What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 22 September 2021 17:45

မြန်မာနိုင်ငံအား COVID-19 မျိုးကွဲဗီဇအသစ်ဖြစ်ပွားရာဒေသအဖြစ် ဂျပန်နိုင်ငံက ပြောင်းလဲသတ်မှတ်

ဂျပန်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား အထူးစိုးရိမ်ဖွယ်ရာ COVID-19 မျိုးကွဲဗီဇအသစ်ဖြစ်ပွားရာဒေသအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံရှိ ဂျပန်သံရုံးက ထုတ်ပြန်ကြေငြာလိုက်သည်။

ဂျပန်နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သော စီမံချက်အရ အထူးစိုးရိမ်ဖွယ်ရာရှိသည့် COVID – 19 မျိုးကွဲဗီဇအသစ်ဖြစ်ပွားရာနိုင်ငံ၊ ဒေသ အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ရက်စွဲဖြင့်ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြချက်အရ သိရသည်။
ထိုကဲ့သို့ ပြောင်းလဲသတ်မှတ်လိုက်သော်လည်း ယနေ့မှစတင်၍ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ဝင်ရောက်လာသူများအား ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေးဌာန၏ဌာနမှူးက သတ်မှတ်သည့်နေရာ (ဟိုတယ်) တွင် သီးသန့်နေထိုင်စောင့်ကြည့်သည့်ကာလကို ယခင် ၆ ရက်ကြာမှ ၃ ရက်ကြာ (ပြည်ဝင်သည့်နေ့ မပါဝင်) သို့ လျော့ချလိုက်ကြောင်း သိရသည်။
ပြည်ဝင်ပြီးနောက် ၃ ရက်မြောက်နေ့ (ပြည်ဝင်သည့်နေ့ မပါဝင်ပါ) တွင် စစ်ဆေးသော PCR စစ်ဆေးမှုရလဒ်အရ COVID – 19 ကူးစက်ရောဂါကင်းစင်ကြောင်း တွေ့ရှိရပါက မိမိနေအိမ် စသည်တို့၌ ပြည်ဝင်သည့်နေ့၏ နောက်တစ်ရက်မှစတင်၍ ၁၄ ရက်ပြည့်သည်အထိ ဆက်လက်သီးသန့်နေထိုင်ရပါမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံသို့ ဝင်ရောက်လာသူများအား PCR စစ်ဆေးမှုခံယူပြီးနောက် ဟိုတယ်သို့ အထူးစီစဥ်ထားသည့်ဘတ်စ်ကားဖြင့် ပို့ဆောင်ပေးခြင်း၊ သီးသန့်စောင့်ကြည့်နေထိုင်သည့်ကာလ ပြီးဆုံးချိန်တွင် လေဆိပ်သို့ အထူးစီစဥ်ထားသည့် ဘတ်စ်ကားဖြင့် ပြန်လည်ပို့ဆောင်ခြင်းများနှင့် ဟိုတယ်တွင် တည်းခိုစရိတ်မှာအခမဲ့ (အစိုးရမှထောက်ပံ့ခြင်း) ဖြစ်ပြီး အစားအသောက် ထောက်ပံ့ပေးခြင်းများ စသည်တို့မှာ ယခင်သတ်မှတ်ချက်အတိုင်းပင်ဖြစ်ကြောင်း ဂျပန်သံရုံးက ထုတ်ပြန်ကြေငြာထားသည်။
ဧရာဝတီတိုင်းမ်

Read times Last modified on Wednesday, 22 September 2021 17:51
Rate this item
(0 votes)