What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 05 October 2021 23:01

မြန်မာနိုင်ငံတွင် အောက်တိုဘာ ၂ ရက်အထိ COVID-19 ကာကွယ်ဆေးအကြိမ်ရေ ၁၂ သန်းကျော် ထိုးနှံပြီးစီး

မြန်မာနိုင်ငံ၌ အောက်တိုဘာ ၂ ရက်အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၁၂ သန်းကျော် ထိုးနှံပြီးစီးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အောက်တိုဘာ ၂ ရက်အထိ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသည့် လူဦးရေ ၃၈၇၂၉၅၆ (၃ ဒသမ ၈၇၂ သန်း)၊တစ်ကြိမ်ထိုးနှံပြီးစီးသည့် လူဦးရေ ၄၅၁၇၇၉၀ ဦး(၄ ဒသမ ၅၁၇ သန်း) ၊ထိုးနှံပြီးစီးသည့် လူဦးရေ စုစုပေါင်း ၈၃၉၀၇၄၆ဦး(၈ ဒသမ ၃၉၀ သန်း) နှင့် ကာကွယ်ဆေး အကြိမ်ရေစုစုပေါင်း ၁၂ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm ကာကွယ်ဆေး ၂၄ သန်းစာ စာချုပ်ချုပ်ဆိုဝယ်ယူထားပြီး ကာကွယ်ဆေးများ ရောက်ရှိလာပါက လူဦးရေ ၁၂ သန်းကို ယခုနှစ်အတွင်းထိုးနှံပေးမည်ဖြစ်ပြီး အသက် ၄၀ မှ ၆၄ နှစ်အတွင်း လူအုပ်စုများ ပါဝင်မည်ဖြစ်သည်။

ထိုသို့ ဝယ်ယူချုပ်ဆိုထားသည့် ၂၄ သန်းအနက် ကာကွယ်ဆေးစုစုပေါင်း ၁၂ သန်း မြန်မာနိုင်ငံသို့ ရောက်ရှိပြီးဖြစ်သည်။

လက်ရှိထိုးနှံပေးနေသည့် ကာကွယ်ဆေးများသည် တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေး Sinopharm နှင့် Sinovac ကာကွယ်ဆေးနှစ်မျိုးသည် WHO အရေးပေါ် အသုံးပြုခွင့်ပေးထားသော ကာကွယ်ဆေး အမျိုးအစားများ ဖြစ်သည်။

ထို့ပြင် ကာကွယ်ဆေးများကို များများနှင့်မြန်မြန် ထိုးနှံပေးနိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးများရရှိရန် ဆက်လက်ညှိနှိုင်းဝယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိထိုးနှံနိုင်မှုသည် ကာကွယ်ဆေးထိုးရမည့် ရည်မှန်းဦးရေ အသက် ၁၈ နှစ်အထက် ၃၆ ဒသမ ၉ သန်းရှိပြီး ယင်း ၃၆ ဒသမ ၉ သန်းတွင် တစ်ကြိမ်ထိုးပြီး၊ နှစ်ကြိမ်ထိုးပြီး ထိုးနှံပြီးသည့် လူဦးရေ ၈ ဒသမ ၂၆၄ သန်းရှိကာ ထိုးနှံပြီးစီးသည့် ရာခိုင်နှုန်းအနေဖြင့် ၁၅ ရာခိုင်နှုန်းခန့်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် စက်တင်ဘာ ၁၄ ရက်မှစ၍ ဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ COVID-19 ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။ ယင်းသို့ ထပ်မံတိုးချဲ့ထိုးနှံရာတွင် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူလူထု၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုင်များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထု၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို ထိုးနှံပေးလျက်ရှိသည်။

Source: news-eleven.com

Read times
Rate this item
(0 votes)