What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 22 October 2020 14:23

ရုရှားနိုင်ငံက ကိုဗစ်- ၁၉ ကာကွယ်ဆေးကို နိုဝင်ဘာလ အစောပိုင်းတွင် စတင်ဖြန့်ဝေမည်

ရုရှားနိုင်ငံအတွင်း ထုတ်လုပ်ထား သည့် ကိုဗစ်- ၁၉ ကာကွယ်ဆေးကို လာမည့် နိုဝင်ဘာလအစောပိုင်းတွင် စတင်ဖြန့်ဝေမည်ဖြစ်ကြောင်း သိရ သည်။

 

ကျွမ်းကျင်သူအချို့က ရုရှား နိုင်ငံ၏ ကာကွယ်ဆေး မြန်မြန် ဆန်ဆန် ထုတ်လုပ်နိုင်ခဲ့မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သော်လည်း ရုရှားက ကာကွယ်ဆေးကို ဖြန့်ဝေရန် စီစဉ် ခဲ့ခြင်း ဖြစ်သည်။

 

ကိုဗစ်- ၁၉ ကာကွယ်ဆေးကို ရုရှားနိုင်ငံ Gamaleya ကူးစက်ရောဂါ ဗေဒနှင့် အဏုဇီ၀ဗေဒဆိုင်ရာ အမျိုး သားသုတေသနစင်တာက ထုတ်လုပ် လိုက်ခြင်းဖြစ်သည်။

 

ကာကွယ်ဆေးကို လာမည့် နိုဝင်ဘာလအစောပိုင်းတွင် စတင် ဖြန့်ဝေမည့် အစီအစဉ်နှင့် ပတ်သက်၍ အဆိုပါ သုတေသနစင်တာ အကြီး အကဲ အလက်ဇန်းဒါး ဂင့်စ်ဘာ့ဂ်က အောက်တိုဘာ ၂၀ ရက်က သတင်း ထောက်များသို့ ပြောကြားခဲ့သည်။

 

ကာကွယ်ဆေး စတင်ဖြန့်ဝေမည့် နိုဝင်ဘာလ အစောပိုင်းရောက်လျှင် ကျန်းမာရေးဝန်ထမ်းများနှင့် ပညာ ရေးဝန်ထမ်းများကို ဦးစွာဖြန့်ဝေပေး မည်ဖြစ်ကြောင်း ဂင့်စ်ဘာ့ဂ်က ပြော သည်။

 

ယင်းနောက်မှသာ အခြားမည် သည့် လူတန်းစားမဆို ကာကွယ်ဆေး ကို တန်းတူရရှိမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ရုရှားအစိုးရက Sputnik V ကိုဗစ်- ၁၉ ကာကွယ်ဆေးကို ဩဂုတ် လအတွင်း ခွင့်ပြုချက်ပေးခဲ့သည်။

 

၁၉၅၇ ခုနှစ် ယခင်ဆိုဗီယက် ပြည်ထောင်စုက လွှင့်တင်ခဲ့သည့် ကမ္ဘာ့ပထမဆုံးဂြိုဟ်တုကို အစွဲပြု လျက် ကာကွယ်ဆေးအမည်ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကာကွယ်ဆေးစမ်းသပ်မှုနောက် ဆုံးအဆင့်တွင် လက်ရှိပူးပေါင်းပါဝင် နေသည့် ပြည်သူ ၄၀၀၀၀ ခန့်ရှိ ကြောင်း ဖော်ပြထားသည်။

 

ကျွမ်းကျင်သူအချို့က ရုရှားနိုင်ငံ အနေဖြင့် ကာကွယ်ဆေးစမ်းသပ်မှု ဖြစ်စဉ်ကို အလောတကြီး လုပ်ဆောင် ရန် မသင့်ကြောင်း ပြောကြားခဲ့သည်။

 

Myanmar Alinn

Read times
Rate this item
(0 votes)