What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 07 March 2020 21:35

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၇-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19

လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် -

(က) စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် နေထိုင်သော အသက် (၃၅) နှစ် အရွယ် အမျိုးသားတစ်ဦးသည် (၅-၃-၂၀၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစား ခဲ့ရသဖြင့် (၆-၃-၂၀၂၀)ရက်နေ့တွင် ဝက်လက်မြို့နယ်ဆေးရုံသို့ လာရောက် ပြသခဲ့ရာ မန္တလေးကန်တော်နဒီဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအား စောင့်ကြည့် လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ် ဆောင်ရွက် လျက်ရှိပါသည်။ ၎င်း၌ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

(ခ) မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် နေထိုင်သော အသက် (၄၁) နှစ် အရွယ် အမျိုးသားတစ်ဦးသည် (၁၉-၂-၂၀၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၄-၃-၂၀၂၀) ရက်နေ့ မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ အသက်ရှူမဝခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် မင်းလှမြို့နယ်၊ လင်းကယ်တိုက်နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်း၌ ပြင်းထန် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

(ဂ) ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် နေထိုင်သော အသက် (၃၇) နှစ် အရွယ် အမျိုးသားတစ်ဦးသည် ထိုင်းနိုင်ငံတွင် လွန်ခဲ့သော (၁) လခန့်မှစတင်၍ အသည်း ရောင်ရောဂါ ခံစားနေရပြီး မသက်သာသဖြင့် (၅-၃-၂၀၂၀) ရက်နေ့တွင် မြဝတီမြို့ မှတစ်ဆင့် ရေတာရှည်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ယင်းနေ့ ညနေ(၃း၀၀)နာရီတွင် ရေတာရှည် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ရာ အဖျားရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရသော်လည်း ရင်ဘတ် ဓာတ်မှန်တွင် အဆုတ်ရောင်ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပါသည်။ လူနာထံမှ ဓါတ်ခွဲ နမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေး ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(ဃ) မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သော အသက် (၇၁) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၂၂-၂-၂၀၂၀) ရက်နေ့မှစတင်၍ ချောင်းဆိုးခြင်း ဝေဒနာ ခံစားခဲ့ရပြီး (၆-၃-၂၀၂၀) ရက်နေ့မှစတင်၍ အသက်ရှူကြပ်ခြင်း ဝေဒနာ များခံစားခဲ့ရသဖြင့် (၇-၃-၂၀၂၀) ရက်နေ့တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံ ကြီး သို့လာရောက်ပြသခဲ့ရာ လူနာမှာ ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသော ဒေသများ သို့ ခရီးသွားရာဇဝင်နှင့် သံသယ လူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိသော်လည်း လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါလက္ခဏာများ တွေ့ရှိရ သဖြင့် ကန်တော်နဒီဆေးရုံသို့ ညွန်းပို့ခဲ့ပါသည်။ အဆိုပါလူနာအား စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

(င) ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင်နေထိုင်သော အသက် (၃၀) နှစ် အရွယ် အမျိုးသားတစ်ဦးသည် (၂၇-၂-၂၀၂၀) ရက်နေ့တွင် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ၎င်းတွင် သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ကျောက်ကပ်ရောဂါ ခံစားနေရပြီး (၂၄-၇-၂၀၁၉) ရက်နေ့မှစ၍ ဂျပန်နိုင်ငံတွင် ကျောက်ကပ်သွေးသန့်စင်မှု ပြုလုပ်လျက်ရှိရာ (၂၈-၂-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြို့၊ ကန်သာယာဆေးရုံ၌ ကျောက်ကပ်သွေးသန့်စင်မှု ပြုလုပ်နေစဉ် ချောင်းဆိုးခြင်း၊ ကိုယ်အပူချိန် မြင့်တက်ခြင်း စသည့်ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ဆေးကုသမှု ပေးခဲ့ပြီး (၇-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ညွန်းပို့ခဲ့ပါ သည်။ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှု ပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်း၌ ပြင်းထန် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

