What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 December 2020 16:00

နေထိုင်မှုပုံစံသစ်များဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြပါစို့

နေထိုင်မှုပုံစံသစ်များဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြပါစို့

(၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့

 

• COVID-19 ရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ကူးစက်သောရောဂါဖြစ်ခြင်း၊ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူများရှိနေခြင်းနှင့် ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှုများ ရှိနေခြင်းတို့ကြောင့် COVID-19 ရောဂါသည် ရာသီတုပ်ကွေးရောဂါကဲ့သို့ပင် ဖြစ်ပွားမှု အနည်းအများသာကွာခြားပြီး ကမ္ဘာပေါ်တွင် နှစ်ပေါင်းများစွာ ဆက်လက်ကူးစက်ဖြစ်ပွားနေမည် ဖြစ်ပါသည်။

 

• ထို့အပြင် CoVID-19 ကာကွယ်ဆေးအချို့ ပေါ်ထွက်လာပြီဖြစ်သော်လည်း အဆိုပါကာကွယ်ဆေးများသည် | ထိုးနှံပြီးနောက် လက်တွေ့တွင် အချိန်ကာလမည်မျှအထိ ရောဂါကာကွယ်နိုင်စွမ်းရှိမည်ဆိုသည်ကို ယခုအချိန်၌ အတိအကျ မပြောနိုင်သေးဘဲ ဆက်လက်လေ့လာပြီးမှသာ သိရှိနိုင်ပါမည်။

 

• ထိုကဲ့သို့ ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိကူးစက်ဖြစ်ပွားနေမည့် covID-19 နှင့်အတူ မိမိတို့အနေဖြင့် ဆက်လက်ရှင်သန် နေထိုင်ရမည်ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လုပ်ငန်းကဏ္ဍအသီးသီးကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်လုပ်ကိုင်နိုင်ရန် စဉ်းစားကြံဆကြိုးပမ်း ကြရမည် ဖြစ်ပါသည်။ သို့မဟုတ်ပါက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် အလွန်နှောင့်နှေးသွားမည် ဖြစ်ပါသည်။

 

• သို့ဖြစ်ပါ၍ ပြည်သူအားလုံးအနေဖြင့် မိမိတို့နေ့စဉ် လူမှုဘဝနှင့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်စဉ် တို့တွင် အဓိကအားဖြင့် (၁) ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ တပ်ဆင်ခြင်း၊ (၂) တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင်ခြင်း၊ (၃) လက်ကို မကြာခဏဆေးကြောခြင်း၊ (၄) တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်းစသည့် coVID-19 ကာကွယ်ရေး စည်းကမ်းများကို တိကျစွာ ဆက်လက်လိုက်နာခြင်းဖြင့် coVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်၍ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 

 

Read times Last modified on Tuesday, 22 December 2020 16:07
Rate this item
(0 votes)