What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 18 October 2020 12:50

ဝန်ထမ်းများကို သွေးဖောက်၊ ကိုဗစ်စစ်သည့် စက်ရုံများကိုအရေးယူရန်ဆောင်ရွက်နေဟု ပြည်ထောင်စုဝန်ကြီးပြော

ပြီခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင်

အလုပ်သမားများအားသွေးဖောက်၍ တစ်ခါသုံးစက်များဖြင့်ကိုဗစ်စစ်ဆေးခြင်းများပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ အရေးယူရန်ဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေ အနေများ လူမှုဖူလုံရေး အကျုံးဝင် စက်ရုံ၊အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်း များအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ဆက်လက်ခွင့်ပြု ထုတ်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၆ ရက်တွင် Video Conference စနစ်ဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးကအဆိုပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
"သွေးဖောက်တဲ့စက်ရုံတွေကိုလည်းအရေးယူဖို့ဆက်လုပ်သွားမယ်ပြောပါတယ်။ဒီဟာကိုလက်မခံဘူးပြောတယ်။ကျွန်တော်တို့ကလည်းပြန်ပြီးတင်ပြထားတာက ဒီဟာသည်ကျွန်တော်တို့အလုပ်သမားတွေအတွက် HIVတောင်စိုးရိမ်ရတဲ့ အခြေအနေဖြစ်လာနိုင်တယ်။ဒါ့ကြောင့်အမြန်ဆုံး အရေးယူဖို့ကျွန်တော်တို့အဖွဲ့ချုပ်က ပြောထားပါတယ်"ဟုအဆိုပါဆွေးနွေးပွဲတွင်ပါဝင်ခဲ့သည့် ုမြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (MICS)အထွေထွေအတွင်းရေးမှူးချုပ်ဦးသက်နှင်းအောင်ကပြောပါတယ်။
လှိုင်သာယာရှိ အလုပ်သမားတစ်ထောင်ကျော်ရှိသောအထည်ချုပ်စက်ရုံတွင် သွေးဖောက်၍ တစ်ခါသုံးကိုဗစ်စက်များဖြင့်သွေးစစ်ပြီးနောက် ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှစက်ရုံအား ခံဝန်ထိုးအရေးယူခဲ့သော်လည်း အဆိုပါစက်ရုံခွဲဖြစ်သောရွှေပြည်သာရှိစက်ရုံတွင်နောက်တစ်ရက်ရက်၌ သွေးဖောက်၍ကိုဗစ်စစ်ဆေးခြင်းများကိုပြုလုပ်ခဲ့ပြီး အရေးယူမှုမရှိခဲ့ကြောင်းသိရပါတယ်။
"အလုပ်ရှင်တွေ ဥပဒေချိုးဖောက်ရင် တကယ်တမ်းကြတော့ဒီဟာကခံဝန်ကတိနဲ့ဘဲပြီးရမဲ့ ကိစ္စမှမဟုတ်တာ။အလုပ်ရှင်ဥပဒေချိုးဖောက်တာကြ ခံဝန်နဲ့ဘဲပြီးနေရင် ဒါနိုင်ငံအတွက်ကောင်းတဲ့လမ်းကြောင်းမှမဟုတ်တာ။ကျန်းမာရေးဝန်ကြီးဌာနကလည်းခွင့်မပြုပါဘူး ပြောနေရင်းနဲ့ကိုသူ့ရဲ့စက်ရုံတွေမှာလည်း အလားတူကိစ္စမျိုူလုပ်တယ်ဆိုတာမဖြစ်သင့်ပါဘူး"ဟု ဦးသက်နှင်းအောင်ကထပ်လောင်းပြောကြားပါတယ်။
အထည်ချုပ်စက်ရုံများတွင် မိမိ အစီအစဉ်ဖြင့် ကိုဗစ်စစ်ခြင်းများမပြုလုပ်ရန် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနခွင့်ပြုချက်မရှိဘဲ လုံးဝဆောင်ရွက်ခြင်းမပြုရန်နှင့် ထိုသို့ပြုလုပ်သည်ကို စစ်ဆေးတွေရှိပါက တရားစွဲခံရနိုင်ကြောင်း အောက်တိုဘာ၁၃ရက်နေ့ညပိုင်းတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA က အသိပေးညွှန်ကြားချက် တစ်ရပ်ကိုထုတ်ပြန်ခဲ့ပါတယ်

 

MYANMAR GARMENT MANUFACTURERS ASSOCIATION

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

9th Floor, UMFCCI, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon. Tel: +95 1 2314829, 2300253,

Email: This email address is being protected from spambots. You need JavaScript enabled to view it., Website: www.myanmargarments.org

အသိပေး ညွှန်ကြားခြင်း

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်။

အကြောင်းအရာ ။ ။ စက်ရုံတွင် မိမိအစီအစဉ်ဖြင့် covID-19 ရောဂါစစ်ဆေးခြင်းလုပ်ငန်းများ မလုပ်ကြရန် အသိပေးညွှန်ကြားခြင်း။

၁။ လတ်တလော Coronavirus Disease 2019 (CoVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် covID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကသာ တာဝန်ယူဆောက်ရွက်လျက်ရှိပါသည်။ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများအားလုံးကို မိမိအစီ အစဉ်ဖြင့် coVID-19 ရောဂါပိုး ရှိမရှိ စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရန် တရားဝင်ခွင့်ပြုထားခြင်း မရှိပါ။

၂။ CoVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် ပတ်သက်၍ အသင်းဝင်စက်ရုံများ လိုက်နာဆောင်ရွက်ရန် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ သို့ လမ်းညွှန်ချက် version 4.0 နှင့် Version 4.1 တို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။

၃။ သို့ပါ၍ covID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် မိမိစက်ရုံတွင် မိမိအစီအစဉ်ဖြင့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ယူ၍လည်းကောင်း၊ လက်ချောင်းထိပ်သွေးဖောက်၍ လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခု အသုံးပြု၍လည်းကောင်း CoVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းကို ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရဘဲ လုံးဝ ဆောင်ရွက်ခြင်းမပြုလုပ်ကြရန် နှင့် ထိုသို့ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ဆောင်ရွက်ခြင်းကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့် တရားစွဲခံရနိုင်ကြောင်း အသိပေးညွှန်ကြားအပ်ပါသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

test.jpg

 

Read times Last modified on Sunday, 18 October 2020 12:54
Rate this item
(0 votes)