What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 March 2020 15:45

COVID-19 ရောဂါ တိုက်ဖျက်ကုသရေး လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီရန် တရုတ်နိုင်ငံမှ ကျွမ်းကျင် ပညာရှင် အဖွဲ့ လာရောက်မည်

90251442_832926683874316_4730726126572273664_n.png
 

မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေး ၊ ကုသရေး လုပ်ငန်းများ နှင့် ရောဂါရှာဖွေရေး လုပ်ငန်းများတွင် ပါဝင် ဝိုင်းဝန်း ကူညီဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ယနေ့ မတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။


“တရုတ်ပြည်သူ့သမ္မတ နိုင်ငံက ကျွမ်းကျင်တဲ့ ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့မကြာမီ ဧပြီလဆန်းပိုင်း မှာ COVID-19 တိုက်ဖျက်ရေးနဲ့ ကုသရေး လုပ်ငန်းများနဲ့ ရောဂါရှာဖွေရေး လုပ်ငန်းများမှာ ပါဝင်ဝိုင်းဝန်း ကူညီ ဆောင်ရွက် သွားဖို့ အတွက် စီစဉ်ထားပြီး ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။


တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ ယူနန်ပြည်နယ်မှ ကျန်းမာရေး နှင့် ပတ်သက်သည့် အဖွဲ့တစ်ဖွဲ့သည် ဧပြီလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ကာ ၁၄ ရက်ကြာ နေထိုင်ပြီး မြန်မာနိုင်ငံရှိ ကျွမ်းကျင်ပညာရှင်များနှင့် အတူ လုပ်ငန်းများ လုပ်ကိုင်ပြီး COVID-19 နှင့် ပတ်သတ်သော ရောဂါ အတွေ့အကြုံများကို ဖလှယ်ကြမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူသမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က တရုတ်နိုင်ငံ အစိုးရ နှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ မြန်မာနိုင်ငံသို့ ဆေးကုသပစ္စည်းများကို ဆက်လက် လှူဒါန်းသွားမည် ဖြစ်ပြီး သံရုံးအနေဖြင့်လည်း တွန်းအားပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ် Medical Team နှင့် ပတ်သက်၍လည်း သံရုံး အနေဖြင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် အနီးကပ် ညှိနှိုင်းဆွေးနွေးလျက် ရှိနေပြီး ယင်းအဖွဲ့အား မြန်မာနိုင်ငံသို့ အမြန်ဆုံး ရောက်ရှိရန် တွန်းအားပေးနေကြောင်း ပြောကြားခဲ့သည်။


ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က “ဒီအဖွဲ့မှာ ကူးစက်ရောဂါ ဆိုင်ရာ ရောဂါကာကွယ်တဲ့ ကာကွယ်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ ပညာရှင်တွေလဲ ပါသလို ၊ COVID-19 ဓာတ်ခွဲအတည်ပြုပြီးသား ရောဂါလူနာများကို ကုသတဲ့ အဖွဲ့လဲ ပါပါတယ်။

 

ကျွန်တော်တို့ နိုင်ငံကို လာမယ့် ဆေးဘက်ဆိုင်ရာ အဖွဲ့ထဲမှာ တရုတ်တိုင်းရင်းဆေးပညာ ကျွမ်းကျင်တဲ့ ပညာရှင်ပါလာပြီးတော့ တရုတ်တိုင်းရင်းဆေးများလဲ သယ်လာမယ်လို့ သိရပါတယ်။ ရောဂါကို ရှာဖွေကုသနိုင်တဲ့ ဓာတ်ခွဲ ပညာရှင်များလဲ ပါလာမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ကျွန်တော်တို့နိုင်ငံမှာ ၁၄ ရက်တိတိ နေထိုင်ပြီးတော့ မြန်မာပညာရှင်များနဲ့ အတွေ့အကြုံ ဖလှယ်တဲ့ ကိစ္စတွေ ဆောင်ရွက်မယ်။ သင်တန်းပေးခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ပြီးတော့ ဓာတ်ခွဲအဖွဲ့အနေနဲ့ တစ်နေ့ လူအယောက် ၂၀၀ ကို COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးပေးနိုင်တဲ့ ဓာတ်ခွဲခန်းလဲ ပါလာမှာ ဖြစ်ပါတယ်။”ဟု စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို ပြောကြားခဲ့သည်။

 

အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံ၌ COVID-19 နဲ့ ပတ်သက်ပြီး ဓာတ်ခွဲ အတည်ပြုပေးနေသည့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းနှင့် ပူးတွဲ၍ အတူတကွ COVID-19 ရောဂါကို ရှာဖွေနိုင်သည့် ဓာတ်ခွဲလုပ်ငန်းများကိုလည်း ပူးတွဲ ဆောင်ရွက်ရန် အစီအစဉ်များ လုပ်ထားကြောင်းလည်း သိရသည်။


တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရထံသို့ COVID-19 ရောဂါတိုက်ဖျက်ရေး ပစ္စည်းများအား မတ် ၁၇ ရက်တွင် ပထမ အသုတ် လူဦးရေ ၂,၀၁၆ ဦးစာ COVID-19 ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲစစ်ဆေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒုတိယ အသုတ် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၅,၀၀၀ ၊ N95 နှာခေါင်းစည်း ၅,၀၀၀ နှင့် တစ်ခါသုံးနှာခေါင်းစည်း ၂ သိန်းတို့အား မတ် ၂၆ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ၊ ထို့အတူ မြန်မာဘက်၏ အခက်အခဲ နှင့် လိုအပ်ချက် အပေါ် မူတည်ပြီး တရုတ်ဘက်က မြန်မာနိုင်ငံကို အပူချိန်တိုင်း ကိရိယာများ ပို့ဆောင်ရန် စီစဉ်နေပြီး အမြန်ဆုံး လွှဲပေးမည် ဖြစ်ကြောင်း သိရသည်။

(Xinhua)

90165828_212716063139335_1462378197545910272_n.png



(Zawgyi Version)


ျမန္မာႏိုင္ငံ COVID-19 ေရာဂါ တိုက္ဖ်က္ကုသေရး လုပ္ငန္းမ်ားတြင္ ဝိုင္းဝန္းကူညီရန္ တ႐ုတ္ႏိုင္ငံမွ ကြၽမ္းက်င္ ပညာရွင္ အဖြဲ႕ လာေရာက္မည္



ျမန္မာႏိုင္ငံ COVID-19 ေရာဂါ တိုက္ဖ်က္ေရး ၊ ကုသေရး လုပ္ငန္းမ်ား ႏွင့္ ေရာဂါရွာေဖြေရး လုပ္ငန္းမ်ားတြင္ ပါဝင္ ဝိုင္းဝန္း ကူညီေဆာင္႐ြက္ရန္ တ႐ုတ္ႏိုင္ငံမွ ကြၽမ္းက်င္ပညာရွင္အဖြဲ႕ ျမန္မာႏိုင္ငံသို႔ လာေရာက္မည္ ျဖစ္ေၾကာင္း က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန ၊ ဝန္ႀကီး႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္က ယေန႔ မတ္ ၃၀ ရက္တြင္ ေျပာၾကားခဲ့သည္။

 


“တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံက ကြၽမ္းက်င္တဲ့ ပညာရွင္ေတြ ပါဝင္တဲ့ အဖြဲ႕တစ္ဖြဲ႕မၾကာမီ ဧၿပီလဆန္းပိုင္း မွာ COVID-19 တိုက္ဖ်က္ေရးနဲ႔ ကုသေရး လုပ္ငန္းမ်ားနဲ႔ ေရာဂါရွာေဖြေရး လုပ္ငန္းမ်ားမွာ ပါဝင္ဝိုင္းဝန္း ကူညီ ေဆာင္႐ြက္ သြားဖို႔ အတြက္ စီစဥ္ထားၿပီး ျဖစ္ပါတယ္။”ဟု ၎က ေျပာၾကားခဲ့သည္။


တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံ ၊ ယူနန္ျပည္နယ္မွ က်န္းမာေရး ႏွင့္ ပတ္သက္သည့္ အဖြဲ႕တစ္ဖြဲ႕သည္ ဧၿပီလဆန္းပိုင္းတြင္ ျမန္မာႏိုင္ငံသို႔ လာေရာက္ကာ ၁၄ ရက္ၾကာ ေနထိုင္ၿပီး ျမန္မာႏိုင္ငံရွိ ကြၽမ္းက်င္ပညာရွင္မ်ားႏွင့္ အတူ လုပ္ငန္းမ်ား လုပ္ကိုင္ၿပီး COVID-19 ႏွင့္ ပတ္သတ္ေသာ ေရာဂါ အေတြ႕အႀကဳံမ်ားကို ဖလွယ္ၾကမည္ ျဖစ္ေၾကာင္း သိရသည္။


ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူသမၼတ ႏိုင္ငံ သံအမတ္ႀကီး မစၥတာ ခ်န္းဟိုင္က တ႐ုတ္ႏိုင္ငံ အစိုးရ ႏွင့္ ပုဂၢလိက က႑တို႔မွ ျမန္မာႏိုင္ငံသို႔ ေဆးကုသပစၥည္းမ်ားကို ဆက္လက္ လႉဒါန္းသြားမည္ ျဖစ္ၿပီး သံ႐ုံးအေနျဖင့္လည္း တြန္းအားေပးသြားမည္ ျဖစ္ေၾကာင္း ၊ တ႐ုတ္ Medical Team ႏွင့္ ပတ္သက္၍လည္း သံ႐ုံး အေနျဖင့္ က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန ႏွင့္ အနီးကပ္ ညႇိႏႈိင္းေဆြးေႏြးလ်က္ ရွိေနၿပီး ယင္းအဖြဲ႕အား ျမန္မာႏိုင္ငံသို႔ အျမန္ဆုံး ေရာက္ရွိရန္ တြန္းအားေပးေနေၾကာင္း ေျပာၾကားခဲ့သည္။


