What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 05 December 2020 12:04

မြို့နယ်ရှစ်ခုမှ ရောဂါလက္ခဏာခံစားနေရသူများကို ဗဟန်း၊ မရမ်းကုန်းနှင့် စမ်းချောင်းမြို့နယ်သုံးခု ထပ်တိုးကာ စစ်ဆေးပေးမည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသော Test & Care ဧရာဝတီစင်တာ အနေဖြင့် နိုဝင်ဘာလ (၂၄)ရက်နေ့မှ စတင်၍ ဗဟန်း၊ မရမ်းကုန်း၊ စမ်းချောင်းမြို့နယ်တို့မှ Covid-19 ရောဂါလက္ခဏာခံစားနေရသူများကို တိုးမြှင့်လက်ခံကာ စစ်ဆေးပေးသွားမည် ဖြစ်ပါသည်။

 

Test & Care ဧရာဝတီစင်တာသည် ရှေ့တန်းမှ အနစ်နာခံကာ တာဝန်ထမ်းဆောင် လျက်ရှိသော ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီများ၊ စေတနာ့ဝန်ထမ်းများနှင့် သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ တာမွေ၊ တောင်ဥက္ကလာပမြို့နယ်တို့မှ ရောဂါလက္ခဏာခံစားနေရသူ စုစုပေါင်း (၁၁၀၀၀)ကျော်ကို ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ကာ ပိုးတွေ့ရှိသူများကို သက်ဆိုင်ရာ ကုသရေးစင်တာ (သို့) ဆေးရုံများထံသို့ လိုက်လံပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါသည်။

 

စစ်ဆေးမှုခံယူရန်အတွက် လိုက်နာဆောင်ရမည့် နည်းလမ်းများ

▪️Test & Care ဧရာဝတီစင်တာတွင် စစ်ဆေးမှုခံယူနိုင်ရန်အတွက် အောက်ဖော်ပြပါ Website URL မှတစ်ဆင့် အချက်အလက်ပြည့်စုံစွာဖြည့်သွင်း၍ ကြိုတင်လျှောက်ထားရမည် ဖြစ်သည်။

▪️စစ်ဆေးမှုခံယူရမည့် သူများထံသို့ QR Code၊ Patient ID နှင့် လာရောက်စစ်ဆေးရမည့် နေ့ရက်၊ အချိန်တို့ကို ကာယကံရှင်၏ ဖုန်းနံပါတ်သို့ အချိန်နှင့်တပြေးညီ SMS ပေးပို့သွားမည်ဖြစ်ပါသည်။

▪️စစ်ဆေးမှုခံယူမည့်သူသည် သတ်မှတ်ပေးထားသော နေ့ရက်၊ အချိန်အတိအကျအတိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ Test & Care ဧရာဝတီစင်တာသို့ ဝန်ထမ်းကတ် (သို့) မှတ်ပုံတင်နှင့်အတူ လာရောက် စစ်ဆေးမှုခံယူရမည်ဖြစ်ပါသည်။

▪️Covid-19 နှင့်ပတ်သက်၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ထပ်မံပြန့်ပွားမှုမရှိစေရန် ရည်ရွယ်၍ QR Code၊ Patient ID မရှိသူများကို စင်တာတွင် လုံးဝ ဝန်ဆောင်မှုပေးသွားမည်မဟုတ်ပါ။

 

▪️ဦးစားပေးစစ်ဆေးပေးလျက်ရှိသူများ

- ရှေ့တန်းမှ အနစ်နာခံ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသော ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီများ၊ စေတနာ့ဝန်ထမ်းများ

- သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ တာမွေ၊ တောင်ဥက္ကလာပမြို့နယ်များမှ ရောဂါလက္ခဏာခံစားနေရသူများ

▪️ထပ်မံတိုးမြှင့်ခဲ့သည့် မြို့နယ်များ

- ဗဟန်း၊ မရမ်းကုန်း၊ စမ်းချောင်းမြို့နယ်များမှ ရောဂါလက္ခဏာခံစားနေရသူများ

 

▪️စာရင်းပေးသွင်းရမည့် ဝက်ဘ်ဆိုက်

https://bit.ly/36UvIss

 

▪️အသေးစိတ်သိရှိလိုပါက

Hotlines: 014705555

 

Ayeyarwady Foundation

Read times
Rate this item
(0 votes)