What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 18 December 2020 17:32

ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်တွင် လိုက်ပါမည့်ခရီးသည်များ ကိုဗစ် စစ်ဆေးပေးမည့်နေရာ ၄ နေရာ သတ်မှတ်

ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်တွင် လိုက်ပါမည့်ခရီးသည်များ ဆေးစစ်ဆေးပေးမည့်နေရာ ၄ နေရာ သတ်မှတ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တိုင်းဒေသကြီးအစိုးရအဖွဲ့

ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး Coronavirus Disease 2019(COVID-19)

ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ

စာအမှတ်၊ ၄/ ၈ -၂ (CoVID-19) / ကော်မတီ

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်

သို့

တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ(အားလုံး)

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(အားလုံး)

အကြောင်းအရာ။ ။အသိပေးဆောင်ရွက်သွားရန်ကိစ္စ

 

၁။ ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များ( Domestic Scheduled Flights)ကို ၁၆.၁၂.၂၀၂၀ ရက်နေ့မှစ၍ ပျံသန်းပြေးဆွဲခွင့်ပြုမည်ဖြစ်သည့်အတွက် ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ၌ လိုက်ပါမည့်ခရီးသည်များအား COVID-19 ရောဂါပိုးရှိ/မရှိကို RDT(Rapid Antigen Diagnostic Test) နည်းဖြင့် စစ်ဆေးဆောင်ရွက်ပေးသွားရန် Coronavirus Disease 2010 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ညွှန်ကြားလာမှုအရ ရန်ကုန်တိုင်းဒေသကြီး အတွင်း လေကြောင်းလိုင်းဖြင့် ခရီးသွားလာမည့်ပြည်သူများအား အောက်ဖော်ပြပါနေရာများ၌ စစ်ဆေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်-

 

(က) ကျောက်တံတားမြို့နယ်၊ Tourist Burma အဆောက်အဦ၊

(ခ) မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း၊ ဒေသန္တရကျန်းမာရေးဌာန၊

(ဂ) လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ပန်းလှိုင်ဆေးရုံ၊

(ဃ) လမ်းမတော်မြို့နယ်၊ N-Health Lab၊

 

၂။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လေကြောင်းလိုင်းဖြင့် ခရီးသွားလာမည့်သူများအနေဖြင့် ဖော်ပြပါ နေရာများတွင် COVID-19 ရောဂါစစ်ဆေးဆောင်ရွက်နိုင်ကြောင်း သိရှိနိုင်ရန်နှင့် လက်အောက်ဌာန၊ အဖွဲ့အစည်း၊ ပြည်သူများသိရှိနိုင်ရေး အသိပေးဆောင်ရွက်သွားရန် အကြောင်းကြားပါသည်။

 

ဥက္ကဌ (ကိုယ်စား)

(မိုးဟိန်း၊ တွဲဖက်အတွင်းရေးမှူး)

 

မိတ္တူကို

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး

ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး

ရုံးလက်ခံ/ မျှောစာတွဲ

 

Read times Last modified on Friday, 18 December 2020 17:33
Rate this item
(0 votes)