What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 September 2021 08:20

Pfizer ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံရန် အမေရိကန် FDA ကန့်သတ်ချက်ဖြင့် ခွင့်ပြု

Pfizer-BioNTech COVID-19 Vaccine ကိုဗစ်ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့်ကို အမေရိကန် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာန(FDA)က

စက်တင်ဘာ ၂၂ ရက်တွင် ပြင်ဆင်ခဲ့ရာ သက်ကြီးရွယ်အိုနှင့်ကူးစက်မှုအန္တရာယ်များလူအုပ်စုများအား Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေး ဒုတိယတစ်လုံးထိုးနှံပြီး အနည်းဆုံး ၆ လကြာတွင် အားဖြည့်ကာကွယ်ဆေးထပ်ထိုးရန် ခွင့်ပြု ခဲ့သည်။

သက်ကြီးရွယ်အိုဟုဆိုရာတွင် အသက် ၆၅ နှစ်နှင့်အထက် လူအုပ်များကို ရည်ညွှန်းခြင်းဖြစ်ပြီး ကူးစက်မှုအန္တရာယ်များလူအုပ်စုဆိုသည်မှာ အသက် ၁၈ နှစ်မှ ၆၄ နှစ်အတွင်း ကိုဗစ်ရောဂါ ပြင်းထန်နိုင်သည့် လူအုပ်စုနှင့် အလုပ်သဘောအရ ကူးစက်မှုများနိုင်သည့် လူအုပ်စုစသည်တို့ကို ဆိုလိုခြင်းဖြစ်ကြောင်း အမေရိကန် FDAက ဆိုသည်။
ဆေးဝါးကွပ်ကဲရေးဌာနအနေဖြင့် လက်ရှိ သိပ္ပံဆိုင်ရာအထောက်အထားများကို ဘက်စုံထည့်သွင်းစဉ်းစားပြီး သီးခြားပြင်ပပညာရှင်အဖွဲ့ ဖွဲ့စည်းထားသည့် အကြံပေးကော်မတီ၏စိစစ်မှုဖြင့် Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့်အား ပြင်ဆင်ခဲ့ရာ အထူးသတ်မှတ်ထားသည့် လူအုပ်စုံများဖြစ်သည့် ဆေးဝန်ထမ်း၊ ဆရာဆရာမနှင့်နေ့ထိန်းဝန်ထမ်း၊ ကုန်စုံဆိုင်ဝန်ထမ်းစသူတို့ကို အားဖြည့်ကာကွယ်ဆေး ထပ်မံထိုးနှံဖို့ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူး Janet Woodcock၏ ကြေညာချက်တွင် ဖော်ပြထားသည်။
Pfize ကိုဗစ်ကာကွယ်ဆေး အသုံးပြုခွင့်ကို အမေရိကန်ဆေးဝါးကွပ်ကဲရေးက ဩဂုတ် ၂၃ ရက်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ပထမဆုံးအမေရိကန်၌အသုံးပြုခွင့်ရသည့် ကိုဗစ်ကာကွယ်ဆေးဖြစ်ရာ အသက် ၁၆ နှစ်အထက်လူအုပ်စုများကို ထိုးနှံပေးရာတွင် အသုံးပြုခြင်းဖြစ်သည်။ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဩဂုတ် ၂၅ ရက်တွင် Pfizeကုမ္ပဏီ၏ထပ်မံဖြည့်စွက်သည့် အချက်အလက် စာရွက်စာတမ်းများ လက်ခံရရှိခဲ့ရာ Pfizeကိုဗစ်ကာကွယ်ဆေး ဒုတိယတစ်လုံး ထိုးနှံပြီးသည့် အသက်၁၆ နှစ်အထက် လူအုပ်စုများကို ၆ လအကြာတွင် အားဖြည့်ကာကွယ်ဆေး နောက်ထပ်တစ်လုံး ထိုးနှံရန်လျှောက်ထားခြင်း ဖြစ်သည်။
အားဖြည့်ကာကွယ်ဆေး ထပ်သုံးရန်အတွက် အမေရိကန် ဆေးဝါးကွပ်ကဲရေးဌာန၏ ကာကွယ်ဆေးနှင့်ဆက်စပ်သောဇီဝထုတ်ကုန်ပစ္စည်း အကြံပေးကော်မတီက စက်တင်ဘာ ၁၇ ရက်တွင် ဆွေးနွေးခဲ့ရာ အသက် ၆၅ နှစ်နှင့်အထက်လူအုပ်စုများနှင့် ကူးစက်မှုအန္တရာယ်မြင့်မားသည့် လူအုပ်စုများအား ကာကွယ်ဆေး ဒုတိယတစ်လုံးထိုးနှံပြီး ၆ လကာတွင် အားဖြည့်ကာကွယ်ဆေး ထပ်မံထိုးနှံကြရန် အကြံပြုခဲ့ကြောင်း သိရသည်။ သို့သော် ကော်မတီဝင်အများစုက အားဖြည့်ကာကွယ်ဆေးကို အသက် ၁၆ နှစ်နှင့်အထက်လူအုပ်စုတွင် အသုံးပြုခြင်းကို ကန့်ကွက်ခဲ့ကြပြီး အားဖြည့်ကာကွယ်ဆေး၏ လုံခြုံမှုနှင့် ရေရှည်ထိရောက်မှုဆိုင်ရာ ပိုမိုများပြားသည့် အချက်အလက်များ မြင်တွေ့လိုကြကြောင်း ဆိုသည်။
(Xinhua)

Read times
Rate this item
(0 votes)