What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 10 January 2021 15:38

COVID-19 ကာကွယ်တားဆီးကုသရေးတွင် စွမ်းစွမ်းတမံပါဝင်ကြသော အဖွဲ့အစည်းများကို ဂုဏ်ထူးဆောင်ထူးချွန်ဆု ပေးအပ်ဂုဏ်ပြုရန် Myanmar’s Pride Awards 2020 ကျင်းပ

စိတ်ချယုံကြည်ရသော ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့ဖြစ်သည့် Myanmar’s Pride Awards (MPA) သည် ၂၀၂၀ ခုနှစ်အတွက် ဂုဏ်ပြုဆုပေးပွဲပြုလုပ်သွားမည့်အကြောင်းကို ဆန်ကာတင်အမည်စာရင်းနှင့်တကွ ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့အနေဖြင့် ယခုနှစ်ဆုပေးပွဲတွင် စိန်ခေါ်မှုအမျိုးမျိုးကို ကြံ့ကြံ့ခံကာ အောင်မြင်စွာကျော်လွှားခဲ့ခြင်းကြောင့် နိုင်ငံတကာကပါ လေးစားရလောက်သည့် နယ်ပယ် ၆ ခုမှ ထူးချွန်သူများအား ဖော်ထုတ်ချီးမြောက်သွားမည်ဖြစ်ပြီး ဆန်ကာတင်စာရင်းဝင်များသည် “ရွှေမြန်မာတို့ရဲ့ အကောင်းဆုံး ဂုဏ်ယူဖွယ်ရာ” ဟု ခေါ်ဆိုထိုက်သည့် သက်ဆိုင်ရာနယ်ပယ် အသီးသီး၌ အောင်မြင်မှုရရှိထားသောသူများ ဖြစ်သည်။ ယမန်နှစ် Myanmar’s Pride Awards 2019 တွင် ဂုဏ်ပြုဆုများရရှိခဲ့ကြသော မြန်မာနိုင်ငံ၏ ထိပ်တန်းအနုပညာရှင် ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီနေတိုးနှင့် တေးသံရှင်နီနီခင်ဇော်တို့ကလည်း ၂၀၂၀ ခုနှစ် ဆုပေးပွဲကျင်းပရေး လုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အားပါဝင်ပံ့ပိုးထားပါသည်။

 

Business.jpg

 

၂၀၂၀ ခုနှစ်သည် စိန်ခေါ်မှုများ ပြည့်နှက်နေလျက် ရှိသော်လည်း စွမ်းဆောင်ရည်မြင့်မားသူစစ်စစ်တို့သည် ယခုကဲ့သို့ခက်ခဲလှသည့် အချိန်မျိုး၌ပင် ယင်းတို့၏ စိတ်အားထက်သန်မှု၊ မဆုတ်မနစ်သောကြိုးစားမှုတို့ဖြင့် အများသူငါတို့ကို စိတ်ဓါတ်ခွန်အားပေးလျက်ရှိသည်။ ဤကဲ့သို့ လူအများက စံနမူနာထားရလောက်အောင် ကြိုးစားကြသည့် ထူးချွန်အောင်မြင်သူများကို Myanmar’s Pride Awards က လေးစားဦးညွတ်လျက်ရှိပါသည်။

 

Arts_Painting.jpg

 

တတိယအကြိမ်မြောက် Myanmar’s Pride Awards ဂုဏ်ပြုဆုပေးပွဲတွင် အားကစားကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍ၊ လူနေမှုဘဝကဏ္ဍ၊ အနုပညာကဏ္ဍ (ပန်းချီ)၊ လူမှုအကျိုးပြုကဏ္ဍ၊ စွန့်ဦးတီထွင်ကဏ္ဍ စသည့်နယ်ပယ် ၆ ခုမှ ထူးချွန်သူ များကို ဖော်ထုတ်ဂုဏ်ပြုသွားမည့်အပြင် COVID-19 ကပ်ရောဂါ ကာကွယ်တားဆီးကုသရေးလုပ်ငန်းတွင် စွမ်းစွမ်း တမံပါဝင်နေသောအဖွဲ့အစည်းများကို ဂုဏ်ထူးဆောင်ထူးချွန်ဆုပေးအပ်ပြီးဂုဏ်ပြုရန် စီစဉ်ထားပါသည်။ Myanmar’s Pride Awards ၏ အဓိကပံ့ပိုးသူ Grand Royal Special Reserve က ရရှိသည့် ဆန္ဒမဲတစ်ခုစီတိုင်း အတွက် မြန်မာငွေ ၁၀ ကျပ်ကို COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအတွက် လှူဒါန်းသွားမည်ဖြစ်သည်။

