What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 December 2021 09:59

Omicron မျိုးကွဲရဲ့ အန္တရာယ် ပြင်းထန်မှု ယတိပြတ် မပြောနိုင်သေး

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အိုမီခရွန်ဟာ အခုဆိုရင် နိုင်ငံပေါင်း ၄၀ ကို ပျံ့နှံ့နေပြီ ဖြစ်ပြီ

း အမေရိကန်ပြည်ထောင်စု ပြည်နယ် ၅၀ ထဲမှာ ၁၆ ပြည်နယ်မှာ ဖြစ်ပွားနေပါတယ်။
ဒါပေမယ့်လည်း အိုမီခရွန် မျိုးကွဲဟာ ကူးစက်ခံထားရသူတွေရဲ့ ကျန်းမာရေးကို ဘယ်လောက် ထိခိုက်စေသလဲဆိုတာ မသေချာသေးကြောင်း အမေရိကန်အစိုးရ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
သိပ်ပြီး ပြင်းထန်လွန်းတဲ့ သဘောမျိုး မတွေ့ရကြောင်း အမေရိကန် ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Antony Fauci က CNN ရုပ်သံရဲ့ State of the Union အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း နိုင်ငံတခုကနေ တခုကို ကူးစက်လာနေတဲ့ အိုမီခရွန် မျိုးကွဲအကြောင်း ပိုပြီး သိရှိ နားမလည်သေးခင်မှာတော့ အကဲဖြတ်မစောဖို့ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။
အမေရိကန် ကျန်းမာရေးဆိုင်ရာ အမျိုးသား အင်စတီကျုရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ Francis Collins ကလည်း အိုမီခရွန်အရေး မသေချာသေးကြောင်း NBC ရဲ့ Meet the Press အစီအစဉ်မှာ ပြောပါတယ်။
အိုမီခရွန်မျိုးကွဲက အရင်တွေ့ရတဲ့ မျိုးကွဲတွေထက် အန္တရာယ်နည်းသလား ဆိုတာကို သိရဖို့ သိပ္ပံပညာရှင်တွေ အချိန်ပြည့် ကြိုးစားရှာဖွေနေကြောင်း ပြောပါတယ်။

ဗီအိုအေ

Read times
Rate this item
(0 votes)