What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 04 September 2021 08:23

ဟောင်ကောင်မှာ Mu ဇီဝမျိုးကွဲ အတည်ပြုလူနာ ၃ ဦးတွေ့

ဟောင်ကောင်မှာ Mu ဇီဝမျိုးကွဲ အတည်ပြုလူနာ ၃ ဦးတွေ့ရှိခဲ့ပြီး လေကြောင်းဆိုက်ရောက် ခရီးသည်များ ဖြစ်ကြသည်။

တစ်ဦးမှာ အသက် ၁၉ နှစ်ရှိ အမျိုးသား ဖြစ်ပြီး ကျန်တစ်ဦးမှာ အသက် ၂၂ နှစ်ရှိ အမျိုးသမီး ဖြစ်သည်။ သူတို့သည် ကိုလံဘီယာနိုင်ငံမှ ရောက်ရှိလာသူများ ဖြစ်သည်။

သူတို့နှစ်ဦးသည် ဇွန်လဆန်း‌တွင် ကူးစက်ခံခဲ့ရသူများ ဖြစ်ခဲ့ကြောင်း အတည်ပြုသည်။ ယခု စက်တင်ဘာလတွင် Mu ဇီဝမျိုးကွဲ သူတို့ထံတွင် ရှိနေခြင်း ဖြစ်သည်။

နောက်ထပ် Mu ဇီဝမျိုးကွဲ ကူးစက်ခံရသူမှာ အသက် ၂၆ နှစ်ရှိ အမျိုးသမီး ဖြစ်ပြီး အမေရိကန်နိုင်ငံမှ ရောက်ရှိလာသူ ဖြစ်သည်။ သူသည် ကူးစက်ခံထားသူဖြစ်ကြောင်း ဇူလိုင်လ ၂၄ ရက်တွင် တွေ့ရှိခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Mu ဇီဝမျိုးကွဲသည် ကာကွယ်ဆေးကို ခုခံဆန့်ကျင်နိုင်စွမ်း ပိုမြင့်မားသည်ဟု ဆိုသည်။ ၎င်းတွင် သန္ဓေပြောင်းမျိုးကွဲများ ရှိနေသည်ဟု အသိပေး ပြောကြားထားသည်။

အဆင့်အတန်း သတ်မှတ်ရာတွင် စိတ်ဝင်တစား စောင့်ကြည့်မျိုးကွဲအဆင့် “variants of interest” ဟု သတ်မှတ်ထားသည်။

စိုးရိမ်မျိုးကွဲအဆင့် variants of concern” အဖြစ် Alpha, Beta, Gamma နှင့် Delta မျိုးကွဲများကို စာရင်းသွင်းထားသည်။

Read times
Rate this item
(0 votes)