What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 21 October 2020 11:29

COVID-19 ကာလ တယ်လီဖုန်းဖြင့်ဆွေးနွေးကုသပေးမှု အစီအစဉ်တွင် ဆရာဝန် ၁၅၀ ဦး စေတနာ့ဝန်ထမ်း ဆောင်ရွက်နေ

COVID-19 ကာလ ပြည်သူများ ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာများကို မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးအကြံပေးမှုများကို လုပ်ဆောင်လျက်ရှိရာ အထွေထွေရောဂါကုဆရာဝန် ၁၅၀ ဦးက စေတနာ့ဝန်ထမ်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်ကို ဆောင်ရွက်ပေးနေကြောင်း အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းဇော်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

 

တယ်လီဖုန်းဖြင့် ဆွေးနွေးအကြံပေးမှုများကို ယခု အောက်တိုဘာလ ၁ ရက်မှ စတင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြောက်ဥက္ကလာ ၊ မင်္ဂလာဒုံ ၊ လှိုင်သာယာ ၊ ရွှေပြည်သာ ၊ စမ်းချောင်း ၊ ကျောက်တံတား ၊ ဒေါပုံ ၊ အင်းစိန် ၊ ကြည်မြင်တိုင် ၊ တောင်ဥက္ကလာ ၊ တောင်ဒဂုံ ၊ ဒလ ၊ အရှေ့ဒဂုံ ၊ လသာ ၊ ကမာရွတ် ၊ မရမ်းကုန်း ၊ ရန်ကင်း ၊ လှိုင် ၊ ၊ ဗဟန်း ၊ အလုံ ၊ လမ်းမတော် ၊ ပုဇွန်တောင် ၊ သင်္ကန်းကျွန်း ၊ မြောက်ဒဂုံ ၊ သာကေတ ၊ မင်္ဂလာတောင်ညွှန့် ၊ တာမွေ နှင့် ဗိုလ်တထောင် မြို့နယ်များရှိ ပြည်သူများအနေဖြင့် ဆွေးနွေးအကြံဥာဏ် ရယူနိုင်ကြောင်း နှင့် ကျန်သည့်နေရာများမှ ပြည်သူများသည်လည်း တယ်လီဖုန်းများသို့ ဆက်သွယ်၍ ဆွေးနွေးအကြံဥာဏ် ရယူနိုင်ကြောင်း သိရသည်။

 

ထို့အတူ မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး) အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ ၊ COVID-19 Response Team အနေဖြင့် တယ်လီဖုန်းဖြင့် ဆွေးနွေးအကြံပေးခြင်းများကို အခမဲ့ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

မြန်မာနိုင်ငံဆရာဝန်အသင်း ၊ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့၏ တယ်လီဖုန်းဖြင့်ဆွေးနွေးကုသပေးမှု အစီအစဉ်တွင် အောက်တိုဘာ ၁၇ ရက်အထိ တိုင်ပင်ဆွေးနွေးမှုပေါင်း ၈၆၀ ကြိမ် ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုင်ပင်ဆွေးနွေးမှုပေါင်း ၈၆၀ ကြိမ်အနက် COVID-19 ရောဂါဖြင့် ပတ်သက်သော ဆွေးနွေးကုသမှု အကြိမ် ၃၅၃ ကြိမ် (၄၁ ရာခိုင်နှုန်း) ရှိပြီး အခြားသော အထွေထွေရောဂါများအတွက် ၅၀၇ ကြိမ် (၅၉ ရာခိုင်နှန်း) ရှိကြောင်း သိရသည်။

 

ထိုသို့ ဆွေးနွေးအကြံပေးခြင်းများအား မြန်မာနိုင်ငံဆရာဝန်အသင်း ၊ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားသည့် သက်ဆိုင်ရာ မြို့နယ်အလိုက် ဖော်ပြထားသည့် ဖုန်းနံပါတ်များအား တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအတွင်း ခေါ်ဆို၍ အခမဲ့ ဆွေးနွေးအကြံဉာဏ် ရယူနိုင်ကြောင်း သိရသည်။

(Xinhua)

Read times
Rate this item
(0 votes)