What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 14 October 2020 20:14

ရှားရှားပါးပါးဖြစ်ရပ်တစ်ခုအဖြစ် ဘရူနိုင်းနိုင်ငံမှ ကူးစက်မှု ဖြစ်ရပ်အသစ်တစ်ခုကို ယနေ့ထုတ်ပြန်ခဲ့သည်

နေ့စဉ်နေ့တိုင်း -ညနေ ၇:၀၀ နာရီအထိ ပြီးခဲ့သည့် တစ်ရက်တာအတွင်း အာဆီယံဒေသတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုပေါင်း ၇၈၀၀ ကျော်ရှိခဲ့ပြီး

စုစုပေါင်းသည် ၈၀၂၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသည် ယနေ့ဖြစ်ရပ်သစ်များအတွက် နေ့စဉ်အမြင့်ဆုံးနှုန်းကို ဖော်ပြခဲ့သည်။ ကျန်းမာရေး၀န်ကြီးဌာနသည် COVID-19 ဖြစ်ပွားမှုအသစ် ၄,၁၂၇ ခုကို ယနေ့ကြေငြာခဲ့ပြီး စုစုပေါင်း ၃၄၄,၇၄၉ သို့ ရောက်ရှိခဲ့သည်။ ၀န်ကြီးဌာန၏ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါကြောင့် လူပေါင်း ၁၂၉ ဦး သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးမှု ၁၂,၁၅၆ အထိမြင့်တက်ခဲ့ရာ အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်သည်။

ဒုတိယနေရာတွင်ဖိလစ်ပိုင်နိုင်ငံဖြစ်သည်။ COVID-19 လူနာများစာရင်းတွင်အသစ်စက်စက်ထပ်မံတွေ့ရှိသောအမှုပေါင်း ၁,၁၁၀ ကိုထည့်သွင်းပြီးနောက် COVID-19 ၏စုစုပေါင်းဖြစ်ပွားမှုများသည် ၃၄၆,၅၃၆ အထိရှိပြီဖြစ်ကြောင်းအစီရင်ခံခဲ့သည်။

တတိယနေရာ၌မြန်မာနိုင်ငံသည် COVID-19 ဖြစ်ပွားမှုအသစ် ၁၁၁၃ ခုကို ယမန်နေ့ညနေကအစီရင်ခံခဲ့သည်။ အသစ်အတည်ပြုလိုက်သော ကူးစက်မှုများသည် ကူးစက်မှု စုစုပေါင်း ၃၀,၄၃၇ အထိ တိုးပွားလာသည်။ အင်္ဂါနေ့က နိုင်ငံအတွင်း၌ COVID-19 ထပ်မံသေဆုံးမှု ၂၉ ခုထပ်မံရှိခဲ့ပြီး စုစုပေါင်းသေဆုံးမှု ၆၉၃ ခုသို့ရောက်ရှိခဲ့သည်။

မလေးရှားသည် ယနေ့တွင် အသစ်ကူးစက်မှုပေါင်း ၆၆၀ ကို အစီရင်ခံခဲ့သည်။ ၆ ခုသည် ပြည်ပမှ ရောက်လာသူများဖြစ်ပြီး ကျန်သည့် ၆၅၄ ခုသည် ပြည်တွင်းကူးစက်မှုများ ဖြစ်သည်။


ထိုင်းအစိုးရက Coronavirus ကူးစက်ရောဂါဖြစ်ပွားမှုအသစ် ၉ ခုကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။ အိန္ဒိယ၊ ဂျပန်၊ တောင်ဆူဒန်နှင့်ယူအေအီးအာရပ်စော်ဘွားများပြည်ထောင်စုမှ ရောက်ရှိလာသော ကူးစက်ခံများ ဖြစ်ကြသည်။ ကူးစက်မှု စုစုပေါင်း ၃,၆၅၂ အထိမြင့်တက်ခဲ့သည်။

 

ယနေ့တွင်စင်ကာပူနိုင်ငံတွင် coronavirus ကူးစက်မှု ၅ ခုဖြစ်ပွားခဲ့ပြီး စုစုပေါင်းမှာ ၅၇,၈၈၉ ဖြစ်သည်။ ၎င်းတို့တွင်ကူးစက်မှု ပေါ်ပေါက်လေ့ရှိသော အလုပ်သမားအဆောင်များထဲမှ တစ်ခုမှမရှိပါ။ သုံးခုမှာ ပြည်ပမှ ရောက်လာသူများ ဖြစ်ပြီး ကျန် ၃ခုမှာ ပြည်တွင်းကူးစက်မှု ဖြစ်သည်။

 

ရှားရှားပါးပါးဖြစ်ရပ်တစ်ခုအဖြစ် ဘရူနိုင်းနိုင်ငံမှ ကူးစက်မှု ဖြစ်ရပ်အသစ်တစ်ခုကို ယနေ့ထုတ်ပြန်ခဲ့သည်။

 

ဗီယက်နမ်နိုင်ငံက ယမန်နေ့ညနေတွင် ရောဂါကူးစက်မှု ၃ ခုကို အတည်ပြုခဲ့သည်။

 

တစ်နေ့တာအတွင်း ကိုဗစ်ကြောင့် သေဆုံးမှုကို ကြည့်လျှင် အင်ဒိုနီးရှား (၁၂၉)၊ ဖိလစ်ပိုင် (၇၈)၊ မြန်မာ (၂၉) နှင့်မလေးရှား (၄) ခုဖြင့် သေဆုံးမှုအသစ် ၂၄၀ ရှိခဲ့သည်။ သို့ဖြစ်ရာ အရှေ့တောင်အာရှတွင် စုစုပေါင်းသေဆုံးမှု ၁၉,၅၉၀ ရှိပြီ ဖြစ်သည်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနှံ့ စုစုပေါင်းပြန်လည်နာလန်ထသူဦးရေ စုစုပေါင်း ၆၄၇၀၀၀ ကျော် ရှိပြီဖြစ်သည်။

asean_covid_14_oct.jpg

 

Read times Last modified on Wednesday, 14 October 2020 20:18
Rate this item
(0 votes)