What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 13 December 2020 17:43

ကိုဗစ်ကာကွယ်ဆေးကို ၂၀၂၁ ဧပြီလ၌ စတင် ထိုးပေးနိုင်မည်

မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးကို ၂၀၂၁ ဧပြီလ၌ စတင် ထိုးပေးနိုင်မည်
မြန်မာနိုင်ငံတွင် Covid-19 ကာကွယ်ဆေးအား အမေရိကန်ဒေါ်လာ ငါးဒေါ်လာအောက်နှင့် ရနိုင်မည်ဖြစ်ပြီး ၊ လာမည့်နှစ် ဧပြီလ တွင် စတင် ထိုးပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး က ပြော သည်။
အဆိုပါကာကွယ်ဆေးကို ပထမနှစ်အတွင်း လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအား ထိုးပေးရန် တောင်းခံထားပြီး လာမည့် ဧပြီလတွင် စတင်ထိုးနှံနိုင်ရန်စီစဉ်လျက်ရှိကာ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းများတွင်လည်း ကာကွယ်ဆေး ရရှိနိုင်မည် ဖြစ်သည်။
သို့သော် ကာကွယ်ဆေးများသည်တပြိုင်တည်း ရောက်ရှိလာမည် မဟုတ်ဘဲ အသုတ်လိုက် ရောက်လာဖွယ်ရှိပြီး ၊ ကာကွယ်ဆေးများကို အခမဲ့ သို့မဟုတ် ဈေးချိုချိုနှင့် မည်သို့ ထိုးပေးမည်ကို မသိရသေးကြောင်း နှင့် အမျိုးသား အမေရိကန်ဒေါ်လာ ၅ ဒေါ်လာအောက်နှင့် ရရှိနိုင်ဖွယ်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ကာကွယ်ဆေးရရှိပြီး ၂၀၂၁ ခုနှစ် ဒုတိယလေးလပိုင်းအတွင်း လူဦးရေ၏ ၃ရာခိုင်နှုန်း၊ တတိယ လေးလပိုင်းတွင်နောက်ထပ် ၁၇ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်ကုန်တွင် လူဦးရေ၏ ၂၀ ရာခိုင်နှုန်း ထိုးပေးမည်ဖြစ်ပြီးကာကွယ်ဆေးရရှိလာပါက လူနာများနှင့် ထိတွေ့ရမည့် ကျန်းမာရေးလုပ်သားများ ၊ ပိုးကူးစက်ခံထားရသူများ နှင့် သက်ကြီးရွယ်အိုများကို ဦးဆုံးထိုးပေးသွားမည်ဖြစ်သည်။
ကာကွယ်ဆေးကို Gavi ၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတော်ရန်ပုံငွေများဖြင့် ဝယ်ယူမည်ဖြစ်ပြီး၊ တဖက်တွင်လည်း ကာကွယ်ဆေးထုတ်လုပ်သည့် နိုင်ငံများနှင့် ဆက်သွယ်၍ တိုက်ရိုက်ဝယ်ယူမည်ဖြစ်ကာ ကာကွယ်ဆေးကို လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကိုသာ ဦးဆုံးထိုးပေးနိုင်မည် ဖြစ်သည့်အတွက် ကျန် ၈၀ရာခိုင်နှုန်းမှာ စောင့်ဆိုင်းနေရဦးမှာဖြစ်ပြီး လက်ရှိတွင် ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းများအတိုင်း ဆက်လက်လိုက်နာကြဖို့လည်း ဒေါက်တာမြင့်ထွေး က ပြောသည်။
 
Read times
Rate this item
(0 votes)