 

Entertainment.jpg

 

ထို့ကြောင့် အများပြည်သူတို့သည် ဆန္ဒမဲပေးခြင်းဖြင့် မိမိလေးစားနှစ်သက်သည့် ထူးချွန်သူများကိုဂုဏ်ပြုနိုင်ရုံမက ကပ်ရောဂါ တိုက်ဖျက်ရေးတွင်လည်း တစ်တပ်တစ်အားပါဝင်နိုင်မည်ဖြစ်သည်။ Myanmar’s Pride Awards ဆန်ခါတင်စာရင်းကို တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများနှင့် စံနှုန်းများအရ ပြုစုထားခြင်းဖြစ်ပြီး ဆုရရှိမည့်သူကိုရွေးချယ်ရန် Facebook Chatbot မှတဆင့်ပေးပို့သော အများပြည်သူ၏ ဆန္ဒမဲ ၄၀ ရာခိုင်နှုန်းနှင့် အကဲဖြတ်အမှတ်ပေးဒိုင်များ၏ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းတို့ကို ပေါင်းစပ်၍ အတည်ပြု ဆုံးဖြတ်သွားမည် ဖြစ်သည်။

 

Lifestyle.jpg

 

ဆန်ကာတင်စာရင်းဝင်များ၏ အသေးစိတ်အချက်အလက်များကို www.myanmarsprideawards.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ထူးချွန်အောင်မြင်သူများအား မဲဆန္ဒပေးပြီးဂုဏ်ပြုရန် အသက် ၁၈ နှစ်နှင့် အထက် အရွယ်ရောက်ပြီးသူတိုင်းကို Myanmar’s Pride Awards က ဖိတ်ခေါ်ပါသည်။ မဲဆန္ဒပေးရန် Myanmar’s Pride Awards လူမှုစာမျက်နှာ၏ messenger chatbot ကို facebook.com/myanmarsprideawards မှတဆင့်သော်လည်းကောင်း၊ QR code စကင်ဖတ်၍သော်လည်းကောင်း ဝင်ရောက်နိုင်ပါသည်။

 

Social_Work.jpg

မဲပေးသူတစ်ဦးသည် ကဏ္ဍတစ်ခုစီတိုင်းအတွက် အဆိုပြုခံရသူ တစ်ဦးစီကို တစ်ရက်လျှင် တစ်ကြိမ်ကျ မဲပေးခွင့်ရှိသည်ဖြစ်ရာ ကဏ္ဍ ၆ ခုမှ မိမိနှစ်သက်ရာ ဆန်ကာတင်စာရင်းဝင် ၆ ဦးကို နေ့စဉ်မဲပေးနိုင်မည်ဖြစ်သည်။ မဲပေးသူများအနေဖြင့် ယမန်နေ့က မိမိမဲပေးခဲ့သော ဆန်ကာတင်စာရင်းဝင် ၆ ဦး သို့မဟုတ် ကဏ္ဍ ၆ ခုမှ အခြားနှစ်သက်ရာ အဆိုပြုခံရသူများကို နောက်တစ်ရက်တွင် ထပ်မံမဲပေးနိုင်မည်ဖြစ်သည်။ မဲပေးနိုင်သည့်ကာလမှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်မှ မတ်လ ၁၅ ရက်နေ့အထိ ဖြစ်သည်။

 

ဆန္ဒမဲပေးခြင်းသည် မြန်မာပြည်ဖွားထူးချွန်သူများအား ဂုဏ်ပြုအသိအမှတ်ပြုသည့် အမှတ်သင်္ကေတတစ်ခု ဖြစ်ရုံမက Myanmar’s Pride Awards ဆက်လက်လုပ်ဆောင်ဖို့ရန် တိုက်တွန်းခွန်အားပေးခြင်းလည်း ဖြစ်သည်။ Myanmar’s Pride Awards ဆုရွေးချယ်ပေးအပ်ရေးအစီအစဉ်ကို ဦးစီးကာ စီစဉ်ဆောင်ရွက်နေသော Mango Advertising Co., Ltd. ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်လင်းလင်းတင်ထွန်းက “Myanmar’s Pride Awards ကို ကျင်းပ လာခဲ့တာ ဒီနှစ်နဲ့ဆိုရင် သုံးနှစ်ရှိပါပြီ။ မြန်မာပြည်အတွက်ဂုဏ်ယူစရာကောင်းလှတဲ့ ထူးချွန်သူတွေကို စင်မြင့်ထက်မှာ ဂုဏ်ပြုချီးမြှင့်တဲ့ ဒီအစီအစဉ်ကြောင့် အချို့သူတွေမှာ အားကျအတုယူလိုစိတ်တွေဖြစ်လာတယ်လို့ ကြားသိရပါတယ်။