(စ) ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် နေထိုင်သော အသက် (၁၃) နှစ်အရွယ် ကလေး (ကျား) တစ်ဦးသည် (၂၆-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် အင်းစိန်အထွေထွေ ရောဂါကုဆေးရုံကြီး သို့ လာရောက်ပြသခဲ့ရာ လူနာမှာ ရောဂါကူးစက်ဖြစ်ပွား လျက်ရှိသော ဒေသများသို့ ခရီးသွားရာဇဝင်နှင့် သံသယလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိသော်လည်း လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ တွေ့ရှိရ သဖြင့် (၆-၃-၂၀၂၀) ရက်နေ့မှစတင်ပြီး စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြား ထားရှိကုသမှုပေးလျက်ရှိပါသည်။ ၎င်းထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ စစ်ဆေးခဲ့ရာ (၇-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲအဖြေတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိ ပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။

၃။ ယနေ့ (၇-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၆) ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

၄။ (၇-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၈၉) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာ ရေးအသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

 

zawgyi

COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း
(၇-၃-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ ကမာၻ႔ႏိုင္ငံမ်ားတြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိသည့္ COVID-19 လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားအား အျပည္ျပည္ဆိုင္ရာ ဝင္ေပါက္၊ ထြက္ေပါက္ဂိတ္ မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူလူထုအေျချပဳ ေစာင့္ၾကပ္ ၾကည့္ရႈျခင္းလုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။

၂။ ထိုသို႔ေဆာင္႐ြက္ရာတြင္ -

(က) စစ္ကိုင္းတိုင္းေဒသႀကီး၊ ဝက္လက္ၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၃၅) ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ (၅-၃-၂၀၂၀) ရက္ေန႔တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာခဲ့ၿပီး ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း လကၡဏာမ်ားခံစား ခဲ့ရသျဖင့္ (၆-၃-၂၀၂၀)ရက္ေန႔တြင္ ဝက္လက္ၿမိဳ႕နယ္ေဆး႐ုံသို႔ လာေရာက္ ျပသခဲ့ရာ မႏၲေလးကန္ေတာ္နဒီေဆး႐ုံသို႔ ၫႊန္းပို႔ခဲ့ပါသည္။ ၎အား ေစာင့္ၾကည့္ လူနာအျဖစ္ သတ္မွတ္၍ သီးျခားထားရွိ ကုသမႈေပးလ်က္ရွိၿပီး ဓါတ္ခြဲနမူနာရယူ၍ အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္)သို႔ ေပးပို႔စစ္ေဆးရန္ စီစဥ္ ေဆာင္႐ြက္ လ်က္ရွိပါသည္။ ၎၌ ျပင္းထန္အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ား မေတြ႕ရွိရပါ။

(ခ) မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၄၁) ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ (၁၉-၂-၂၀၂၀) ရက္ေန႔တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး (၄-၃-၂၀၂၀) ရက္ေန႔ မွစတင္၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ႏွာေခ်ျခင္း၊ ႂကြက္သားမ်ား နာက်င္ကိုက္ခဲျခင္း၊ အသက္ရႉမဝျခင္း လကၡဏာမ်ားခံစားခဲ့ရသျဖင့္ မင္းလွၿမိဳ႕နယ္၊ လင္းကယ္တိုက္နယ္ျပည္သူ႔ေဆး႐ုံသို႔ လာေရာက္ျပသခဲ့ရာ ၎အား ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္၍ သီးျခားထားရွိ ကုသမႈေပးလ်က္ရွိၿပီး ဓါတ္ခြဲနမူနာရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သို႔ ေပးပို႔စစ္ေဆးရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါသည္။ ၎၌ ျပင္းထန္ အသက္ရႉ လမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ား မေတြ႕ရွိရပါ။

