What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 01 May 2020 13:41

အကာအကွယ်များရောင်းအားကျကာ ဆပ်ပြာ ၊လက်သန့်ဆေးနှင့်ဆေးဝါးများအရောင်းတက်

Durex ကွန်ဒုံးရဲ့ ပိုင်ရှင် ဖြစ်သူ ပြောကြားချက် အရ အင်္ဂလန် နဲ့ အီတလီ တို့မှ လူအများဟာ ဖိအားတွေကြောင့် လူသားတွေ လုပ်ဆောင်နေတဲ့ကျ ကိစ္စ ရပ်တစ်ခုဖြစ်တဲ့ အချင်းချင်း ချစ်ရည်လူးတဲ့ ကိစ္စ ရပ်တွေကို သိပ်မလုပ်ဆောင်ကျတော့ပါဘူး။ဒါ့ထက် ဇနီးမောင်နှံတွေမှာတောင်တစ်ဦးနှင့်တစ်ဦး လူအခြင်းခြင်းခွဲခြားနေထိုင်ခြင်းကို ကျင့်သုံးသဖြင့် လုံးဝ ထိုကဲ့သို့ ကိစ္စ ဖြစ်ခြင်းနည်းပါးလျက် ရှိပါတယ်။

 

အသေးစိတ်ကို တင်ပြရသည်ရှိသော် Lockdown ကိစ္စ ရပ်တွေကြောင့် လို့ သိရပါတယ်။Durex ကွန်ဒုံမှ အမှု့ဆောင်အရာရှိချုပ် Laxman Narasimhan ပြောကြားချက် အရ အခုချိန်မှာ အင်္ဂလန်နဲ့ အီတလီမှာ အကာအကွယ် ရောင်းရဖို့ အတော်လေး ခက်ခဲနေပါတယ်။အသွားအလာ ကန့်သတ် ချက်တွေ ထုတ်ပြန်လိုက်တဲ့ အခါမှာ ထိုကဲ့သို့ ကိစ္စ ရပ်တွေ ဖြစ်လာတာပါ။သို့ပေမဲ့ အခုအချိန်မှာ တရုတ်ပြည်မှာက အသွားအလာ ကန့် သတ်ချက်တွေဖြေလျော့လိုက်ပြီမို့ ထင်ပါတယ်။အတော်လေး အကာအကွယ်တွေရောင်းအား တက်လာပါတယ်။

 

Laxman Narasimhan ရဲ့ ပြောကြားချက်ကတော့ လူတစ်ဦးနှင့်တစ်ဦး သီးခြားစွာ နေထိုင်ခြင်းက ထိုကိစ္စ ရပ်တွေကို တားဆီးသလိုပါပဲ ဒါ့ထက် ဖိအားကြောင့်လဲ ထင်ပါတယ် လူတွေဟာ အရင်ကလို ထိုကိစ္စ ရပ်တွေကို စိတ်ထဲကို မရှိကျသလိုပါ။လူငယ်တွေ အနေနဲ့ လည်း အင်္ဂလန်မှာ ဆို အိမ်ပြင် မထွက် ရလို့ ဘာကိစ္စ မှ ရှိလို့ မရတာမို့ ဒါကို အသုံးအပြု ကြဟန်တူပါတယ်တဲ့။

 

တစ်ချိန်ထဲမှာပဲ စားသုံးသူများရဲ့ ပစ္စည်းဖြန့် ဖြူးသူ တစ်ဦးမှ လက်ရှိစီးပွားရေးဆိုင်ရာ လုပ်ငန်းကိစ္စများနှင့်ပတ်သက် ပြောကြားချက်ကတော့ မားကတ်စင်တာ တစ်ခုမှာ တစ်ကိုယ်ရည်သန့်စင်ပစ္စည်း ( ဆပ်ပြာ ၊ လက်သန့်ဆေးရည် ) ၊ ဆေးဝါးများ ၊ လိင်အကာအကွယ်ပစ္စည်းများကို တွဲရက်ထားရောင်းသော်လည်း အခုအချိန်မှာ လူတွေက အကာအကွယ်တွေကို မဝယ်ကျပါဘူး ဆပ်ပြာ ၊ လက်သန့်ဆေးရည် နှင့် ဆေးဝါးများကိုဖြည့်ထားသလောက် စဉ်လွတ်အောင်အထိသာဝယ်ကျပါတယ်တဲ့။

 

သူတို့မျှော်မှန်းချက်ကတော့ ဒီ Lockdown ( အသွားအလာ တားမြစ်ကန့်သတ်ချက် ) တွေပြီးမှ သာလျင် ကွန်ဒုံးအရောင်းဈေးကွက်က ပြန်လည် ဦးမော့ လာမည်သိရပါတယ်။ထိုမှသာလျှင် ကွန်ဒုံးစက်ရုံတွေက ပြန်လည် ထုတ်လုပ်မှု့ လုပ်ငန်းတွေလုပ်ဆောင်တော့ မှာပါ။လက်ရှိမှာ စက်ရုံ တွေမှ အလုပ်သမားများကို အလုပ်နားထားပြီး ထုတ်လုပ်မှု့ ရွေ့ဆိုင်းထားပါတယ်။

 

Karex ဆိုတဲ့ ကမ္ဘာ့ အကြီး ဆုံး အကာအကွယ်ပစ္စည်းထုတ်လုပ်သူဟာ သူ့ရဲ့ အကာအကွယ်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ ငါးရုံ ရှိတဲ့ အနက် စက်ရုံ သုံးခုကလောလောဆယ်ပိတ်လိုက်ရပါပြီ။ယခုဆိုရင် သူတို့အနေနဲ့ ပြီးခဲ့တဲ့ မတ်လ ကနေ ဧပြီလ အလယ်အထိ ၂၀၀ မီလီယံ အကာအကွယ်ထုတ်လုပ်ထားတာဖြစ်ပြီး လုံး၀ ဝယ်ယူဖို့ စိတ်ဝင်စားတဲ့ သူနည်းပါးနေပါတယ်တဲ့။

 

<<< Zawgyi >>>

 


-------------------------------

 


 


 


 


 


 


 

Ref ; Daily Mail 

Read times
Rate this item
(1 Vote)