 

Sports.jpg

 

Myanmar’s Pride Awards ဟာ တိကျတဲ့စိစစ်ရွေးချယ်ရေးလုပ်ငန်းစဉ်တွေနဲ့ နယ်ပယ်အသီးသီးက နိုင်ငံတကာနဲ့ ပုခုံးချင်းယှဉ်နိုင်လောက်အောင် ထူးချွန်ထက်မြက်တဲ့သူတွေကို ရှာဖွေဖော်ထုတ်ရွေးချယ်ပြီး နှစ်စဉ်နှစ်တိုင်းမှာ မြင့်မားတဲ့စံချိန်စံနှုန်းသစ်တွေကို ဖန်တီးလျက်ရှိပါတယ်။ Myanmar’s Pride Awards ဆုရွေးချယ်ပေးအပ်ရေး အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်တာဟာ title sponsor ဖြစ်တဲ့ Grand Royal Special Reserve Whisky၊ ရုပ်သံမိတ်ဖက်အဖွဲ့ အဖြစ်လက်တွဲလုပ်ဆောင်ပေးတဲ့ မဇ္စျိမသတင်းဌာနနဲ့ MyMediaရဲ့ နည်းပညာပိုင်းဆိုင်ရာ ပါဝင်ပံ့ပိုးမှုတွေကြောင့်သာဖြစ်ပါတယ်။

 

အခုလို အဘက်ဘက်က ခက်ခဲနေချိန်မျိုးမှာ လူငယ်တွေအနေနဲ့ အခက်အခဲကြောင့် စိတ်ဓါတ်မကျပဲ အောင်မြင်သူတွေကို အတုယူပြီး တစ်နေ့မှာ နိုင်ငံတကာက အသိအမှတ်ပြု လေးစားရတဲ့ မြန်မာကိုကိုယ်စားပြုသူတွေ ဖြစ်လာအောင် ကြိုးစားချင်စိတ်ရှိလာမယ်လို့ထင်ပါတယ်။ Myanmar’s Pride Awards အနေနဲ့ ထူးချွန်သူတွေကို ဖော်ထုတ် အသိအမှတ်ပြုခြင်းအားဖြင့် အနာဂတ်ရဲ့ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေကို စိတ်အားမြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံရှိ အောင်မြင်ထင်ရှားသော ဂုဏ်သရေရှိလူကြီးမင်းများ၏ ပါဝင်ကူညီမှုဖြင့် Myanmar’s Pride Awards ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့သည် နှစ်စဉ်နှစ်တိုင်း နယ်ပယ်အသီးသီးမှ ထူးချွန်ထက်မြက်သူများကို စီစစ်ရွေးချယ် ဖော်ထုတ်လျက်ရှိသည်။ ယခုနှစ်တွင်လည်း ထင်ရှားအောင်မြင်ပြီး အများကလေးစားရသော စီးပွားရေးပညာရှင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ YAG Captial ၏ အမှုဆောင်အရာရှိချုပ် ဦးသူရကိုကို၊ Smart Group of Companies ၏ အမှုဆောင်အရာရှိချုပ်ဦးကျော်ကျော်လှိုင်၊ မဇ္စျိမသတင်းဌာန၏ တည်ထောင်သူဦးစိုးမြင့်၊ လူသားချင်း စာနာမှုဆိုင်ရာလုပ်ငန်းများကို အားတက်သရောလုပ်ဆောင်လျက်ရှိသော ဝါရင့်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်၊ Grand Royal Group ၏ အမှုဆောင်အရာရှိချုပ် Mr. Rahul Colaco တို့ဖြင့် အုပ်ချုပ်ရေးဘုတ်အဖွဲ့အား ဖွဲ့စည်းထားရှိပြီး သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ထင်ရှားအောင်မြင်သောလူကြီးမင်း ၁၈ ဦးကို အကဲဖြတ်အမှတ်ပေး ဒိုင်လူကြီးများ အဖြစ် ဖိတ်ခေါ်ထားပါသည်။

 

