What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 27 April 2020 14:51

Rockford တွင် ကိုရိုနာဗိုင်းရပ်စ်အတွက် ပထမဆုံး drive-thru test ကိုစတင်

Rockford မြို့တော်၏ University of Illinois College of Medicine တွင် ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်မှုအတွက် Drive-Thru စနစ်ကို စတင်အသုံးပြုခဲ့ကြောင်း ပထမဆုံးစမ်းသပ်သည့်နေ့မှာပင် လူပေါင်း ၃၆၄ ယောက်ကို စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း wifr.com ၏ဖော်ပြချက်အရသိရသည်။

 

Drive-thru စနစ်ဆိုသည်မှာ မိမိတို့၏ကားဖြင့် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးပေးရာနေရာသို့ သွားရောက်အစစ်ဆေး ခံရခြင်းဖြစ်သည်။ ယခုလိုစစ်ဆေးခြင်းဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှု ကိုကာကွယ်နိုင်မည်လည်းဖြစ်သည်။

 

ယခုလိုစစ်ဆေး မှုနှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးမှလည်း “ ကျွန်တော်ရဲ့ဆေးပညာဆိုင်ရာ ဗဟုသုတတွေကို ဒီမှာအသုံးချခွင့်ရလို့ အရမ်းဝမ်းသာအားရဖြစ်ရပါတယ်။ တကယ်လို့များ တစ်ယောက်ယောက်မှာ ပိုးတွေ့ခဲ့ပြီဆိုရင် စိတ်ချမ်းချမ်းသာသာနဲ့ ဆက်လက်ကုသမှုကိုခံယူနိုင်မှာဖြစ်ပါတယ်။

 

ဒီလိုဖြစ် အောင်လည်း ကျွန်တော်တို့အနေနဲ့ Drive-thru စနစ်ကို အသုံးပြုရတာပါ ” ဟု ပြောဆိုခဲ့သည်။ဒီအတွက် စေတနာဝန်ထမ်းတွေလိုအပ်ပြီး ပါဝင်ကူညီပေးသူများကိုလည်း ယခုလိုလုပ်ဆောင်နေချိန်ကာလမှာ မိသားစုနှင့်ခွဲထားကြောင်း သိရှိရသည်။

 

ယခုလိုအစစ်ဆေးခံရန်အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာပြရမည်ဖြစ်ပြီး မနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ စမ်းသပ်ခံလိုသူများသည် ကိုယ်တိုင်ပြုလုပ်ရမည်ဖြစ်သော self-nasal swab စမ်းသပ် မှုကိုလုပ်ဆောင်ရမည်ဖြစ်သည်။

 

Nasal Swab test ဆိုသည်မှာ နှာခေါင်းနှင့် လည်ချောင်းတို့နောက်အတွင်းနောက်ပိုင်းရှိ စွန့်ထုတ်ပစ္စည်းများကို နမူနာယူကာစမ်းသပ်ခြင်းလည်းဖြစ်သည်။

 

<<< Zawgyi >>>

 

Rockford တြင္ ကို႐ိုနာဗိုင္းရပ္စ္အတြက္ ပထမဆံုး drive-thru test ကိုစတင္

--------------------------------------

 

Rockford ၿမိဳ႕ေတာ္၏ University of Illinois College of Medicine တြင္ ကို႐ိုနာဗိုင္းရပ္စ္စမ္းသပ္မႈအတြက္ Drive-Thru စနစ္ကို စတင္အသံုးျပဳခဲ့ေၾကာင္း ပထမဆံုးစမ္းသပ္သည့္ေန႔မွာပင္ လူေပါင္း ၃၆၄ ေယာက္ကို စမ္းသပ္စစ္ေဆးေပးခဲ့ေၾကာင္း wifr.com ၏ေဖာ္ျပခ်က္အရသိရသည္။

 

Drive-thru စနစ္ဆိုသည္မွာ မိမိတို႔၏ကားျဖင့္ ကို႐ိုနာဗိုင္းရပ္စ္စစ္ေဆးေပးရာေနရာသို႔ သြားေရာက္အစစ္ေဆး ခံရျခင္းျဖစ္သည္။ ယခုလိုစစ္ေဆးျခင္းျဖင့္ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈ ကိုကာကြယ္ႏိုင္မည္လည္းျဖစ္သည္။

 

ယခုလိုစစ္ေဆး မႈႏွင့္ပတ္သက္ၿပီး တာ၀န္ရွိသူတစ္ဦးမွလည္း “ ကၽြန္ေတာ္ရဲ႕ေဆးပညာဆိုင္ရာ ဗဟုသုတေတြကို ဒီမွာအသံုးခ်ခြင့္ရလို႔ အရမ္း၀မ္းသာအားရျဖစ္ရပါတယ္။ တကယ္လို႔မ်ား တစ္ေယာက္ေယာက္မွာ ပိုးေတြ႕ခဲ့ၿပီဆိုရင္ စိတ္ခ်မ္းခ်မ္းသာသာနဲ႔ ဆက္လက္ကုသမႈကိုခံယူႏိုင္မွာျဖစ္ပါတယ္။

 

ဒီလိုျဖစ္ ေအာင္လည္း ကၽြန္ေတာ္တို႔အေနနဲ႔ Drive-thru စနစ္ကို အသံုးျပဳရတာပါ ” ဟု ေျပာဆိုခဲ့သည္။ဒီအတြက္ ေစတနာ၀န္ထမ္းေတြလိုအပ္ၿပီး ပါ၀င္ကူညီေပးသူမ်ားကိုလည္း ယခုလိုလုပ္ေဆာင္ေနခ်ိန္ကာလမွာ မိသားစုႏွင့္ခဲြထားေၾကာင္း သိရွိရသည္။

 

ယခုလိုအစစ္ေဆးခံရန္အတြက္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါလကၡဏာျပရမည္ျဖစ္ၿပီး မနက္ ၈ နာရီမွ ညေန ၄ နာရီအထိ ၀န္ေဆာင္မႈေပးႏိုင္မည္ျဖစ္သည္။ စမ္းသပ္ခံလိုသူမ်ားသည္ ကိုယ္တိုင္ျပဳလုပ္ရမည္ျဖစ္ေသာ self-nasal swab စမ္းသပ္ မႈကိုလုပ္ေဆာင္ရမည္ျဖစ္သည္။

 

Nasal Swab test ဆိုသည္မွာ ႏွာေခါင္းႏွင့္ လည္ေခ်ာင္းတို႔ေနာက္အတြင္းေနာက္ပိုင္းရွိ စြန္႔ထုတ္ပစၥည္းမ်ားကို နမူနာယူကာစမ္းသပ္ျခင္းလည္းျဖစ္သည္။

 

Ref ; 23 WIFR

Read times
Rate this item
(0 votes)