What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 January 2022 11:41

ထိုင်းနိုင်ငံလာသူတွေ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ကွာရန်တင်းဝင်ဖို့ မလိုတော့

ထိုင်းနိုင်ငံလာသူတွေ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ကွာရန်တင်းဝင်ဖို့ မလိုတော့

ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်မှု လျော့ကျလာတဲ့အတွက် လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံကို ရောက်လာတဲ့ သူတွေအနေနဲ့ ကာကွယ်ဆေးထိုးထားတယ်ဆိုရင် သီးသန့်ခွဲပြီး ကွာရန်တင်း ဝင်နေစရာမလိုဘဲ ကင်းလွတ်ခွင့်ရမှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲ့ ကိုဗစ်ရောဂါတိုက်ဖျက်ရေးအဖွဲ့က ကြာသပတေးနေ့က ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံကို ရောက်လာသူတွေအနေနဲ့ ကာကွယ်ဆေးထိုးထားတယ်ဆိုရင် Test & Go လို့ခေါ်တဲ့ မူဝါဒအရ ရောက်တဲ့အချိန်မှာ ဗိုင်းရပ်စ်ရှိမရှိ တခါစစ်ပြီး အဲဒီနောက် ၅ ရက်ပြည့်တဲ့အချိန်မှာ နောက်တကြိမ်ထပ်စစ်ဖို့လိုမှာဖြစ်သလို သူတို့သွားမယ့်နေရာတွေ ကိုလည်း အသိပေးရမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲ့ကိုဗစ်ရောဂါတိုက်ဖျက်ရေးအဖွဲ့ ပြောခွင့်ရ Taweesin က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ အစောပိုင်းက ဒီမူဝါဒကို သီတင်းပတ် ၇ ပတ်လောက် ကျင့်သုံးခဲ့ပေမယ့် ကမ္ဘာတဝန်းမှာ Omicron မျိုးကွဲသစ်အလျင်အမြန် ပျံ့န့ှံလာတာနဲ့ ကာကွယ်ဆေးတွေက ဒီမျိုးကွဲသစ်ကို ထိထိရောက်ရောက်ကာကွယ်နိုင်မလား မကာကွယ်နိုင်ဘူးလားဆိုတာကို မသေချာတာကြောင့် ပြီးခဲ့တဲ့ ၁ လက ဒီမူဝါဒကို ရပ်ဆိုင်းပစ်ခဲ့တာပါ။

ဒါ့အပြင် စားသောက်ဆိုင်တွေမှာ အရက်ရောင်းချင်ခွင့်ကိုလည်း ည ၉ နာရီထိပဲ ရောင်းရမယ်လို့ ကန့်သတ်ထားရာကနေ ၁၁ နာရီအထိ ထပ်တိုးပေးလိုက်ပါတယ်။ ဒါပေမဲ့လည်း အရက်ဘားတွေနဲ့ ညကလပ်တွေကိုတော့ ဆက်ပြီးတော့ ပိတ်ထားဆဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံက အခုလိုလုပ်လိုက်တာဟာ ကပ်ရောဂါကြောင့် ကျဆင်းနေတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ပြန်ပြီးတော့ ရှင်သန်အားကောင်းလာအောင် လုပ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံကိုသွားတဲ့ ကမ္ဘာ့လှည့်ခရီးသွား ဦးရေဟာ သန်း ၄၀ ရှိပေမယ့် မနှစ်ကတော့ အဲဒါရဲ့ ဝ.၅% ပဲ ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အခုချိန်ထိတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၂.၃ သန်းရှိပြီး သေဆုံးသူက ၂၂,၀၀၀ လောက်ရှိပါတယ်။ ထိုင်းလူဦးရေရဲ့ ၃ ပုံ ၂ ပုံက ကာကွယ်ဆေးထိုးထားပြီဖြစ်ပြီး အဲဒီထဲက ၁၅% အားဖြည့် ကာကွယ်ဆေး ထိုးထားပြီဖြစ်ပါတယ်။

ဗီအိုအေ

Read times Last modified on Friday, 21 January 2022 11:44
Rate this item
(0 votes)