What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 04 December 2021 11:06

စစ်တွေ နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းမှာ သင်္ဘောသားတချို့မှာ ကိုဗစ်ပိုးတွေ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေလုပ်ကိုင်နေကြတဲ့ စစ်တွေ နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းကို ရောက်ရှိနေတဲ့ ရေယာဉ်နှစ်စင်းက သင်္ဘောသား ၉ ဦးမှာ ကိုဗစ် ၁၉ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။

အဲဒီပိုးကူးစက်ခံထားကြောင်း စစ်ဆေးတွေ့ရှိထားသူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်စည်နဲ့ ရေချိုငါးတွေပို့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာနောက်ဆုံးပတ်က ပြန်ဝင်လာတဲ့သင်္ဘောတွေက သင်္ဘောသားတွေ ဖြစ်ကြပါတယ်။

တစ်ဖက်နိုင်ငံကနေ ပြန်ဝင်လာကြတဲ့ရေယာဉ်တွေကို ကမ်းကပ်ခွင့်မပြုဘဲ စစ်တွေမြို့ရွှေမင်းဂံ ကုန်သွယ်ရေးစခန်း အနီး ရေထဲမှာ ၁၀ ရက်ခန့် သီးသန့်အသွားအလာ ကန့်သတ်ထားရှိပါတယ်။

အဲဒီလိုကွာရန်တင်းဝင်နေကြတဲ့ ရေယာဉ်လုပ်သားတွေဆီကနေ နှာခေါင်းတို့ဖတ်တွေရယူပြီး နိုဝင်ဘာ ၃၀ ရက်နေ့က စစ်ဆေးတဲ့အခါမှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားသူတွေဟာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသားသူတွေဖြစ်ကြပြီး လတ်တလောမှာတော့ သူတို့ကိုးဦးကို စစ်တွေဆေးရုံကြီးမှာပဲ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

အဲ့ဒီလှေနှစ်စင်းအနက် နှစ်ဦးတွေ့တဲ့လှေဟာ ရခိုင်ဒေသခံလှေဖြစ်ပြီး ၇ ဦးတွေ့တဲ့လှေကတော့ ရန်ကုန်ကနေ ရေချိုငါးတွေ တင်ဆောင်လာခဲ့တဲ့လှေဖြစ်တယ်လို့ သိရပါတယ်။

ရေယာဉ်လုပ်သားတွေမှာ ကူးစက်ခံရတဲ့ အချက်အလက်တွေကို ကျန်းမာရေးဌာနက သုံးသပ်နေဆဲ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ကုန်သည်များအသင်း ဥက္ကဌ ဦးတင်အောင်ဦးက ပြောပါတယ်။


နိုဝင်ဘာလကုန်ပိုင်းလောက်ကစလို့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ပိုးကူးစက်ခံရမှုတွေ ပြန်လည်တွေ့ရှိလာခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတချို့မှာ အိုမီခရွန် မျိုးဗီဇသစ်တွေ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေတဲ့ကာလလည်း ဖြစ်တဲ့အတွက် ရခိုင်ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကိုသွားလာနေကြတဲ့ လေယာဉ်စီးခရီးသည်တွေကိုလည်း လေဆိပ်တွေမှာ စစ်ဆေးမှုနေပြီး အဲ့ဒီလူတွေဆီမှာလည်း အခုလိုမျိုး ပိုးကူးစက်ခံထားရသူတွေကို အခုရက်ပိုင်းအတွင်း တွေ့ရှိလာနေတယ်လို့ ပြည်နယ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

BBC

Read times Last modified on Saturday, 04 December 2021 11:13
Rate this item
(0 votes)