က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန ၊ ဝန္ႀကီး႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္က “ဒီအဖြဲ႕မွာ ကူးစက္ေရာဂါ ဆိုင္ရာ ေရာဂါကာကြယ္တဲ့ ကာကြယ္ေရး လုပ္ငန္းေတြကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္တဲ့ ပညာရွင္ေတြလဲ ပါသလို ၊ COVID-19 ဓာတ္ခြဲအတည္ျပဳၿပီးသား ေရာဂါလူနာမ်ားကို ကုသတဲ့ အဖြဲ႕လဲ ပါပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံကို လာမယ့္ ေဆးဘက္ဆိုင္ရာ အဖြဲ႕ထဲမွာ တ႐ုတ္တိုင္းရင္းေဆးပညာ ကြၽမ္းက်င္တဲ့ ပညာရွင္ပါလာၿပီးေတာ့ တ႐ုတ္တိုင္းရင္းေဆးမ်ားလဲ သယ္လာမယ္လို႔ သိရပါတယ္။

 

ေရာဂါကို ရွာေဖြကုသႏိုင္တဲ့ ဓာတ္ခြဲ ပညာရွင္မ်ားလဲ ပါလာမွာ ျဖစ္ပါတယ္။ ဒီအဖြဲ႕ဟာ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ၁၄ ရက္တိတိ ေနထိုင္ၿပီးေတာ့ ျမန္မာပညာရွင္မ်ားနဲ႔ အေတြ႕အႀကဳံ ဖလွယ္တဲ့ ကိစၥေတြ ေဆာင္႐ြက္မယ္။ သင္တန္းေပးျခင္း လုပ္ငန္းေတြကို ေဆာင္႐ြက္ၿပီးေတာ့ ဓာတ္ခြဲအဖြဲ႕အေနနဲ႔ တစ္ေန႔ လူအေယာက္ ၂၀၀ ကို COVID-19 ေရာဂါ ရွိ/မရွိ စစ္ေဆးေပးႏိုင္တဲ့ ဓာတ္ခြဲခန္းလဲ ပါလာမွာ ျဖစ္ပါတယ္။”ဟု စီစဥ္ေဆာင္႐ြက္ထားမႈ အေျခအေနမ်ားကို ေျပာၾကားခဲ့သည္။


အဆိုပါ အဖြဲ႕သည္ ျမန္မာႏိုင္ငံ၌ COVID-19 နဲ႔ ပတ္သက္ၿပီး ဓာတ္ခြဲ အတည္ျပဳေပးေနသည့္ ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲခန္းႏွင့္ ပူးတြဲ၍ အတူတကြ COVID-19 ေရာဂါကို ရွာေဖြႏိုင္သည့္ ဓာတ္ခြဲလုပ္ငန္းမ်ားကိုလည္း ပူးတြဲ ေဆာင္႐ြက္ရန္ အစီအစဥ္မ်ား လုပ္ထားေၾကာင္းလည္း သိရသည္။


တ႐ုတ္ႏိုင္ငံအစိုးရမွ ျမန္မာႏိုင္ငံအစိုးရထံသို႔ COVID-19 ေရာဂါတိုက္ဖ်က္ေရး ပစၥည္းမ်ားအား မတ္ ၁၇ ရက္တြင္ ပထမ အသုတ္ လူဦးေရ ၂,၀၁၆ ဦးစာ COVID-19 ဗိုင္းရပ္စ္ပိုး ဓာတ္ခြဲစစ္ေဆးကိရိယာမ်ား ေထာက္ပံ့ေပးအပ္ခဲ့ၿပီး ဒုတိယ အသုတ္ တစ္ကိုယ္ရည္သုံး ေရာဂါကာကြယ္ေရးဝတ္စုံ (PPE) ၅,၀၀၀ ၊ N95 ႏွာေခါင္းစည္း ၅,၀၀၀ ႏွင့္ တစ္ခါသုံးႏွာေခါင္းစည္း ၂ သိန္းတို႔အား မတ္ ၂၆ ရက္တြင္ ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း ၊ ထို႔အတူ ျမန္မာဘက္၏ အခက္အခဲ ႏွင့္ လိုအပ္ခ်က္ အေပၚ မူတည္ၿပီး တ႐ုတ္ဘက္က ျမန္မာႏိုင္ငံကို အပူခ်ိန္တိုင္း ကိရိယာမ်ား ပို႔ေဆာင္ရန္ စီစဥ္ေနၿပီး အျမန္ဆုံး လႊဲေပးမည္ ျဖစ္ေၾကာင္း သိရသည္။

(Xinhua)

Read times Last modified on Monday, 30 March 2020 16:07
Rate this item
(1 Vote)