What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 25 July 2021 11:30

မြန်မာလုပ်သားများ လုပ်ကိုင်နေသည့် ကြက်စက်ရုံတွင် ပိုးရှိလူနာ တစ်ထောင်ကျော်တွေ့

ထိုင်းနိုင်ငံ Bung Sam Phan ခရိုင်ရှိ ကြက်သား ထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် coronavirus ကူးစက်ခံထားရသူ ၁,၀၀၀ ကျော် တွေ့ရှိခဲ့ပြီး အများစုမှာ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြသည်။

Sahafarms Group လက်အောက်ရှိ Golden Line Business Co ၏ ကြက်စက်ရုံတွင် လုပ်သားအင်အား ၇,၀၀၀ ကျော် လုပ်ကိုင်လျက်ရှိပြီး ၎င်းတို့ကို ဆေးစစ်ကြည့်ရာ၌ ယခုလို ပိုးကူးစက်ခံများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းက ပြည်နယ်အာဏာပိုင်များကို Bung Sam Phan Hospital က ရွှေ့ပြောင်းလုပ်သား နှစ်ဦးတို့ Covid-19 အတည်ပြုလူနာအဖြစ် တွေ့ရှိကြောင်း အကြောင်းကြားအသိပေးခဲ့သဖြင့် ၎င်းတို့ လုပ်ကိုင်လျက် ရှိသည့် ကြက်စက်ရုံတွင် ဆေးစစ်မှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ Covid-19 test ကို လုပ်သား ၃,၀၀ ကျော်ကို စစ်ဆေးခဲ့ရာ ၁,၀၀၀ ကျော်မှာ ပိုးရှိနေသည့်လူနာအဖြစ် အတည်ပြုပေးခဲ့သည်။

ကြက်စက်ရုံတွင် လုပ်ကိုင်လျက် ရှိသော လုပ်သားများတွင် ၃,၀၀၀ သည် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများ ဖြစ်ပြီး ၁၅,၀၀ သည် ပထမတစ်ကြိမ် ထိုးထားပြီးသား ဖြစ်သည်။ ကုမ္ပဏီမှ Sinopharm ကာကွယ်ဆေးများ ဝယ်ယူပြီး ထိုးနှံပေးထားခြင်း ဖြစ်သည်။

Golden Line Business Co သည် အေးခဲကြက်သားများ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့သည်။ အဆိုပါ စက်ရုံတွင် မြန်မာလုပ်သားဉီးရေက အချိုးအစား ပိုများသည်။ လုပ်သား စုစုပေါင်း ၇,၂၀၀ ရှိပြီး ၂,၅၈၀ ဦးသည် ထိုင်း၊ ၄,၆၂၀ ဦးသည် မြန်မာ ဖြစ်သည်။

ကုမ္ပဏီက စက်ရုံဝင်းထဲတွင် field hospital ဖြင့် လုပ်သားများကို စောင့်ရှောက်ပေးထားပြီး
Covid-19 test မလုပ်ရသေးသည့် လုပ်သားများကို ဆက်လက် ဆေးစစ်ပေးသွားမည်ဟု သိရသည်။

Source: bangkokpost.com/

 
Read times Last modified on Sunday, 25 July 2021 11:31
Rate this item
(0 votes)