What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 09 July 2021 14:10

အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ကာကွယ်ဆေး သန်း ၃၀ တွင် နှစ်သန်း ရရှိထားပြီး နောက်ထပ် ၂၈ သန်း ရရှိရန် ရှိကြောင်းသိရ

အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ရောဂါကာကွယ်ဆေး သန်း ၃၀ တွင် နှစ်သန်းရရှိထားပြီး နောက်ထပ်၂၈ သန်း ရရှိရန်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုရောဂါကူးစက်တိုက် ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “အိန္ဒိယက ဝယ်ထားတဲ့ဆေးက သန်း ၃၀ ဝယ်ထားတယ်။

နှစ်သန်းရပြီ ။နောက် ထပ် ၂၈ သန်းရဖို့ရှိသေးတယ်။ အိန္ဒိယအ နေနဲ့ သူတို့ရောဂါကာကွယ်ထိန်းချုပ်ရေး တွေ ထိန်းချုပ်နိုင်ပြီဆိုတဲ့ အချိန်မှာ ပြင်ပနိုင်ငံတွေကိုရောင်းချထားတဲ့၊ ကတိပြုထားတဲ့ ငွေချေထားတဲ့ကာကွယ်ဆေးတွေကို သူတို့ ပေးပို့ဖို့ရှိပါတယ်။ လက်ရှိမှာဆိုရင်တော့ ရောဂါဖြစ်ပွားမှုကရှိနေဆဲ၊ သေဆုံးမှုတွေက လည်းရှိနေဆဲ အမြင့်ဆုံးတော့မဟုတ်တော့ ဘူး။ ကျတော့ကျသွားပါပြီ။ သူတို့ ကာကွယ် ဆေးတွေကို ပြင်ပနိုင်ငံတွေကို ပေးပို့မယ်ဆို တဲ့အချိန်မှာ ကျွန်မတို့နိုင်ငံက အစောဆုံး ရရှိမှာဖြစ်ပါတယ်။ ခုတော့ပိတ်ထားပါ တယ်” ဟု ၎င်းက ပြောကြားသည်။

 

လက်ရှိ မြန်မာနိုင်ငံအတွင်း ထိုးနှံပေး နေသည့် COVID-19ကာကွယ်ဆေးမှာ Oxford University နှင့် Astra Zeneca တို့ ပူးပေါင်းထုတ်လုပ်ထားသည့် ကာကွယ်ဆေးကို မူပိုင်ခွင့်ယူပြီး Covishield အမည်ဖြင့် Serum Institute of India (SII) က ထုတ်လုပ်သည့် ကာကွယ်ဆေးအမျိုးအစား ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူ ၁၇ သိန်းကျော်ရှိပြီး ပထမအကြိမ် ဆေးထိုးနှံပြီးသူ လူ ၁၀၀ လျှင် ၃ ဒသမ ၂၂ ရာခိုင်နှုန်းရှိကြောင်း မေ ၂၄ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သော WHO အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများ၏ COVID-19ဖြစ်ပွားမှုအခြေ အနေ အပတ်စဉ် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ မှစ၍ COVID-19ကာကွယ်ဆေး စတင် ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပြီးသူ ၁၇၇၂၁၇၇ ဦးရှိပြီး ဒုတိ ယအကြိမ် ထိုးနှံပြီးသူ ၁၂၂၂၇၂၃ ဦးရှိရာ လူ ၁၀၀ လျှင် ၃ ဒသ မ ၂၂ ရာခိုင်နှုန်းရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။ နောက်ထပ်ကာကွယ်ဆေးများရရှိနိုင်ရန်အတွက်လည်း နည်းလမ်းပေါင်းစုံဆောင် ရွက်နေကြောင်းနှင့် အိန္ဒိယမှ ဝယ်ယူထား သည့်ကာကွယ်ဆေးများလည်း ရရှိရန်ဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

 

Covax အစီအစဉ်က ဖွံ့ဖြိုးဆဲနိုင်ငံနှင့် ဒေသများ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများကို ယခုနှစ်ကုန် နောက်ဆုံးထားပြီး COVID-19 ကာကွယ်ဆေး ၁ ဒသမ ၈ ဘီလျံ ပေးရန် လျာထားကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ သိရသည်။ မြန်မာနိုင်ငံတွင် ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်ကြောင့် ပိုးတွေ့အတည်ပြုလူ နာသစ်ဦးရေ အချိန်တိုကာလအတွင်း များ ပြားလာကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားထားပြီး မိမိတို့အ နေဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ် ငန်းများကို တိုးမြှင့်ဆောင်ရွက်ကြရန်ဖြစ် ကြောင်း ပြောကြားသည်။

 

လက်ရှိအချိန်ကာလတွင် ရောဂါကူး စက်ဖြစ်ပွားမှုများပြားလျက်ရှိသည့် ပြည် ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြည်နယ်၊ တိုင်းဒေသကြီးအလိုက်၊ မြို့နယ်အလိုက်၊ ရပ် ကွက်^ကျေးရွာအလိုက် ရောဂါပိုးတွေ့ရှိရမှု အခြေအနေများကို စဉ်ဆက်မပြတ်စောင့် ကြပ်ကြည့်ရှု၍ သက်ဆိုင်ရာပြည်နယ်^တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများနှင့် ဆက်သွယ်ညှိနှိုင်းကာ ဗဟိုအနေဖြင့် ဆောင်ရွက်ပေးရမည့်ကိစ္စရပ် များကို လျင်လျင်မြန်မြန်တု့ံပြန်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားသည်။

 

ငြိမ်းငြိမ်းသူ

Source Link >> Here <<

Read times Last modified on Friday, 09 July 2021 14:23
Rate this item
(0 votes)