What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 September 2021 15:31

တရုတ်နိုင်ငံက နောက်ဆုံးဖြစ်ပွားနေတဲ့ ကိုဗစ်ကူးစက်မှု မူလတန်းကျောင်း တစ်ကျောင်းနဲ့ ဆက်စပ်နေ

တရုတ်နိုင်ငံမှာ အခုနောက်ဆုံး ကိုဗစ်ရောဂါကူးစက်မှု တိုးပွားလာမှုတွေဟာ ဖူဂျန်ပြည်နယ်က မူလတန်းကျောင်းတစ်ကျောင်းနဲ့ ဆက်နွယ်နေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အဲဒီကျောင်းက ကျောင်းသားတစ်ဦးရဲ့ ဖခင်မှာ ကိုဗစ်ပိုး ကူးစက်ခံခဲ့ရာကနေ ဒီလို ကူးစက်မှုတွေ တိုးပွားလာတာလို့ ကနဦး သတင်းတွေက ဆိုပါတယ်။

၄ ရက်အတွင်း ရောဂါကူးစက်မှုပေါင်း ၁၀၀ ကျော် ရှိခဲ့အပြီးမှာ ဆရာ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသား အားလုံး ကိုဗစ်ပိုးရှိမရှိ သီတင်းတစ်ပတ်အတွင်း စစ်ရမယ်လို့ ဖူဂျန်းပြည်နယ် အာဏာပိုင်တွေက ညွှန်ကြားလိုက်ပါတယ်။

ဝူဟန်ပြည်နယ်နောက်ပိုင်း ကိုဗစ်ရောဂါ ကူးစက်မှု အကြီးဆုံး ဖြစ်တဲ့ နန်ဂျင်းပြည်နယ်က ကိုဗစ် ကူးစက်မှုတွေကို တရုတ်အစိုးရက ထိန်းချုပ်လိုက်နိုင်ခဲ့အပြီး တစ်လအကြာမှာ အခုဒီကူးစက်မှုသစ်တွေ ထပ်ဖြစ်လာခဲ့တာပါ။

လူဦးရေ ၃ သန်း ရှိတဲ့ ဖူဂျန်းပြည်နယ် မြို့တော် ပူတီယန်မြို့ဟာ ကိုဗစ်ကူးစက်မှုဒဏ် အဆိုးဝါးဆုံး ခံရတဲ့ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။

ပထမဆုံးစဖြစ်တဲ့သူတွေက မူလတန်းကျောင်း တစ်ကျောင်းနဲ့ ဆက်စပ်နေတဲ့သူတွေ လို့သိရပါတယ်။

ပထမဆုံး စဖြစ်တဲ့ ရောဂါကူးစက်မှုတွေဟာ မူလတန်းကျောင်းတစ်ကျောင်းနဲ့ ဆက်စပ်နေပါတယ်။

ရောဂါကူးစက်မှုရဲ့ မူလအစဟာ အဲဒီကျောင်းက ကျောင်းသားတစ်ဦးရဲ့ ဖခင်ဆီက လို့ ယူဆရပါတယ်။ အဲဒီလူဟာ သြဂုတ်လ ၄ ရက်နေ့က စင်္ကာပူနိုင်ငံကနေ ပြန်လာခဲ့ပြီး ၃၈ ရက်အကြာ စက်တင်ဘာလ ၁၀ ရက်နေ့မှာ ကိုဗစ်ပိုး ရှိကြောင်း ဓာတ်ခွဲစစ်ဆေး သိခဲ့ရပါတယ်။

သူဟာ ကွာရန်တင်း ၂၁ ရက် ဝင်ခဲ့ပြီး ကွာရန်တင်း ဝင်နေစဉ်အတွင်း လိုအပ်တဲ့ ဆေးစစ်မှု ၉ ကြိမ် လုပ်ခဲ့ပါတယ်။ ဆေးစစ်မှု အကုန်လုံးက နက်ဂတစ် အဖြေထွက်ခဲ့တယ်လို့ တရုတ်အစိုးရပိုင် Global Times သတင်းစာမှာ ဖော်ပြထားပါတယ်။

အဲဒီကျောင်းသားလေးရဲ့ ဖခင် ရောဂါပိုး ကူးစက်ခံရတဲ့ အချိန်က ပုံမှန်မဟုတ်ဘဲ ကြာလွန်းနေတဲ့အတွက် နိုင်ငံခြားကနေ ရောဂါကူးလာတာလား ဆိုတာ အသေအချာ ပြောဖို့ ခက်နေပါတယ်။

ဒီအတောအတွင်းမှာပဲ တာဝန်ရှိသူတွေက ကိုဗစ်ပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစား ဆောင်ရွက် နေကြပါတယ်။

လောလောဆယ် ကျောင်းတွေ ပိတ်ထားပြီး ပူတီယန်မြို့ကနေ ထွက်ခွာသူမှန်သမျှ မထွက်ခင် ၄၈ နာရီအတွင်း ကိုဗစ်ပိုး မရှိကြောင်း ဆေးစစ်ချက် ပြရမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ရုံ၊ ပြတိုက်နဲ့ စာကြည့်တိုက်တွေလို အများပြည်သူ သွားလာတဲ့ နေရာမျိုးတွေမှာ အဆောက်အဦတွင်း လှုပ်ရှားလုပ်ဆောင်မှုတွေကို ဆိုင်းငံ့ထားဖို့နဲ့ စားသောက်ဆိုင်တွေကိုလည်း အချိန်အကန့်အသတ်နဲ့ ဖွင့်ဖို့ ညွှန်ကြားထားပါတယ်။

အနီးအနားမြို့တွေဖြစ်တဲ့ ရှာမန်းမြို့နဲ့ Quanzhou ဂွမ်ဂျိုးမြို့တွေမှာလည်း ကိုဗစ်ရောဂါ ကူးစက်မှုဒဏ်နဲ့ ရင်ဆိုင်နေရပြီး ရှာမန်းမြို့မှာ အားကစားရုံတွေနဲ့ အရက်ဘားတွေ ပိတ်ထားရပါတယ်။

တနင်္လာနေ့က ရှာမန်းမြို့မှာ ကိုဗစ်ရောဂါကူးစက်မှု ၃၂ ခု တွေ့ခဲ့ပြီး အများစုဟာ ပူတီယန်မြို့ကနေ လာတာလို့ စစ်ဆေးတွေ့ခဲ့ပါတယ်။ ကနဦး လေ့လာမှုတွေအရ အဲဒီကူးစက်မှုတွေဟာ ကူးစက်မြန် ဒယ်လ်တာ ဗီဇပြောင်း ကိုဗစ်ပိုးကူးစက်မှုတွေ ဖြစ်တယ်လို့ Global Times သတင်းစာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ လူသန်းပေါင်းများစွာ အားလပ်ရက် ခရီးထွက်လေ့ရှိတဲ့ ရွှေရောင် အားလပ်ရက် သီတင်းပတ်လို့ လူသိများကြတဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ သီတင်းတပတ်ကြာ အမျိုးသားနေ့ လူထုအားလပ်ရက် မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ အခုလို ကိုဗစ်ရောဂါကူးစက်မှုတွေ တိုးလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် တနင်္ဂနွေ့ကစလို့ ၃ ရက်ကြာ ဆောင်းဦးလယ်ပွဲတော် လူထုအားလပ်ရက် တစ်ခုလည်း ရှိနေပါတယ်။

 

BBC

Read times Last modified on Wednesday, 15 September 2021 15:34
Rate this item
(0 votes)