What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 07 June 2020 20:00

(၇-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၊ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ (၇-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၆၀)ခု၊

- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၆၅) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - Mdy) မှ ဓာတ်ခွဲနမူနာ (၂၈၃) ခုနှင့်

- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၉၂) ခု၊

- စုစုပေါင်း (၁,၂၀၀)ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

 

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂) ဦးတွေ့ရှိရပါသည်။

 

၂။ (၇-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၄၂) ဦးရှိပါသည်။

 

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၁၅၆) ဦးရှိပြီး ၎င်းတို့အနက် (၁၃၆) ဦးအား ဆေးရုံ မှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

 

၅။ (၆-၆-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၇-၆-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၄၃) ဦး ရှိပါသည်။

No photo description available.

No photo description available.

Read times Last modified on Sunday, 07 June 2020 20:05
Rate this item
(0 votes)