What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 March 2020 14:12

အိန္ဒိယနိုင်ငံရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကိုရိုနာဗိုင်းရပ်စ်ဦးထုပ်

90251442_832926683874316_4730726126572273664_n.png

 

အိန္ဒိယနိုင်ငံရှိ ရဲအရာရှိတစ်ဦးက လူများကို အိမ်ထဲမှာနေဖို့အတွက် သူများတွေနဲ့ မတူဘဲ တမူးထူးခြားတဲ့ နည်းလမ်းနဲ့ လူတွေနဲ့ မီဒီယာတွေရဲ့ အာရုံကို ဖမ်းစားခဲ့ပါတယ်။

Rajesh Babu (ရာဂျစ်ဘာဘူ) ဆိုသည်ရဲအရာရှိသူသ်ည ကိုရိုနာဗိုင်းရပ်စ်၏ ပုံစံကို ဆိုက်ကယ် ဦးထုပ်ပမာပြုလုပ်ထားတဲ့ ဦးထုပ်ကို ဝတ်ဆင်ပြီး လမ်းပေါ်ရှိ လှည့်လည်သွားလာနေတဲ့ သူတွေကို ထိတ်လန့်သွားအောင် ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါ ရဲအရာရှိက ဆိုင်ကယ် ၊ ကား နှင့် လမ်းသွားလာနေသူတွေကို လတ်ရှိအချိန်မှာ အိမ်အတွင်းနေဖို့က ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သတိပြုမိစေဖို့အတွက် ရည်ရွယ်ခဲ့တာလည်း ဖြစ်ပါတယ်။

အာရှအပြည်ပြည်ဆိုင်ရာသတင်းတွေရဲ့ ဖော်ပြချက်အရ ရဲအရာရှိ ရာဂျစ် က ဒီရောဂါဟာ လူအများကို ကူးစပ်ပျံ့နှံ့မှုနှုန်းမြန်တဲ့အတွက် သတိပြုမိစေဖို့အတွက် ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ အခုလိုအပြင်ထွက်တဲ့ သူတွေကို မြင်တွေ့ရတာ သူအနေနဲ့ ပြင်းထန်းစွာတုန့်ပြန်မှုတွေပြုလုပ်ပြီး အိမ်ကို ပြန်ဖို့ တိုက်တွန်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီကိုရိုနာခမောက်ကို ပြုလုပ်ခဲ့တယ်ဆိုတာကလည်း လူတွေကို သတိပြုမိဖို့အတွက် လုပ်ဆောင်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါခမောက်ကို ဝတ်ဆင်လိုက်တာနဲ့ လူတွေရဲ့စိတ်ထဲ တမူးကွဲပြားခြားနားတဲ့ အရာတစ်ခုက လူတွေကို ဒါက ကိုရိုနာ ပါလားဆိုတဲ့ အသိစိတ်ကို ဝင်လာစေမှာ ဖြစ်ပါတယ်။

 

အထူးသဖြင့် ကလေးများအနေနဲ့ ဒီဟာကိုမြင်ပြီးသွားတဲ့အချိန်မှာ သူတို့ အိမ်ပြန်ဖို့အတွက် စိတ်ကူးခဲ့ကြပါတယ်လို့ ပြောကြားခဲ့ပါတယ်။

 

ကျွနု်ပ်တို့ ရဲအရာရှိတွေက ဒီအရာတွေကို အချက်ကျကျဆောင်ရွက်နေပေမယ့်လည်း လူတွေက လမ်းတွေပေါ်ကို ထွက်နေကျဆဲပါဘဲ။

90165828_212716063139335_1462378197545910272_n.png

Ref:9gag 

Written By Aung Win (Health Products Directory)

Read times Last modified on Monday, 30 March 2020 14:21
Rate this item
(1 Vote)