What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 02 September 2021 20:35

Sinovac Biotech သုံးသန်း မြောက်ကိုရီးယား ငြင်းပယ်

မြောက်ကိုရီးယားက အကြမ်းအားဖြင့် ကြိမ်ရေ သုံးသန်း ဆေးထိုးပေးနိုင်တဲ့ တရုတ်ပြည်ဖြစ် Sinovac Biotech ကိုဗစ်ကာကွယ်ရေး ထိုးဆေးတွေကို ငြင်းဆန်လိုက်ပါတယ်။

ကိုဗစ်ပြင်းပြင်းထန်ထန် ထိခိုက်နေတဲ့ နိုင်ငံတွေထံ ပို့ပေးသင့်ကြောင်း ပြောဆိုတယ်လို့ Unicef က စက်တင်ဘာလ ၁ ရက်နေ့က ပြောကြားပါတယ်။


ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေကို ကာကွယ်ဆေး ပေးပို့တဲ့ Covax အစီအစဉ်အတွက် ကာကွယ်ဆေး ပေးပို့ဖို့ ဆောင်ရွက်တဲ့ Unicef ရဲ့ အဆိုအရ ကမ္ဘာမှာ ကိုဗစ်ကာကွယ်ဆေးက အကန့်အသတ် ဖြစ်နေကြောင်း မြောက်ကိုရီယား အစိုးရရဲ့ ဝန်ကြီးဌာနက ထောက်ပြပြောဆိုခဲ့ပြီး အချို့နေရာတွေမှာ ဗိုင်းရပ်စ် ဆက်လက်လှိုင်းထနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ယခုအချိန်အထိ မြောက်ကိုရီးယားမှာ . Covid-19 လူနာ တွေ့ရှိကြောင်း အစီရင်ခံခြင်း မရှိသေးပါဘူး။ တင်းကျပ်တဲ့ ဗိုင်ရပ်စ်ကူးစက်မှု ကာကွယ်တားဆီးရေးကို ကျင့်သုံးနေပါတယ်။ ပြည်ဝင်ပြည်ထွက် ပိတ်ပင်ထားတဲ့အပြင် ပြည်တွင်းခရီးသွားလာမှုတွေလည်း တားမြစ်ထားပါတယ်။

နောက်လာမယ့်လတွေမှာ ကာကွယ်ဆေး လက်ခံဖို့အတွက် Covax နဲ့ ဆက်သွယ်မှုကို ဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ Unicef ပြောရေးဆိုခွင့်ရသူက ပြောကြားပါတယ်။

ဇူလိုင်လမှာ မြောက်ကိုရီးယားက ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်တဲ့အတွက် AstraZeneca ကိုဗစ်ကာကွယ်ဆေးများ လက်ခံဖို့ ငြင်းပယ်ခဲ့ပါတယ်။

မြောက်ကိုရီးယားအနေဖြင့် တရုတ်ပြည်ဖြစ် ကိုဗစ်ကာကွယ်ရေး ထိုးဆေးတွေအပေါ် အကျိုးထိရောက်မှု မရှိဘူးလို့ ယူဆထားလို့ စိတ်အားထက်သန်မှု မရှိဘဲ ရုရှားပြည်ဖြစ် ကိုဗစ်ကာကွယ်ဆေးတွေအပေါ်မှာတော့ စိတ်ဝင်စားမှု ပြသတယ်လို့ Institute for National Security Strategy က ဆိုပါတယ်။

ထိုင်းနဲ့ ဥရုဂွေး အပါအဝင် နိုင်ငံအချို့တို့မှာ Sinovac ကိုဗစ်ကာကွယ်ရေး ထိုးဆေးကို ပထမအကြိမ် ထိုးနှံခြင်းအတွက် စတင်အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

.
straitstimes.com

Read times Last modified on Thursday, 02 September 2021 20:36
Rate this item
(0 votes)