What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 22 June 2020 16:32

ကိုရိုနာဗိုင်းရပ်စ်ကို Test Kit မှာ ဘယ်လိုစစ်သလဲ

ယခုဖော်ပြပေးတဲ့ ကိုရိုနာဗိုင်းရပ်စ် ကို ဘယ်လိုစစ်ရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး COVID-19 IgG/IgM Rapid Test Kit တွင် စစ်ဆေးပုံကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

သတိပြုရန်။ ။ ကိုရိုနာဗိုင်းရပ်စ် ဆေးစစ်ဆေးခြင်းနှင့် ပတ်သက်ပြီး Test Kit ပစ္စည်း အမျိုးအစား ပေါ်မှုတည်ပြီး ကွဲပြားချက်များ ရှိနိုင်ပါသည်။

 

COVID-19 ဘာကြောင့် စစ်ဆေးသင့်လဲ

ကိုဗစ် ကာလတွင် မိမိအနေနဲ့ ဆေးစစ်ချက်များ ရလာဒ်များက သင့်အတွက် အထောက်အကူဖြစ်စေနိုင်သလို သင့်မိသာစုနှင့် သင့်ပတ်ဝန်းကျင်ကို ကာကွယ်ရာ ရောက်ပါတယ်။

 

ဘယ်လို အချိန်မှာ ဆေးစစ်ဆေးသင့်လဲ

COVID-19 ရောဂါ လက္ခဏာများ ဖြစ်ပေါ်လာလျှင် ဒါမှမဟုတ် ကိုဗစ်လူနာများနှင့် ပတ်သက်မှု ရှိခဲ့ ဒါမှမဟုတ် ကိုဗစ် ဖြစ်ပွားမှု အများဆုံးနိုင်ငံမှ ပြန်လာခဲ့လျှင် ကိုဗစ်နှင့် ပတ်သက်‌ပြီး ဆေးစစ်ဆေးချက်များ ပြုလုပ်သင့်ပါတယ်။

 

Test Kit အသုံးပြုပုံ

Test Kit ကို အခန်းအပူချိန် (၁၅-၂၅'C, ၅၉-၇၇'F) တွင် ထားရှိရမည်။

 

လက်နှစ်ဖက်ကို ဆပ်ပြာဖြင့် သန့်စင်အောင် သေချာဆေးကြောပေးပါ။

 

Test Kit တွင်ပေးထားသော အပ်ပို အသုံးပြု၍ လက်ထိပ်ကို ဖောက်ပါ။

 

ပထမဦးဆုံး ထွက်ရှိလာသော သွေးစက်ကို စက္ကူပုဝါ သို့မဟုတ် သန့်စင်သော ဂွမ်းတို့ ဖြင့် သုတ်ပါ။

 

သွေးစက်များ ထက်ထွက်ဖို့အတွက် လက်ချောင်းထိပ်ကို ညင်ညင်သာသာ ဖိနှိပ်ပေးပါ။

 

Test Kit တွင်ပါဝင်သော pipette ကို အသုံးပြု၍ သွေးအစက်များကို ဆေးစစ်တံ၏ သွေးခံအပေါက်ငယ်သို့ တည့်တည့်မတ်မတ်ထည့်ပါ။

 

သွေးစက်များထည့်ပြီး buffer သုံးစက် ထက်ထည့်ပါ။

 

အချိန် ၁၀ မိနစ် ထက်စောင့်ပါ။

 

ထိုနောက် သင့်ရဲ့ သွေးအဖြေရလာဒ်ကို သိရှိနိုင်ပြီး ဖြစ်ပါတယ်။

 

Coronavirus Test ဘယ်လို အလုပ်လုပ်သလဲ။

COVID-19 Rapid Test Kit က လူသွေး ၊ သွေးရည်ကြည်နှင့် ပလစ်မာ နမူနာတွေက SARS-CoV-2 ဒါမှမဟုတ် IgM နှင့် IgG တို့က antibodies နှင့် ပူပေါင်းပြီး immunochromatographic assay သို့ဖြစ်ပေါ်စေပါတယ်။

 

ဒါ့အပြင် ဒီစက်ငယ်လေးထဲမှာ SARS-CoV-2/COVID-19 ကနေ antigens များပါဝင်လာပြီး nanoparticles နဲ့ conjugation တို့က antibodies မှာ လာပြီးစုဆောင်းပါတယ်။ ထိုနောက် IgM နှင့် IgM ကို ဆန့်ကျင်သော ဇီဝပြောင်းလဲမှုများ သက်ဆိုင်ရာအလိုက် အုပ်စုကွဲပြီး မျိုးတူများ စုဆောင်းသွားပြီး Test Kit တွင် အရောင်လိုင်းများ ဖြစ်ပေါ်လာစေခြင်း ဖြစ်ပါတယ်။

 

ရလာဒ်ကို ဘယ်လိုမြန်မြန်ရနိုင်သလဲ

အနည်းဆုံး ၁၅ မိနစ်ခန့်အတွင်း ရရှိနိုင်ပါတယ်။

 

Covid-19 ရလာဒ် ကို Positive နှင့် Negitive ဖြစ်ပုံနှင့် တကွ ဖော်ပြပေးလိုက်ပါတယ်။

#1 IgM/IgG Positive

 

#2 IgG Positive

 

#3 IgM Positive

 

#4 IgM/IgG Negative

 

#5 Test Failure

 

#6 Test Failure

 

#7 Test Failure

 

#8 Test Failure

 

Translated By Health Products Directory

Ref: Abbexa

Read times
Rate this item
(1 Vote)