What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 18 October 2020 18:32

ဧရာဝတီဖောင်ဒေးရှင်း Mask စက်ရုံမှ ခုရေ ငါးသန်းခန့်အထိ အခမဲ့ဖြန့်ဝေမည်

ဧရာဝတီဖောင်ဒေးရှင်းအနေနှင့် ယခု COVID-19 ကူးစက်ကာလအတွင်း အများပြည်သူအတွက် လိုအပ်ချက်မြင့်မားနေသော

ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ ထုတ်လုပ်ရန်အတွက် စက်ရုံတစ်ရုံကို တည်ဆောက်ခဲ့ရာ ယခုအခါ ထိုစက်ရုံကို စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ တစ်နေ့တခြားအခြေအနေပိုမိုဆိုးရွားလာနေသော COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် လေထုညစ်ညမ်းမှုဒဏ်မှ ပြည်သူများကို အကာအကွယ်ပေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ ထုတ်လုပ်သောစက်ရုံကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို Mask စက်ရုံကို ပြည်ပမှပညာရှင်များဦးဆောင်ကာ တပ်ဆင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း၊ စက်ရုံ၏ထုတ်လုပ်နိုင်မှုအနေနှင့် တစ်နာရီလျှင် Mask အခုရေ ၅၀ဝ၀ ခန့်နှင့် တစ်ရက်လျှင် Mask အခုရေ ၅၀ဝ၀ဝ ဝန်းကျင်အထိ ထုတ်လုပ်နိုင်ကြောင်း သိရသည်။

လတ်တလောတွင် စက်ရုံမှထွက်ရှိလာသော ပါးစပ်နှင့်နှာခေါင်းစည်းများကို ဝင်ငွေနည်းပါးသော ပြည်သူများနှင့် အခြားသော Mask လိုအပ်သူများသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး စုစုပေါင်း Mask အခုရေငါးသန်းခန့်အထိ ဖြန့်ဝေလှူဒါန်းသွားရန် ရည်မှန်းထားကြောင်း သိရသည်။

ဧရာဝတီဖောင်ဒေးရှင်းအနေနှင့် ယခု COVID-19 ဒုတိယလှိုင်းကာလတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ပိုးတွေ့လူနာများပြားလာသည့်အတွက် တစ်ဖက်တစ်လမ်းမှ ကူညီသည့်အနေနှင့် သုဝဏ္ဏမြက်ခင်းတု ကွင်းတွင် ကိုဗစ်ယာယီကုသရေးဌာနကို တည်ဆောက်ပေးခဲ့ပြီး လိုအပ်သောပစ္စည်းကိရိယာများ၊ ဆေးဝါးများအပြင် ကုသမှုခံယူသော လူနာများနှင့် ကုသရေးတာဝန်ရှိသူများ၏ နေထိုင်စားသောက်ရေးအတွက် ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။

myotaw.news

Read times
Rate this item
(0 votes)