What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 26 April 2020 20:41

COVID-19 လူနာအမှတ် (၁၄၄) လုပ်ကိုင်သော “ချန်ရီ” ဖိနပ်စက်ရုံနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိမှု

(၂၅-၄-၂၀၂၀) ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်
ပတ်သက်သော သတင်းထုတ်ပြန်ချက်၌ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (အမှတ် X3-X6) ဆိပ်ကမ်းသာလမ်း၊ အနော်ရထာစက်မှုဇုန်ရှိ “ချန်ရီ” ဖိနပ်စက်ရုံမှဝန်ထမ်း(၁)ဦးတွင် COVID-19 ရောဂါဖြစ်ပွားနေကြောင်း ဓာတ်ခွဲ အတည်ပြုနိုင်ခဲ့ပြီးနောက် အဆိုပါလူနာ (လူနာအမှတ်-၁၄၄) အား မိုးညှင်းဆေးရုံမှ မြစ်ကြီးနားဆေးရုံသို့ လွှဲပြောင်းကုသပေး လျက်ရှိပါသည်။
အဆိုပါစက်ရုံတွင် နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသားဝန်ထမ်း စုစုပေါင်း (၈၀၀၀) ခန့်ရှိကြောင်း သိရှိရပါသည်။
အဆိုပါ စက်ရုံအား (၂၂-၄-၂၀၂၀) ရက်နေ့တွင် ကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များပါဝင်သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ရာ “အကြံပြုချက်များအတိုင်းပြုပြင်၍ လုပ်ငန်းလည်ပတ်ရန် သင့်လျော်သည်” ဖြစ်ကြောင်း အကဲဖြတ်ချက် ပေးခဲ့ပါသည်။
ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုနှင့်ပတ်သက်၍ (၂၅-၄-၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဦးဆောင်သောအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ရာ အောက်ပါ အတိုင်းတွေ့ရှိ ခဲ့ပါသည် -
• (၂၅-၄-၂၀၂၀)ရက်နေ့တွင်ရောဂါအတည်ပြုလူနာ (လူနာအမှတ် - ၁၄၄) သည် အဆိုပါ စက်ရုံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော တရုတ်လူမျိုးစက်ပြင်ဆရာ၏ စကားပြန် အနေ ဖြင့် (၂-၃-၂၀၂၀)ရက်နေ့မှ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး (၂-၃-၂၀၂၀)ရက်နေ့မှ (၁၅-၄-၂၀၂၀) ရက်နေ့ အထိ အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊
• (၄-၄-၂၀၂၀)ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းများခံစားရ၍ စက်ရုံဆေးခန်းသို့ လည်းကောင်း၊ (၇-၄-၂၀၂၀)ရက်နေ့တွင်ပြင်ပပုဂ္ဂလိကဆေးခန်းသို့လည်းကောင်း သွားရောက် ပြသခဲ့ကြောင်း၊
• (၁၅-၄-၂၀၂၀)ရက်နေ့တွင် ရန်ကုန်မြို့မှ မိုးညှင်းမြို့သို့ ကမာရွတ်မြို့နယ်တွင် နေထိုင်သူ၏ ကားဖြင့် (၂)ဦးထဲသာသွားရောက်ခဲ့ကြောင်း၊
• (၁၆-၄-၂၀၂၀)ရက်နေ့တွင် မိုးညှင်းမြို့ သတ်မှတ်ထားသောနေရာတွင် Facility Quarantine အဖြစ် ဝင်ရောက်ခဲ့ကြောင်း၊
• (၁၉-၄-၂၀၂၀)ရက်နေ့တွင် အဆိုပါလူနာသည် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် အစား အသောက်ပျက်ခြင်းတို့ကြောင့် မိုးညှင်းဆေးရုံ Isolation Ward တွင် ဆေးရုံတက် ခဲ့ကြောင်း၊
• လွန်ခဲ့သော(၁၄)ရက်အတွင်း COVID-19 ဓါတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိကြောင်း၊
• လူနာသည် ၎င်း၏အလုပ်ခန်းတွင်သာ အလုပ်လုပ်သည့်အတွက် အဆိုပါအခန်းတွင် လုပ်ကိုင်သူစက်ရုံ ဝန်ထမ်းအချို့၊ ၎င်းနေထိုင်သည့်အဆောင်ရှိ အခန်း(၁၇)ခန်းတွင် နေထိုင်သူအချို့မှလွှဲ၍ အခြားစက် ရုံအလုပ်သမားများနှင့် ထိတွေ့မှုမရှိကြောင်း၊
• (၁၀-၄-၂၀၂၀)ရက်နေ့မှ (၂၄-၄-၂၀၂၀) ရက်နေ့အထိ အဆိုပါစက်ရုံမှာ ပိတ်ထားခဲ့ပြီး (၂၅-၄-၂၀၂၀)ရက်နေ့တွင် နေ့တစ်ဝက်ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းနှင့် အလုပ်သမား (၂၀၀၀) ဦး ခန့် အလုပ်လုပ်လျက်ရှိကြောင်း။
ကွင်းဆင်းအဖွဲ့၏ အစီအစဉ်ဖြင့် (၂၅-၄-၂၀၂၀) ရက်နေ့တွင် Close Contact များကို ရန်ကုန်မြို့ရှိ သတ်မှတ်ထားသော Facility quarantine သို့ ပို့ဆောင်၍ (၈)ဦးတို့ကို ဓါတ်ခွဲနမူနာရယူ၍စစ်ဆေးခဲ့ရာ (၂၆-၄-၂၀၂၀)ရက်နေ့ ဓါတ်ခွဲ အဖြေများအရ အဆိုပါ Close Contact (၈)ဦး၏ ဓါတ်ခွဲအဖြေ များတွင် COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်းသိရှိရပါသည်။ အတည်ပြုလူနာနေခဲ့သော အဆောင်ကို အသွားအလာ ကန့်သတ်၍ ပိုးသတ်သန့်စင်ဆေးဖျန်းခြင်း လုပ်ငန်းများ စနစ်တကျဆောင်ရွက်ခဲ့ပါသည်။
(၂၆-၄-၂၀၂၀)ရက်နေ့တွင် ၎င်းလူနာနေထိုင်သည့်အဆောင်ရှိ အခန်း(၁၇)ခန်းတွင် နေထိုင်သူ (၄၅)ဦးနှင့် အဆိုပါစက်ရုံမှနိုင်ငံခြားသားဝန်ထမ်း(၇၀)ဦးတို့အားလည်းကောင်း၊ (၂၇-၄-၂၀၂၀) ရက်နေ့ တွင် အခြားအနီးကပ်ထိတွေ့သူများထံမှ ဓာတ်ခွဲနမူနာယူ၍ လည်းကောင်း စောင့်ကြည့်သွားမည် ဖြစ်ပါသည်။
Read times
Rate this item
(0 votes)