What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 22 November 2020 18:49

COVID အလှူဆိုကာ ငွေလိမ်လည်တောင်းခံမှုများ သတိပြုရန် ဧရာဝတီဘဏ် သတိပေးချက်ထုတ်ပြန်

COVID-19 အတွက် အလှူငွေ ပေးအပ်လှူဒါန်းမှုများ အလှူငွေတောင်းခံမှုများ အကြောင်းပြ ငွေလိမ်လည်တောင်းခံမှုမျာ သတိပြုရန် ဧရာဝတီဘဏ်မှ

သတိပေးချက်ထုတ်ပြန်ထားပါသည်။

ဧရာဝတီဘဏ်အနေဖြင့် ဧရာဝတီဘဏ် / AYA Bank အမည်ဖြင့် သော်လည်းကောင်း၊ ဧရာဝတီဖောင်ဒေးရှင်း အမည်ဖြင့် သော်လည်းကောင်း၊ ဧရာဝတီဘဏ် ဥက္ကဌဦးဇော်ဇော်၏ နာမည်ကို အသုံးပြု၍ သော်လည်းကောင်း COVID-19 အတွက် အလှူငွေ ပေးအပ်လှူဒါန်းမှုများ အလှူငွေတောင်းခံမှုများကို ပြုလုပ်စီစဉ်ထားခြင်းမရှိပါ။
သို့သော် အမည်မသိဖုန်းနံပါတ်များမှ တဆင့် COVID-19 အတွက် အလှူငွေ ပေးအပ်လှူဒါန်းမှုများ အလှူငွေတောင်းခံမှုများနှင့် ပတ်သက်၍ စာတိုများပေးပို့ကာ ကိုယ်ရေးအချက်အလက်များ တောင်းခံခြင်း၊ Password တောင်းခံခြင်း၊ ဘဏ်စာရင်းနှင့် ကတ်မှ နံပါတ်များ တောင်းခံခြင်း၊ အခြားmobile wallet များဖြင့် ငွေတောင်းခံခြင်းများကို တွေ့ရှိရပါသည်။
ထို့ကြောင့် ဧရာဝတီဘဏ်အနေဖြင့် မည်သူတစ်ဦးတယောက်ကိုမှ အဆိုပါအချက်များကို မည်သည့်အခါမှ တောင်းခံခြင်း မရှိပါသဖြင့် (လုံးဝ) မပေးရန် လိုအပ်ကြောင်းနှင့် အထူးသတိပြုရန် အရေးကြီးကြောင်း အသိပေးအပ်ပါသည်။ (အဆိုပါကိစ္စရပ်များကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများအတွက် ပြုလုပ်သူ၏ တာဝန်သာဖြစ်ပါသည်။)
သံသယဖြစ်ဖွယ် တစုံတရာ ရှိပါက
AYA Bank Contact Centre - 01 2317777 သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

Read times
Rate this item
(1 Vote)