(ဂ) ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၃၇) ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ ထိုင္းႏိုင္ငံတြင္ လြန္ခဲ့ေသာ (၁) လခန႔္မွစတင္၍ အသည္း ေရာင္ေရာဂါ ခံစားေနရၿပီး မသက္သာသျဖင့္ (၅-၃-၂၀၂၀) ရက္ေန႔တြင္ ျမဝတီၿမိဳ႕ မွတစ္ဆင့္ ေရတာရွည္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိခဲ့ၿပီး ယင္းေန႔ ညေန(၃း၀၀)နာရီတြင္ ေရတာရွည္ ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ လာေရာက္ျပသခဲ့ရာ အဖ်ားေရာဂါႏွင့္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ား မေတြ႕ရွိရေသာ္လည္း ရင္ဘတ္ ဓာတ္မွန္တြင္ အဆုတ္ေရာင္ေရာဂါလကၡဏာမ်ား ေတြ႕ရွိရသျဖင့္ ေစာင့္ၾကည့္လူနာ အျဖစ္ သတ္မွတ္၍ သီးျခားထားရွိ ကုသမႈေပးလ်က္ရွိပါသည္။ လူနာထံမွ ဓါတ္ခြဲ နမူနာရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သို႔ေပးပို႔စစ္ေဆး ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါသည္။

(ဃ) မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၇၁) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ (၂၂-၂-၂၀၂၀) ရက္ေန႔မွစတင္၍ ေခ်ာင္းဆိုးျခင္း ေဝဒနာ ခံစားခဲ့ရၿပီး (၆-၃-၂၀၂၀) ရက္ေန႔မွစတင္၍ အသက္ရႉၾကပ္ျခင္း ေဝဒနာ မ်ားခံစားခဲ့ရသျဖင့္ (၇-၃-၂၀၂၀) ရက္ေန႔တြင္ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံ ႀကီး သို႔လာေရာက္ျပသခဲ့ရာ လူနာမွာ ေရာဂါကူးစက္ျဖစ္ပြားလ်က္ရွိေသာ ေဒသမ်ား သို႔ ခရီးသြားရာဇဝင္ႏွင့္ သံသယ လူနာမ်ားႏွင့္ ထိေတြ႕ခဲ့သည့္ ရာဇဝင္မရွိေသာ္လည္း လတ္တေလာျပင္းထန္ အသက္ရႉလမ္းေၾကာင္း ဆိုင္ရာေရာဂါလကၡဏာမ်ား ေတြ႕ရွိရ သျဖင့္ ကန္ေတာ္နဒီေဆး႐ုံသို႔ ၫြန္းပို႔ခဲ့ပါသည္။ အဆိုပါလူနာအား ေစာင့္ၾကည့္လူနာ အျဖစ္ သတ္မွတ္၍ သီးျခားထားရွိ ကုသမႈေပးလ်က္ရွိၿပီး ဓါတ္ခြဲနမူနာရယူ၍ အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သို႔ေပးပို႔စစ္ေဆးရန္ စီစဥ္ ေဆာင္႐ြက္လ်က္ရွိပါသည္။

(င) ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္တြင္ေနထိုင္ေသာ အသက္ (၃၀) ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ (၂၇-၂-၂၀၂၀) ရက္ေန႔တြင္ ဂ်ပန္ႏိုင္ငံမွ ျမန္မာႏိုင္ငံ သို႔ ျပန္လည္ေရာက္ရွိလာခဲ့ေၾကာင္း ၎တြင္ ေသြးတိုးေရာဂါ၏ ေနာက္ဆက္တြဲ ေက်ာက္ကပ္ေရာဂါ ခံစားေနရၿပီး (၂၄-၇-၂၀၁၉) ရက္ေန႔မွစ၍ ဂ်ပန္ႏိုင္ငံတြင္ ေက်ာက္ကပ္ေသြးသန႔္စင္မႈ ျပဳလုပ္လ်က္ရွိရာ (၂၈-၂-၂၀၂၀) ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၊ ကန္သာယာေဆး႐ုံ၌ ေက်ာက္ကပ္ေသြးသန႔္စင္မႈ ျပဳလုပ္ေနစဥ္ ေခ်ာင္းဆိုးျခင္း၊ ကိုယ္အပူခ်ိန္ ျမင့္တက္ျခင္း စသည့္ေရာဂါလကၡဏာမ်ား ခံစားခဲ့ရသျဖင့္ ေဆးကုသမႈ ေပးခဲ့ၿပီး (၇-၃-၂၀၂၀) ရက္ေန႔တြင္ ေဝဘာဂီအထူးကုေဆး႐ုံႀကီးသို႔ ၫြန္းပို႔ခဲ့ပါ သည္။ အဆိုပါလူနာအား ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္၍ သီးျခားထားရွိကုသမႈ ေပးလ်က္ရွိၿပီး ဓါတ္ခြဲနမူနာရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သို႔ေပးပို႔စစ္ေဆးရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါသည္။ ၎၌ ျပင္းထန္ အသက္ရႉ လမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ား မေတြ႕ရွိရပါ။

