောင့် ပြည်သူများအနေနှင့် ဝယ်ယူသုံးစွဲခြင်းများမပြုလုပ်ကြရန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ တရားဝင်ထောက်ခံပေးထားပြီဖြစ်သော ကာကွယ်ဆေးမပေါ်သေးသော်လည်း တရုတ်နိုင်ငံထုတ် Lianhua Qingwen Jiaonang တိုင်းရင်းဆေးသည် COVID-19 ရောဂါ ကာကွယ်နိုင်သည်ဟုဆိုကာ အွန်လိုင်းမှတစ်ဆင့် တရားမဝင် ဖြန့်ဖြူးရောင်းချနေကြခြင်းဖြစ်သည်။

ထိုတိုင်းရင်းဆေးဘူးခွံတွင် တရုတ်ဘာသာစကားနှင့် ရေးသားထားသောကြောင့် စိစစ်စစ်ဆေးရန် အခက်အခဲရှိနေသလို လက်ရှိအချိန်အထိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တွင် တရားဝင် လာရောက်လျှောက်ထားခြင်းမရှိသေးကြောင်း သိရသည်။

ယင်းသို့ တရားမဝင်တင်သွင်းရောင်းချသော ဆေးဝါးများသည် သုံးစွဲသူများအတွက် အန္တရာယ် မကင်းနိုင်သလို ဘေးထွက်ဆိုးကျိုးသက်ရောက်မှုများကိုလည်း မသိရှိနိုင်ခြင်းကြောင့် လတ်တလောတွင် ပြည်သူများအနေနှင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကိုသာ အလေးထားဆောင်ရွက် သင့်ပြီး အွန်လိုင်းမှ တရားမဝင်ရောင်းချနေသော ဆေးဝါးများကို မသုံးစွဲသင့်ကြောင်း ပြည်တွင်းရှိ ကျန်းမာရေး ပညာရှင်များက အကြံပြုထားကြသည်။

myotaw.news

Read times
Rate this item
(1 Vote)