What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 05 September 2021 08:53

ကူးစက်မှုပမာဏမှာ Mu က Delta ကို ကျော်နိုင်ဖွယ် မရှိ

ဩဂုတ်လ ၃၀ ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်မျိုးကွဲ Mu ကို စိတ်ဝင်စားအဆင့်မျိုးကွဲ variant of interest (VOI) အဖြစ် သတ်မှတ်ပေးခဲ့တယ်။

လက်ရှိ လှိုင်းထနေတဲ့ မျိုးကွဲ Delta က စိုးရိမ်အဆင့်မျိုးကွဲ variant of concern (VOC) အဖြစ် သတ်မှတ်ထားတယ်။ ယခုအခါ ကိုဗစ်ကူးစက်မှုများမှာ ၉၀% ကျော်ဟာ မျိုးကွဲ Delta ဖြစ်ပါတယ်။

Bioinformatics Institute of the Agency for Science, Technology and Research မှ အလုပ်အမှုဆောင် ဒါရိုက်တာ Dr Sebastian Maurer-Stroh က မျိုးကွဲ Mu ကူးစက်မှုက ၁% အောက်မှာ ဖြစ်ကြောင်း ပြောကြားပါတယ်။ “အကြီးအကျယ် ကူးစက်ဖို့ဆိုတာ မျိုးကွဲက ကြံ့ခိုင်ဖို့ လိုပြီး အဲဒီမျိုးကွဲတွေကို VOI အဖြစ် သတ်မှတ်ပေးတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ဗိုင်းရပ်စ်ကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်တယ်ဆိုတာကို သိထားလို့ ဖြစ်ပါတယ်” လို့ သူက ရှင်းပြတယ်။
“တောင်အမေရိကမှာ ဇွန်လ ၁၄ ရက်တုန်းက VOI သတ်မှတ်ခံရတဲ့ Lambda မျိုးကွဲနဲ့ Mu တို့ကို အစောပိုင်းမှာ တွေ့ရှိခဲ့ပြီး ကူးစက်မှုတွေ ဖြစ်ပွားခဲ့တယ်။ အခုတော့ ကူးစက်တဲ့ အရေအတွက် ကျဆင်းလာနေပြီ။ Delta ကူးစက်မှုက သူတို့ကို ကျော်တက်သွားတယ်။ ကမ္ဘာတစ်လွှား ကူးစက်မှုကို ကြည့်ရင် Delta က ကြီးစိုးထားတဲ့ မျိုးကွဲအဖြစ် ဆက်ဖြစ်နေဆဲပါ” လို့ သူက ရှင်းပြတယ်။

Delta ကို ဧပြီလ ၄ ရက်မှာ VOI အဖြစ် သတ်မှတ်ပေးခဲ့ပြီး မေလ ၁၁ ရက်မှာ VOC အဖြစ် အဆင့်မြှင့်တင် သတ်မှတ်ပေးခဲ့ပါတယ်။ နောက်မှ ပေါ်ပေါ်တဲ့ မျိုးကွဲဖြစ်ပေမဲ့ Delta က ယခင် ရှိနှင့်တဲ့ VOC သုံးခု ဖြစ်ကြတဲ့ Alpha, Beta နဲ့ Gamma တို့ထက် သာလွန်သွားပြီး ကမ္ဘာတစ်လွှား ကူးစက်မှုတွေမှာ ကြီးစိုးထားတယ်။

National University of Singapore မှ ပါမောက္ခ David Allen က “ကျွန်တော်တို့ Mu ကို သတိမူဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်။ Mu ရဲ့ ဒုက္ခပေးနိုင်တဲ့ အလားအလာကိုလည်း သတိထားကြရမယ်။ တခြားမျိုးကွဲတွေနည်းတူ ကျွန်တော်တို့ ဂရုစိုက်ပေးကြရမယ်။ ဒါပေမဲ့ Mu က လောလောဆယ်မှာ စိုးရိမ်တကြီး ဖြစ်ဖို့တော့ မလိုသေးဘူးလို့ ကျွန်တော် အကဲဖြတ်ပါတယ်” လို့ ပြောပြတယ်။

ကိုလံဘီယာနိုင်ငံတွင် ဇန်နဝါရီလမှာ Mu ပေါ်ထွက်လာခဲ့တယ်။ ကူးစက်မှုတွေလည်း ဖြစ်ပွားခဲ့တယ်။ အခုတော့ Delta ကူးစက်မှုက ပိုများပြီး ပိုပြင်းထန်နေတယ်။ လာမယ့် သီတင်းပတ် အနည်းငယ်အတွင်းမှာ Delta က ပိုသာသွားလိမ့်မယ်လို့ ခန့်မှန်းထားကြတယ်။ Delta က ဗိုင်းရပ်စ်တွေ ထပ်ထုတ်ပေးတာမှာ ပိုမြန်ဆန်တယ်။ ကူးစက်မှုမှာလည်း ပိုမြန်ဆန်တယ်။ ပိုထိရောက်တယ်။ ဒီတော့ တခြားမျိုးကွဲတွေ သူ့ကို လိုက်မမီနိုင်ဘူး။


Source: straitstimes.com

Read times
Rate this item
(0 votes)