အုပ်ချုပ်ရေးဘုတ်အဖွဲ့၏ဥက္ကဌဖြစ်သူ စီးပွားရေးပညာရှင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်က "ကမ္ဘာမှာ မြန်မာပါလို့ ထင်ပေါ်နိုင်စေတဲ့ အလားအလာနဲ့ အရင်းအမြစ်တွေ ကျွန်တော်တို့နိုင်ငံမှာ အများကြီးရှိပါတယ်။ Myanmar’s Pride Awards ဟာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်လောက်အောင် ထူးချွန်အောင်မြင်ရုံမက မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့စရိုက်ကို ကိုယ်စားပြုဖော်ပြပေးနေကြတဲ့ မြန်မာပြည်ဖွားတွေကို အသိအမှတ်ပြုချီးမြှင့်နေတဲ့ ဆုရွေးချယ်ပေးအပ်ရေးအစီအစဉ် တစ်ခုဖြစ်ပါတယ်။ ဒီလိုဂုဏ်ပြုချီးမြှင့်တဲ့ အစီအစဉ်ကြောင့် မြန်မာလူငယ်တွေ အနေနဲ့ ထူးချွန်သူတွေကို လေးစားအားကျ အတုယူလိုတဲ့စိတ်ဖြစ်ပေါ်လာပြီး ကိုယ့်နိုင်ငံကဂုဏ်ယူရတဲ့သူတွေ ဖြစ်လာအောင် ကြိုးစားကြမယ်လို့ မျှော်လင့်ပါတယ်။

 

ထူးထူးခြားခြားအနေနဲ့ Myanmar’s Pride Awards 2020 ဆုပေးပွဲအခမ်းအနားကို virtual platform အသုံးပြုပြီး ကျင်းပပြုလုပ်သွားမှာပါ။ ဒီအစီအစဉ်ဖြစ်မြောက်အောင်မြင်ဖို့ အဘက်ဘက်က အားသွန်ခွန်စိုက်ပါဝင်ကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်” ဟု မှတ်ချက်ပြုခဲ့ပါသည်။ အကဲဖြတ်ဒိုင်လူကြီးမင်းတစ်ဦးဖြစ်သည့် ဦးသူရိန်သိန်းက အမှတ်ပေးရွေးချယ်ခြင်းနှင့်စပ်လျဉ်း၍ “စွန့်ဦးတီထွင်ကဏ္ဍရဲ့ အကဲဖြတ်ဒိုင် လူကြီးတစ်ဦးအဖြစ် ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။

 

ဆန်ကာတင်စာရင်းမှာပါဝင်တဲ့ အဆိုပြုခံရသူတွေရဲ့ ကိုယ်ရေးမှတ်တမ်းထဲမှာ သူတို့တစ်ဦးစီတိုင်းရဲ့ အောင်မြင်မှုတွေ၊ စိုက်ထူခဲ့တဲ့မှတ်တိုင်တွေကို ဖတ်ရ၊ သိရတဲ့အခါ အားရကျေနပ်မိသလို တပြိုင်တည်းမှာပဲ အမှတ်ပေးဖို့ အတော်လေးအခက်တွေ့ရပါတယ်။ အကဲဖြတ်အမှတ်ပေးတဲ့ အလုပ်ဟာ တာဝန်အလွန်တရာကြီးမားတဲ့ အလုပ်ဖြစ်တာမို့ ကျွန်တော်တတ်ထား၊ သိထားတဲ့ ပညာတွေ၊ အတွေ့အကြုံတွေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမှာပါ" ဟု ပြောဆိုခဲ့သည်။

 

Myanmar’s Pride Awards သည် နိုင်ငံတကာအတိုင်းအတာတွင် မြန်မာကိုကိုယ်စားပြုနေသော နိုင်ငံကဂုဏ်ယူရသည့် ထူးချွန်ထင်ရှားသူများနှင့် ယင်းတို့ဖြတ်သန်းလာခဲ့သည့်အတွေ့အကြုံများကို မီးမောင်းထိုးတင်ပြနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်သည်။

Myanmar’s Pride Awards အကြောင်းကိုပိုမိုပြည့်စုံစွာသိရှိနိုင်ရန် Myanmar’s Pride Awards ၏ website www.myanmarsprideawards.com နှင့် တရားဝင် Facebook စာမျက်နှာ https://www.facebook.com/myanmarsprideawards ကို like နှင့် follow လုပ်ထားနိုင်ပါသည်။

Read times Last modified on Sunday, 10 January 2021 15:47
Rate this item
(1 Vote)