What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 29 January 2021 13:52

အသစ်ထွက်လာတဲ့ Novavax ဆေးကုမ္ပဏီထုတ် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်း နီးပါး အစွမ်းထက်ကြောင်း ထုတ်ပြန်

အမေရိကန် ဆေးကုမ္ပဏီ Novavax က ထုတ်လုပ်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးနောက်မှာ ၈၉.၃ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း ဗြိတိန်နိုင်ငံမှာ ပြုလုပ်တဲ့ စမ်းသပ်ချက်ကနေ ရရှိကြောင်းနဲ့ ဗြိတိန်နိုင်ငံမှာ တွေ့ရှိတဲ့ မူကွဲ ဗိုင်းရပ်စ်ပိုးကိုလည်း ကာကွယ်နိုင်ကြောင်း ဆေးကုမ္ပဏီက ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ဒါ့အပြင် Novavax ဆေးကုမ္ပဏီက မူကွဲဗိုင်းရပ်စ်ပိုး အသစ်တွေကို ကာကွယ်ပေးမယ့် ဆေးကိုလည်း ဇန်နဝါရီလ အစောပိုင်းက စတင် စမ်းသပ်နေပြီဖြစ်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း အဲဒီဆေးကို စမ်းသပ်ခံမယ့် လူတွေ စတင်ရွေးချယ်ပြီး အခုနှစ် ဒုတိယ သုံးလပတ် အတွင်းမှာ စမ်းသပ်သွားမယ်လို့ ပြောပါတယ်။

အမေရိကန် ဆေးကုမ္ပဏီရဲ့ အကြီးအကဲက သူတို့ကုမ္ပဏီထုတ် NVX-CoV2373 ကာကွယ်ဆေးဟာ ကမ္ဘာ့မှာ ဖြစ်ပွားနေတဲ့ ကျန်းမာရေး ပြဿနာကြီးကို ဖြေရှင်းပေးရာတွင် အဓိက အခန်းကဏ္ဍကနေ ပါဝင်သွားမှာဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းက ရင်းနှီးမြှုပ်နှံသူတွေ၊ ဆေးဝါးစည်းမျဉ်း စည်းကမ်းထိန်းသူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သူတွေ ဆက်လက် အတူ လုပ်ကိုင်သွားခြင်းအားဖြင့် ကာကွယ်ဆေးကို အမြန်ဆုံး ထုတ်နိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ကလည်း Novavax ထုတ် ဆေးအသစ်ရဲ့ ရလဒ်ဟာ သတင်းကောင်းဖြစ်ကြောင်း၊ ဗြိတိန် ဆေးဝါးစည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က အဲဒီဆေးအသစ်ကို စစ်ဆေးသွာမှာဖြစ်ပြီး ခွင့်ပြုပါ ဆေးအလုံး သန်း ၆၀ ကို ရရှိမှာဖြစ်ကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။

NVX-CoV2373 ကာကွယ်ဆေး စမ်းသပ်မှုကို အမေရိကန်နဲ့ မက္ကဆီကို နိုင်ငံတွေမှာလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဗြိတိန်နိုင်ငံက စမ်းသပ်မှုမှာ လူပေါင်း ၁၅,၀၀၀ ပါဝင်ပြီး ပါဝင်သူတွေဟာ အသက် ၁၈ နှစ်ကနေ ၈၄ နှစ် အရွယ်ဖြစ်ပြီး ပါဝင်သူ စုစုပေါင်းရဲ့ ၂၇ ရာခိုင်နှုန်းဟာ အသက် ၆၅ နှစ်ကျော်သူတွေ ဖြစ်ကြောင်း သိရပါတယ်။

MDN

Read times
Rate this item
(0 votes)