What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 07 August 2021 11:45

ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများ ပိုးဖြန့်သူဖြစ်နေနိုင်ဆဲ.


ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးပြီးသူများ ကိုရိုနာဗိုင်းရပ်စ် Delta မျိုးကွဲ ကူးစက်ခံထားရနိုင်ပြီး ၎င်းတို့အနေဖြင့် ဗိုင်းရပ်များ အခြားသူတို့ထံ ဖြန့်နေနိုင်ပြီး ကာကွယ်ဆေး မထိုးရသူများထံ

အလွယ်တကူ ကူးစက်နိုင်စေပါတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေး US Centers for Disease Control and Prevention ရဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

ကာကွယ်ရေးထိုးဆေးက အပြင်းအထန် နာမကျန်းဖြစ်ခြင်းနဲ့ သေဆုံးခြင်းတို့ကို ထိထိရောက်ရောက် အစွမ်းထက်ထက် ကာကွယ်ပေးနေဆဲ ဖြစ်ပေမဲ့လည်း အစီရင်ခံစာမှာ ဆိုထားတာက ဆေးထိုးထားပြီးသူများ Delta ပိုးကုးခံထားရတဲ့အခါ သူတို့မှာ ပိုးတွေ သယ်ဆောင်ထားတာ ဆေးမထိုးရသေးတဲ့ ပိုးကူးစက်သူတွေမှာ ပိုးတွေ သယ်ဆောင်ထားတဲ့အတိုင်း ပိုးတွေ ရှိနေတယ်။ အဲဒီပိုးတွေ အပြင်ထွက်ပြီး တခြားသူတွေကို ကူးစက်စေတယ်။

.မာဆာချူးစက်မှာ နေထိုင်သူ ၄၆၉ ဦး ဇူလိုင်လမှာ Delta ပိုး ကူးစက်ခံရပြီး သေဆုံးသူ မရှိခဲ့ပါ။ ကူးစက်ခံရသူ ၇၄% (ကူးစက်ခံရသူ ၃၄၆ဦး) တို့ဟာ ကာကွယ်ရေးထိုးဆေး နှစ်ကြိမ် အပြည့်ထိုးပြီးသား ဖြစ်ပါတယ်။ အဲဒီကူးစက်ခံထားရသူတွေမှာ ၇၉% က လက္ခဏာ ပြသတယ်လို့ ဆိုပါတယ်။

Read times
Rate this item
(1 Vote)