(စ) ရန္ကုန္တိုင္းေဒသႀကီး၊ ထန္းတပင္ၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၁၃) ႏွစ္အ႐ြယ္ ကေလး (က်ား) တစ္ဦးသည္ (၂၆-၂-၂၀၂၀) ရက္ေန႔မွစတင္၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း စသည့္ ေရာဂါလကၡဏာမ်ား ခံစားခဲ့ရသျဖင့္ အင္းစိန္အေထြေထြ ေရာဂါကုေဆး႐ုံႀကီး သို႔ လာေရာက္ျပသခဲ့ရာ လူနာမွာ ေရာဂါကူးစက္ျဖစ္ပြား လ်က္ရွိေသာ ေဒသမ်ားသို႔ ခရီးသြားရာဇဝင္ႏွင့္ သံသယလူနာမ်ားႏွင့္ ထိေတြ႕ခဲ့သည့္ ရာဇဝင္မရွိေသာ္လည္း လတ္တေလာျပင္းထန္အသက္ရႉ လမ္းေၾကာင္းဆိုင္ရာေရာဂါလကၡဏာမ်ား ေတြ႕ရွိရ သျဖင့္ (၆-၃-၂၀၂၀) ရက္ေန႔မွစတင္ၿပီး ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္၍ သီးျခား ထားရွိကုသမႈေပးလ်က္ရွိပါသည္။ ၎ထံမွ ဓါတ္ခြဲနမူနာရယူ၍ အမ်ိဳးသား က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သို႔ေပးပို႔ စစ္ေဆးခဲ့ရာ (၇-၃-၂၀၂၀) ရက္ေန႔တြင္ ဓာတ္ခြဲအေျဖတြင္ Coronavirus Disease 2019 (COVID-19) ဗိုင္းရပ္စ္ ေရာဂါပိုးမရွိ ပါေၾကာင္း (မရွိေၾကာင္း) စစ္ေဆးသိရွိရပါသည္။

၃။ ယေန႔ (၇-၃-၂၀၂၀) ရက္ေန႔၊ ညေန (၆း၀၀) နာရီအခ်ိန္အထိ ေစာင့္ၾကည့္လူနာ (၆) ဦးအား သက္ဆိုင္ရာ ေဆး႐ုံမ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ရွိပါသည္။

၄။ (၇-၃-၂၀၂၀) ရက္ေန႔အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ မေတြ႕ရွိေသးေသာ္လည္း ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္၍ ေဆာင္ ႐ြက္လ်က္ရွိပါသည္။ ယခုအခါ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ အပါအဝင္ ကမာၻ႔ႏိုင္ငံ (၈၉) ႏိုင္ငံတြင္ COVID-19 ေရာဂါ ကူးစက္ျဖစ္ပြားလ်က္ရွိသျဖင့္ ျပည္သူလူထုအေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ေရးဆိုင္ရာ က်န္းမာ ေရးအသိပညာေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာေဆာင္႐ြက္ရန္ ႏႈိးေဆာ္အပ္ပါသည္။

Read times
Rate this item
(0 votes)